Wednesday, January 20, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့  (၃)

နောက်တစ်နေ့ အိပ်ယာထတော့  ကျီးကန်းပါးစပ်နဲ့  ကျောက်ထပ်ကြီးကိုသွားတယ်။ ခြေထောက်ကနာမြဲနာနေတော့  ကျောက်ထပ်ကြီးကလည်းပြန်ရော ငိုတောင်ငိုရတယ်။ နောက်နေ့ ဆိုပြန်ရတော့ မယ်ဆိုပြီး လျှောက်သွားတာ ကိုယ့် ဟာကို တော်တော်ခံရတာ မသိဘူးဖြစ်နေတာလေ။ အဲလိုနဲ့ ညပြန်ရောက်ရော ပါလာတဲ့ ထဲက တစ်ယောက်က မပြန်ချင်သေးပါဘူးဆိုပြီး ထဖောက်ပါရော။ သူကမပြန်ချင်ပေမယ့် ကိုယ်တွေမှာက ပိုက်ဆံက မလောက်တော့ ပါဘူး၊ပြီးတော့  အပြန်ကားလက်မှတ်ကလည်း ကြိုဖြတ်ထားရတာ ဆိုတော့  ဘယ်လိုလုပ်ကြမလဲဆိုပြီး ခေါင်းချင်းရိုက်ပြီး တိုင်ပင်ရပါပြီ။ ဒါနဲ့  အဲဒီ့ သူငယ်ချင်းကပဲ ပိုက်ဆံကလည်း သူ့ မှာရှိသေးကြောင်း နောက်ပြီး ကားကိုလည်း သူပဲကြည့် စီစဉ်ပေးမယ် ပြောတာနဲ့  အဲဒီ့ မှာ ၂ ရက်လောက်ဆက်နေဖြစ်ပါတယ်။


အဲဒီ့ ၂ရက်မှာ သွားခဲ့ တဲ့  နေရာတွေက တော့  အစုံပါပဲ။ အမှတ်အရဆုံးဖြစ်နေတာကတော့  စွန်တောင်သွားတဲ့  လမ်းခရီးလေးပါ။ ကျိုက်ထီးရိုး ဘုရားကြီး ရဲ့  ပါဝင်တဲ့  တောင်တွေထဲမှာ အစွန်ဆုံး တောင်ဖြစ်လို့ စွန်တောင်လို့ ခေါ်တာပါလို့  သူငယ်ချင်းကပြောပါတယ်။ အဲဒီ့ သူငယ်ချင်းက တစ်ခေါက်ရောက်ဘူးတော့  အဲဒီ့  ကိုသွားတဲ့  လမ်းခရီး ကအလွန်လှကြောင်းပြောပါတယ်။ ဒါနဲ့ သွားချင်တယ်ဆိုတော့  ကျမရဲ့ ခြေထောက်အခြေအနေ ကိုစိုးရိမ်ကြပါတယ်။


အဲဒီ့ နေ့ မနက်က အိပ်ယာက နောက်ကျမှထဖြစ်ကြလို့  နေ့ လည်စာနဲ့  မနက်စာကိုပေါင်းစားလိုက်ရတာကိုတော့ မှတ်မိနေပါတယ်။ အဲဒီ့ အပြင် ကျမက ဖျားပါဖျားနေပါတယ်။ ခရီးသွားရင်းအဲလိုဖြစ်ဘူးတာ အဲဒီ့ တစ်ခါတည်းပါပဲ။ အဲလိုနဲ့  သွားရင်ကောင်းမလား မသွားရင်ကောင်း မလားစဉ်းစားရင်းနဲ့  သွားဖြစ်သွားပါတယ်။ စွန်တောင်ကိုက ရသေ့ တောင်ကိုပြန်ဆင်းပြီး အဲဒီ့ ကနေမှ တောင်တစ်တောင်ကို ထပ်တက်ရတာပါ။ အဲဒီ့ တော့ ရသေ့ တောင်ကို ပြန်ဆင်းရပါပြီ။


