Saturday, January 30, 2010

ကျိန်စာသင့် နှလုံးသား

ဟိုးတစ်နေ့ က ဂစ်တာလေးပေါ်မှာ ပြေးဆော့ နေတဲ့  သူ့ ရဲ့  လက်လေးတွေကို သတိရနေမိတယ်။ သတိရဖို့  မကောင်းတော့ တဲ့  အခြေအနေဆိုတာကို သိနေပေမယ့်  တစ်ခါတစ်လေတော့ လည်း သူ့ ကိုလွမ်းနေမိတယ်။ သေချာတာကတော့  သူ့ ကို မေ့ လို့ မရသေးဘူး။ သူ့ ကို သိပ်ချစ်ခဲ့ မိတယ်ဆိုတာ သူတစ်ကယ် ကိုယ့် ကိုထားခဲ့ တော့ မယ် ဆိုတာသိတော့ မှ ကိုယ့် စိတ်ကို သိတော့ တယ်။ တစ်ကယ်ဆို စိုင်းစိုင်း သီချင်းထဲကလို စဖြတ်ခဲ့ တာက ကိုယ်ပြီးတော့  အပြင်းအထန်ခံစားနေရတာကလည်းကိုယ်။ အချိန်တွေလည်း တော်တော်တော့ ကြာနေခဲ့ ပါပြီ။ ခံစားနေရဆဲပါပဲ… သူ့ နဲ့ ဇာတ်လမ်းပြီးသွားတော့ မှ သူ့ ရဲ့  MTV မှာ သူနဲ့ ကိုယ့် ရဲ့  ချစ်အထိမ်းအမှတ်အဖြစ် သူလုပ်ပေးထားတဲ့  လက်စွပ်လေးကို ဝတ်ထားပြီး ဂစ်တာတီးနေတဲ့ သူ့ ပုံရိပ်ကို အတင်းလိုက်ဖမ်းနေမိတယ့် စိတ်ကို ဘယ်လို ထိမ်းချူပ်ရမလဲ။ စိတ်ဓာတ်ကျတဲ့ အချိန်ဆို သူ့ ကိုသတိရနေဆဲပါ… သူကတော့  ဘဝသစ်၊ အချစ်သစ်နဲ့  ပျော်နေမယ်ဆိုတာကိုသိပါတယ်။ ကိုယ်ကတော့  အချစ်မှာ ကျိန်စာသင့် ထားသလို အခုထိ အစဉ်မပြေဖြစ်နေဆဲပါ… သူ့ အပေါ်မှာ စိမ်းကားမိတဲ့  ကိုယ့် ရဲ့  အပြစ်တွေကို ဆေးကြောလို့  မပြီးနိုင်သေးပါဘူး။ အချစ်ကို ရင်မဆိုင်ရဲလောက်အောင်ကို ကြောက်နေရတယ်။ ဒါပေမယ့်  မချစ်ချင်ပါဘူးဆို အဲဒီ့  အချစ်ဆိုတာကလည်း ရောက်ရောက်လာတယ်။ ရှောင်ရတာလည်းမောတယ်.. ရှားရတာလည်းမောတယ်… ဟူး… အခုရေးနေရင်းတောင် မောလာပါလားနော်… သူ့ လောက်ကိုယ့် အပေါ်ချစ်တဲ့ သူမရှိတာလား။ သူ့ လောက်ကိုယ်ဘယ်သူမှကို မချစ်နိုင်တော့ တာလား… ဘာပဲဖြစ်ဖြစ် သူ့ ကိုမေ့ ပြစ်လိုက်ဖို့ ကတော့  အသေအချာပဲလေ…. ကြိုးစားနေဆဲပါ ချစ်သူ…..

Saturday, January 23, 2010

အချစ်စစ်ဆိုတာ စကားလုံးတွေ မလိုဘူး

ရီမိုးတို့ များ လက်ဆော့ ပြီး gtalk ပေါ်မှာ “ အချစ်စစ်ဆိုတာ စကားလုံးတွေ မလိုဘူး” လို့ ရေးထား လိုက်မိတာ အွန်လိုင်းပေါ်က သူငယ်ချင်းတွေက ဟုတ်လား၊ တကယ်လား နဲ့ လာလာ မေးကြတာ အမြဲပြန်ရှင်းရှင်းပြနေရတယ်။ တစ်ချို့ ကြတော့ လည်း စကားလုံးတွေမလိုဘူးဆို ကိုယ်ချစ်နေတာ ဘယ်သိတော့ မလဲတဲ့ ။