ကျမတို့ တွေက ရသေ့ တောင်ကို ကားလမ်းက မဆင်းပဲ တောလမ်းကဆင်းဖြစ်ပါတယ်။ အဲဒီ့ တောလမ်းက လမ်းတော့ ဖြစ်နေပါတယ်။ ဒါပေမယ့်  အသွားအလာ သိပ်မလုပ်ကြပါဘူး။ ဘုရားဖူးတွေ အကုန်လုံးက ရသေ့ တောင်ကို ကားလမ်းကပဲ ဆင်းကြတာ များပါတယ်။ ကျမတို့ လည်း အဲလိုပဲ ဆင်းမယ်ဆိုပြီးတော့ လာကြတာပါ။ ဒါပေမယ့်  တစ်နေရာမှာ ရသေ့ တောင်သို့  လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးတစ်ခုကိုတွေ့ တာနဲ့  ဆင်းကြည့် မယ်ဆိုပြီး ဆင်းကြတာပါ။


ကျမတို့  သွားတဲ့ အချိန်က နေ့ လည်လောက်ဖြစ်နေတဲ့  အတွက် နေကလည်းတော်တော်ပူနေတာကြောင့် တောလမ်းခရီးကိုရွေးလိုက်တာလည်းပါပါတယ်။ အဲဒီ့ လမ်းခရီး တစ်လျှောက်လုံး ကျမတို့  လူစုပဲရှိပါတယ်။ အကုန်လုံးသွားပြီးတော့ မှ လမ်းမှာဘယ်သူမှ မရှိတာရယ် လမ်းမှားမှာ ကြောက်တာရယ်နဲ့  တစ်ယောက်နဲ့ တစ်ယောက်မျက်ခြေမပျက်အောင် ကြည့် ပြီးသွားနေရပါတယ်။ သွားချင်တဲ့ စိတ်က ပြင်းပျနေလို့ လားတော့ မသိပါဘူး၊ကျမရဲ့  နေမကောင်းဖြစ်တာတွေ ဘယ်ရောက်နေမှန်းတောင်မသိပါဘူး၊ ဒူးခေါင်းနာတာလည်း တစ်ဖြည်းဖြည်း ပျောက်စပြုနေပါတယ်။


ရသေ့  တောင်ရောက်ပြီး စွန်တောင်ဘက်သွားတဲ့ လမ်းကို ဆက်လျှောက်ရပါပြီ။ သွားရတာတော့ တော်တော် လေးဝေးပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တော်တော်လေးကိုလှပါတယ်။ ရူ့ ခင်းအလှလေးတွေကြည့် ရင်းဓာတ်ပုံတွေရိုက်ရင်းနဲ့  လျှောက်လာလိုက်တာ စွန်တောင် ဘုန်းကြီးကျောင်းကိုရောက်ပါပြီ။


အဲဒီ့ ဘုန်းကြီးကျောင်းက လာသမျှ ဘုရားဖူးတွေကို ထမင်းကျွေးပါတယ်။ ကိုယ်တွေလည်းတောင်ပေါ်ရောက်ရော ထမင်းရော ဟင်းရောအဆင်သင့် နဲ့ ဘုန်းဘုန်းတွေက စောင့် နေတာပါ။ ကိုယ်တွေလည်း တစ်အံ့ တစ်သြဖြစ် နေတော့  ဘုန်းဘုန်းက ဘုန်းဘုန်းတို့ ကျောင်းကနေလှမ်းကြည့် ရင် ဒီကို ဘယ်သူတွေ လာနေတယ်ဆိုတာ အကုန်မြင်ရတယ်တဲ့ ၊ ကျမတို့ လာနေတာကိုမြင်တော့ မှ ထမင်းချက်ထားတာပါတဲ့ ၊ ကျမတို့ အဲဒီ့ ကိုရောက်တော့  ညနေစောင်းနေပါပြီ။ ရောက်လာတာနောက်ကျကြောင်းလည်းပြောပါတယ်။