ဟုတ်ပါတယ်၊ သူပြောတာလည်း၊ ကိုယ်ကမှချစ်တယ်မပြောရင် သူဘယ်သိတော့ မလဲနော်။ ကိုယ်ပြောချင်တာကလည်း ဘာစကားတစ်ခွန်းမှ မပြောပဲ ဒီတိုင်းထိုင်ချစ်ပြခိုင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြောသင့် တဲ့ စကားကို ပြောပြီး အပြောနဲ့  အလုပ်နဲ့  ညီတာကို ပြောချင်တာ။ တစ်ချို့ ကြတော့  ပါးစပ်ကတော့  ချစ်နေလိုက်တာ၊ လုပ်ရပ်တွေကကြတော့  ကိုယ့် ချစ်သူ ကိုအမြဲ စိတ်ဆင်းရဲစေမယ် ဆိုရင် အဲဒါ တကယ်ချစ်တယ်ဆိုတာ ဟုတ်ပါ့မလား။ တကယ်ချစ်ပြီ ဆိုရင် စကားလုံးတွေထက် အမူအရာ တွေကပိုပြီး သက်သေပြနိုင်မယ်လို့ ထင်တယ်လေ။ အဲဒါကြောင့် လည်း အဲလို မျိုးလေးရေးထားမိတာ။


ခက်တာက အချစ်ဆိုတဲ့  အရာကို ဘယ်သူမှ သေချာသိတဲ့  အရာမဟုတ်တော့  ဘယ်သူမှ သေချာလည်း ရှင်းမပြနိုင်၊ ဒါပေမယ့်  မကြုံဘူး မဆုံဘူးတဲ့ သူလည်းမရှိဘူး။ ဘယ်သူမှလည်းသေချာ မပြောပြနိုင်ကြပြန်ဘူး။ လွယ်မလို ခက်တဲ့  အရာတစ်ခုဖြစ်နေတယ်။ အဲဒီ့ တော့ ရှင်းလေ ရူပ်လေနဲ့ ရီမိုးပြည့် တို့  အခုတစ်လော gtalk ပိတ်ထားရတဲ့  ဘဝကိုရောက်နေလေရဲ့ ။ စာကြောင်း အသစ်ပြောင်းရေးဖို့ တော့ လိုနေပြီပေါ့ ။ ဒီတစ်ခါတော့  ရှင်းပြရလွယ်တဲ့ စကားလုံး ပဲရွေးပြီးရေးရမယ်နဲ့ တူတယ်နော်...

Wednesday, January 20, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့  (၃)

နောက်တစ်နေ့ အိပ်ယာထတော့  ကျီးကန်းပါးစပ်နဲ့  ကျောက်ထပ်ကြီးကိုသွားတယ်။ ခြေထောက်ကနာမြဲနာနေတော့  ကျောက်ထပ်ကြီးကလည်းပြန်ရော ငိုတောင်ငိုရတယ်။ နောက်နေ့ ဆိုပြန်ရတော့ မယ်ဆိုပြီး လျှောက်သွားတာ ကိုယ့် ဟာကို တော်တော်ခံရတာ မသိဘူးဖြစ်နေတာလေ။ အဲလိုနဲ့ ညပြန်ရောက်ရော ပါလာတဲ့ ထဲက တစ်ယောက်က မပြန်ချင်သေးပါဘူးဆိုပြီး ထဖောက်ပါရော။ သူကမပြန်ချင်ပေမယ့် ကိုယ်တွေမှာက ပိုက်ဆံက မလောက်တော့ ပါဘူး၊ပြီးတော့  အပြန်ကားလက်မှတ်ကလည်း ကြိုဖြတ်ထားရတာ ဆိုတော့  ဘယ်လိုလုပ်ကြမလဲဆိုပြီး ခေါင်းချင်းရိုက်ပြီး တိုင်ပင်ရပါပြီ။ ဒါနဲ့  အဲဒီ့ သူငယ်ချင်းကပဲ ပိုက်ဆံကလည်း သူ့ မှာရှိသေးကြောင်း နောက်ပြီး ကားကိုလည်း သူပဲကြည့် စီစဉ်ပေးမယ် ပြောတာနဲ့  အဲဒီ့ မှာ ၂ ရက်လောက်ဆက်နေဖြစ်ပါတယ်။


အဲဒီ့ ၂ရက်မှာ သွားခဲ့ တဲ့  နေရာတွေက တော့  အစုံပါပဲ။ အမှတ်အရဆုံးဖြစ်နေတာကတော့  စွန်တောင်သွားတဲ့  လမ်းခရီးလေးပါ။ ကျိုက်ထီးရိုး ဘုရားကြီး ရဲ့  ပါဝင်တဲ့  တောင်တွေထဲမှာ အစွန်ဆုံး တောင်ဖြစ်လို့ စွန်တောင်လို့ ခေါ်တာပါလို့  သူငယ်ချင်းကပြောပါတယ်။ အဲဒီ့ သူငယ်ချင်းက တစ်ခေါက်ရောက်ဘူးတော့  အဲဒီ့  ကိုသွားတဲ့  လမ်းခရီး ကအလွန်လှကြောင်းပြောပါတယ်။ ဒါနဲ့ သွားချင်တယ်ဆိုတော့  ကျမရဲ့ ခြေထောက်အခြေအနေ ကိုစိုးရိမ်ကြပါတယ်။


အဲဒီ့ နေ့ မနက်က အိပ်ယာက နောက်ကျမှထဖြစ်ကြလို့  နေ့ လည်စာနဲ့  မနက်စာကိုပေါင်းစားလိုက်ရတာကိုတော့ မှတ်မိနေပါတယ်။ အဲဒီ့ အပြင် ကျမက ဖျားပါဖျားနေပါတယ်။ ခရီးသွားရင်းအဲလိုဖြစ်ဘူးတာ အဲဒီ့ တစ်ခါတည်းပါပဲ။ အဲလိုနဲ့  သွားရင်ကောင်းမလား မသွားရင်ကောင်း မလားစဉ်းစားရင်းနဲ့  သွားဖြစ်သွားပါတယ်။ စွန်တောင်ကိုက ရသေ့ တောင်ကိုပြန်ဆင်းပြီး အဲဒီ့ ကနေမှ တောင်တစ်တောင်ကို ထပ်တက်ရတာပါ။ အဲဒီ့ တော့ ရသေ့ တောင်ကို ပြန်ဆင်းရပါပြီ။


ကျမတို့ တွေက ရသေ့ တောင်ကို ကားလမ်းက မဆင်းပဲ တောလမ်းကဆင်းဖြစ်ပါတယ်။ အဲဒီ့ တောလမ်းက လမ်းတော့ ဖြစ်နေပါတယ်။ ဒါပေမယ့်  အသွားအလာ သိပ်မလုပ်ကြပါဘူး။ ဘုရားဖူးတွေ အကုန်လုံးက ရသေ့ တောင်ကို ကားလမ်းကပဲ ဆင်းကြတာ များပါတယ်။ ကျမတို့ လည်း အဲလိုပဲ ဆင်းမယ်ဆိုပြီးတော့ လာကြတာပါ။ ဒါပေမယ့်  တစ်နေရာမှာ ရသေ့ တောင်သို့  လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးတစ်ခုကိုတွေ့ တာနဲ့  ဆင်းကြည့် မယ်ဆိုပြီး ဆင်းကြတာပါ။


ကျမတို့  သွားတဲ့ အချိန်က နေ့ လည်လောက်ဖြစ်နေတဲ့  အတွက် နေကလည်းတော်တော်ပူနေတာကြောင့် တောလမ်းခရီးကိုရွေးလိုက်တာလည်းပါပါတယ်။ အဲဒီ့ လမ်းခရီး တစ်လျှောက်လုံး ကျမတို့  လူစုပဲရှိပါတယ်။ အကုန်လုံးသွားပြီးတော့ မှ လမ်းမှာဘယ်သူမှ မရှိတာရယ် လမ်းမှားမှာ ကြောက်တာရယ်နဲ့  တစ်ယောက်နဲ့ တစ်ယောက်မျက်ခြေမပျက်အောင် ကြည့် ပြီးသွားနေရပါတယ်။ သွားချင်တဲ့ စိတ်က ပြင်းပျနေလို့ လားတော့ မသိပါဘူး၊ကျမရဲ့  နေမကောင်းဖြစ်တာတွေ ဘယ်ရောက်နေမှန်းတောင်မသိပါဘူး၊ ဒူးခေါင်းနာတာလည်း တစ်ဖြည်းဖြည်း ပျောက်စပြုနေပါတယ်။


ရသေ့  တောင်ရောက်ပြီး စွန်တောင်ဘက်သွားတဲ့ လမ်းကို ဆက်လျှောက်ရပါပြီ။ သွားရတာတော့ တော်တော် လေးဝေးပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တော်တော်လေးကိုလှပါတယ်။ ရူ့ ခင်းအလှလေးတွေကြည့် ရင်းဓာတ်ပုံတွေရိုက်ရင်းနဲ့  လျှောက်လာလိုက်တာ စွန်တောင် ဘုန်းကြီးကျောင်းကိုရောက်ပါပြီ။