အဲဒီ့ မှာမောမောနဲ့ ထမင်းစားပြီး ကိုယ်စားသမျှရော ကျောင်းက ရှိသမျှ ပန်းကန်တွေကို ဆေးပြီး ကုသိုလ်ယူခဲ့ သေးတယ်။ သန်းရှင်းရေးတွေဘာတွေလုပ်ပြီး တောင်ပေါ်မှာ လျှောက်လေ့ လာပါတယ်။ ရူ့ ခင်းတွေက အလွန်လှပြီးတော့  တောင်ပေါ်ကကြည့် လိုက်ရင် ကင်မွန်းစခန်းကို လှမ်းမြင်နေရပါတယ်။ ကားလမ်းတွေကိုလည်း လှမ်းပြီးမြင်နေရတာ တကယ်ကို ရူ့ မငြီးနိုင်အောင်ပါပဲ။ ဘုန်းဘုန်းကမိန့် တယ်၊ဘုန်းဘုန်းတို့ ဆို တောင်အောက်ကိုဆင်းချင်ရင် အဲဒီ့ တောလမ်းအတိုင်း ကင်မွန်းစခန်းကို ဆင်းတာပါတဲ့ ။ ဒီလောက်မတ်တဲ့  လမ်းလဲလုံးဝမရှိတဲ့ တောလမ်းခရီးကို ဘုန်းဘုန်းတို့ ဘယ်လိုများ အသုံးပြုပါသလဲလို့  စဉ်းစားစရာပါပဲ ။


စွန်တောင် ကိုအဲဒီ့ နေ့ ကရောက်တဲ့ ထဲမှာ ကိုယ်တွေ ကနောက်ဆုံးပါ။ တောင်ပေါ်ကပြန်ဆင်းတော့  ညနေ ၅နာရီကျော်နေပါပြီ။ ပြန်ဆင်းလာရင်းနဲ့ လမ်းကတစ်ဖြည်းဖြည်းမှောင်လာပါတယ်။ ကိုယ်တွေလဲကြောက်လို့ အမြန်လျှောက်လာလိုက်တာ၊ကိုယ်တွေရဲ့ ပြန်လာတဲ့ လမ်းတစ်လျှောက်ကို ခွေလေးတစ်ကောင်နောက်ကနေ လိုက်လာပါတယ်။ ဘယ်လိုမောင်းထုတ်ထုတ် မပြန်ပါဘူး၊ အဲဒါနဲ့  မောင်းမထုတ်တော့ ပဲ နောက်ကိုတောင် လှည့်  မကြည့် ရဲတော့ ဘဲ တစ်ချိုးတည်း ပြေးတာပါပဲ။


ရသေ့ တောင်နားရောက်ခံနီးတော့ မှ သိရတာက အဲဒီ့ ခွေးလေးက ဘုန်းဘုန်းတို့ မွေးထားတဲ့  ခွေးလေးဖြစ်နေပါတယ်။ အဲဒီ့ ခွေးလေးရဲ့ နောက်ကနေ ဘုန်းဘုန်းလိုက်လာတာလဲ၊ ကျမတို့ မမြင်ပါဘူး။ တောင်အောက်ရောက်ခံနီးမှ ဘုန်းဘုန်းနဲ့ အတူ အဲဒီ့ ခွေးလေး ကိုတွေ့ လိုက်လို့  သိရတာပါ။ ဘုန်းဘုန်းကတော့  အပြန်မှာ မှောင်ပြီး လမ်းပျောက်မှာစိုးလို့  အဖော်ထည့် ပေးလိုက်တာလေတဲ့ ။ ရသေ့ တောင်ကိုမြင်ရတော့ မှ ကဲ သွားကြတော့ သွားကြတော့  ဆိုပြီး ကျန်နေခဲ့ ပါတယ်။ ကိုယ်တွေလည်း ဘုန်းဘုန်းကို ဦးချပြီး ပြန်လာခဲ့ ပါတယ်။ ကိုယ်တွေ မနည်းဆင်းလာရတဲ့ လမ်းခရီးကို ဘုန်းဘုန်းဘယ်လိုများ ဒီလောက်မြန်အောင် ဆင်းလာပါလိမ့် လို့  တွေးနေမိပါတယ်။