အဲဒီ့ ဘုန်းကြီးကျောင်းက လာသမျှ ဘုရားဖူးတွေကို ထမင်းကျွေးပါတယ်။ ကိုယ်တွေလည်းတောင်ပေါ်ရောက်ရော ထမင်းရော ဟင်းရောအဆင်သင့် နဲ့ ဘုန်းဘုန်းတွေက စောင့် နေတာပါ။ ကိုယ်တွေလည်း တစ်အံ့ တစ်သြဖြစ် နေတော့  ဘုန်းဘုန်းက ဘုန်းဘုန်းတို့ ကျောင်းကနေလှမ်းကြည့် ရင် ဒီကို ဘယ်သူတွေ လာနေတယ်ဆိုတာ အကုန်မြင်ရတယ်တဲ့ ၊ ကျမတို့ လာနေတာကိုမြင်တော့ မှ ထမင်းချက်ထားတာပါတဲ့ ၊ ကျမတို့ အဲဒီ့ ကိုရောက်တော့  ညနေစောင်းနေပါပြီ။ ရောက်လာတာနောက်ကျကြောင်းလည်းပြောပါတယ်။


အဲဒီ့ မှာမောမောနဲ့ ထမင်းစားပြီး ကိုယ်စားသမျှရော ကျောင်းက ရှိသမျှ ပန်းကန်တွေကို ဆေးပြီး ကုသိုလ်ယူခဲ့ သေးတယ်။ သန်းရှင်းရေးတွေဘာတွေလုပ်ပြီး တောင်ပေါ်မှာ လျှောက်လေ့ လာပါတယ်။ ရူ့ ခင်းတွေက အလွန်လှပြီးတော့  တောင်ပေါ်ကကြည့် လိုက်ရင် ကင်မွန်းစခန်းကို လှမ်းမြင်နေရပါတယ်။ ကားလမ်းတွေကိုလည်း လှမ်းပြီးမြင်နေရတာ တကယ်ကို ရူ့ မငြီးနိုင်အောင်ပါပဲ။ ဘုန်းဘုန်းကမိန့် တယ်၊ဘုန်းဘုန်းတို့ ဆို တောင်အောက်ကိုဆင်းချင်ရင် အဲဒီ့ တောလမ်းအတိုင်း ကင်မွန်းစခန်းကို ဆင်းတာပါတဲ့ ။ ဒီလောက်မတ်တဲ့  လမ်းလဲလုံးဝမရှိတဲ့ တောလမ်းခရီးကို ဘုန်းဘုန်းတို့ ဘယ်လိုများ အသုံးပြုပါသလဲလို့  စဉ်းစားစရာပါပဲ ။


စွန်တောင် ကိုအဲဒီ့ နေ့ ကရောက်တဲ့ ထဲမှာ ကိုယ်တွေ ကနောက်ဆုံးပါ။ တောင်ပေါ်ကပြန်ဆင်းတော့  ညနေ ၅နာရီကျော်နေပါပြီ။ ပြန်ဆင်းလာရင်းနဲ့ လမ်းကတစ်ဖြည်းဖြည်းမှောင်လာပါတယ်။ ကိုယ်တွေလဲကြောက်လို့ အမြန်လျှောက်လာလိုက်တာ၊ကိုယ်တွေရဲ့ ပြန်လာတဲ့ လမ်းတစ်လျှောက်ကို ခွေလေးတစ်ကောင်နောက်ကနေ လိုက်လာပါတယ်။ ဘယ်လိုမောင်းထုတ်ထုတ် မပြန်ပါဘူး၊ အဲဒါနဲ့  မောင်းမထုတ်တော့ ပဲ နောက်ကိုတောင် လှည့်  မကြည့် ရဲတော့ ဘဲ တစ်ချိုးတည်း ပြေးတာပါပဲ။