ရသေ့ တောင်ကနေ ကားနဲ့ ပဲ တောင်ပေါ်ကိုပြန်တက်လာခဲ့ ကြပါတယ်။ တည်းတဲ့ ထမင်းဆိုင်လည်းရောက်ရော ဆိုင်ကလူတွေက ကိုယ်တွေကိုစိတ်ပူနေတာပါတဲ့ ။ ဘာလို့ လဲဆိုရင် သွားတဲ့ အချိန်က အရမ်းနောက်ကြနေပြီး ပြန်လာရင် အခက်အခဲကြုံနေမှာစိုးလို့ လို့ ပဲပြောပါတယ်။ ကိုယ်တွေကတော့  ဘာအခက်အခဲမှ မရှိပဲနဲ့ ပြန်ရောက်လာခဲ့ ပါတယ်။ ထူးဆန်းတာကတော့  ကျမရဲ့  ဒူးခေါင်းနာတာကော ဖျားတာပါ လုံးဝကိုပျောက်သွားတာပါ။ နောက်နေ့ မနက်မှာပြန်တော့ မှာဖြစ်သည့် အတွက် အဲဒီ့ ညကစောစော အိပ်ပြီး မနက်ကို အာရုံဆွမ်းထကပ်ပြီး ပြန်ဖို့ ကိုပြင်ဆင်ပြီး တောင်အောက်ကို ကားထွက်ချိန်အမှီပြေးရပါပြီ၊ ဘာလို့ လဲဆို ကားလက်မှတ်ကို ကြိုတင်လုပ်မထားလေတော့ သူများတွေထက်တော့  ပိုပြီးတော့ စိတ်ညစ်ရပါတယ်။ ကြုံရာကားလက်မှတ်ကိုဝယ်ပြီးတော့ ရန်ကုန် ကိုပြန်လာကြရပါတယ်။


ဘာပဲဖြစ်ဖြစ် တစ်သက်မှာ အဲဒီ့ တစ်ခါပဲ ကျိုက်ထီးရိုးမှာ ရက်အကြာဆုံးနေခဲ့ ရသည့် အပြင် စွန်တောင်ကိုလည်း အဲဒီ့ တစ်ခေါက်ပဲရောက်ဖြစ်တော့ သည်။ နောက်ပိုင်းသွားခဲ့ သော်လည်း စွန်တောင်သို့ မရောက်ဖြစ်တော့ ပါ။ ကျမတို့ ကျိုက်ထီးရိုးမှ ပြန်ရောက်ပြီး ၁ ပတ် ၂ ပတ် လောက်အကြာမှာ ကျိုက်ထီးရိုးတောင်ကြီး မီးလောင်ပါရောလား။ ကံကောင်းလို့  လွတ်သွားသည်လေ။ ခရီးစထွက်သည့် ရက်များနောက်ကြလျှင် ပါလောက်ပြီ၊ ဒါဆို မလေးရှားလည်း မရောက်နိုင်တော့ ပြီ၊ blog မှာလဲ စာမရေးနိုင်တော့ ပြီလေ။ အဲဒါကြောင့် အဲဒီ့  ခရီးစဉ်လေးကို အမှတ်ရနေသည်ဆိုရင်လည်းမမှားပေ။ ထို့ ကြောင့်  အမှတ်တရပုံရိပ်လေးတွေထဲက ပုံရိပ်လေးတစ်ချို့  အဖြစ် တင်ပြခြင်းဖြစ်ပါသည်။

2 comments:

  1. ပြန်သွားချင်သေးတယ်...
    ဘလော့ပေါ်က သူငယ်ချင်းတွေ အားလုံးကို စုပြီး အတူတက်ရရင် ပျော်စရာကြီးနေမှာနော်...

းဝ)

    ReplyDelete
  2. ခရီးသွားရတာ ဘကျောက်ကတော့ပျော်တယ်

    ReplyDelete