ရသေ့ တောင်နားရောက်ခံနီးတော့ မှ သိရတာက အဲဒီ့ ခွေးလေးက ဘုန်းဘုန်းတို့ မွေးထားတဲ့  ခွေးလေးဖြစ်နေပါတယ်။ အဲဒီ့ ခွေးလေးရဲ့ နောက်ကနေ ဘုန်းဘုန်းလိုက်လာတာလဲ၊ ကျမတို့ မမြင်ပါဘူး။ တောင်အောက်ရောက်ခံနီးမှ ဘုန်းဘုန်းနဲ့ အတူ အဲဒီ့ ခွေးလေး ကိုတွေ့ လိုက်လို့  သိရတာပါ။ ဘုန်းဘုန်းကတော့  အပြန်မှာ မှောင်ပြီး လမ်းပျောက်မှာစိုးလို့  အဖော်ထည့် ပေးလိုက်တာလေတဲ့ ။ ရသေ့ တောင်ကိုမြင်ရတော့ မှ ကဲ သွားကြတော့ သွားကြတော့  ဆိုပြီး ကျန်နေခဲ့ ပါတယ်။ ကိုယ်တွေလည်း ဘုန်းဘုန်းကို ဦးချပြီး ပြန်လာခဲ့ ပါတယ်။ ကိုယ်တွေ မနည်းဆင်းလာရတဲ့ လမ်းခရီးကို ဘုန်းဘုန်းဘယ်လိုများ ဒီလောက်မြန်အောင် ဆင်းလာပါလိမ့် လို့  တွေးနေမိပါတယ်။


ရသေ့ တောင်ကနေ ကားနဲ့ ပဲ တောင်ပေါ်ကိုပြန်တက်လာခဲ့ ကြပါတယ်။ တည်းတဲ့ ထမင်းဆိုင်လည်းရောက်ရော ဆိုင်ကလူတွေက ကိုယ်တွေကိုစိတ်ပူနေတာပါတဲ့ ။ ဘာလို့ လဲဆိုရင် သွားတဲ့ အချိန်က အရမ်းနောက်ကြနေပြီး ပြန်လာရင် အခက်အခဲကြုံနေမှာစိုးလို့ လို့ ပဲပြောပါတယ်။ ကိုယ်တွေကတော့  ဘာအခက်အခဲမှ မရှိပဲနဲ့ ပြန်ရောက်လာခဲ့ ပါတယ်။ ထူးဆန်းတာကတော့  ကျမရဲ့  ဒူးခေါင်းနာတာကော ဖျားတာပါ လုံးဝကိုပျောက်သွားတာပါ။ နောက်နေ့ မနက်မှာပြန်တော့ မှာဖြစ်သည့် အတွက် အဲဒီ့ ညကစောစော အိပ်ပြီး မနက်ကို အာရုံဆွမ်းထကပ်ပြီး ပြန်ဖို့ ကိုပြင်ဆင်ပြီး တောင်အောက်ကို ကားထွက်ချိန်အမှီပြေးရပါပြီ၊ ဘာလို့ လဲဆို ကားလက်မှတ်ကို ကြိုတင်လုပ်မထားလေတော့ သူများတွေထက်တော့  ပိုပြီးတော့ စိတ်ညစ်ရပါတယ်။ ကြုံရာကားလက်မှတ်ကိုဝယ်ပြီးတော့ ရန်ကုန် ကိုပြန်လာကြရပါတယ်။


ဘာပဲဖြစ်ဖြစ် တစ်သက်မှာ အဲဒီ့ တစ်ခါပဲ ကျိုက်ထီးရိုးမှာ ရက်အကြာဆုံးနေခဲ့ ရသည့် အပြင် စွန်တောင်ကိုလည်း အဲဒီ့ တစ်ခေါက်ပဲရောက်ဖြစ်တော့ သည်။ နောက်ပိုင်းသွားခဲ့ သော်လည်း စွန်တောင်သို့ မရောက်ဖြစ်တော့ ပါ။ ကျမတို့ ကျိုက်ထီးရိုးမှ ပြန်ရောက်ပြီး ၁ ပတ် ၂ ပတ် လောက်အကြာမှာ ကျိုက်ထီးရိုးတောင်ကြီး မီးလောင်ပါရောလား။ ကံကောင်းလို့  လွတ်သွားသည်လေ။ ခရီးစထွက်သည့် ရက်များနောက်ကြလျှင် ပါလောက်ပြီ၊ ဒါဆို မလေးရှားလည်း မရောက်နိုင်တော့ ပြီ၊ blog မှာလဲ စာမရေးနိုင်တော့ ပြီလေ။ အဲဒါကြောင့် အဲဒီ့  ခရီးစဉ်လေးကို အမှတ်ရနေသည်ဆိုရင်လည်းမမှားပေ။ ထို့ ကြောင့်  အမှတ်တရပုံရိပ်လေးတွေထဲက ပုံရိပ်လေးတစ်ချို့  အဖြစ် တင်ပြခြင်းဖြစ်ပါသည်။

Friday, January 15, 2010

အကူအညီတောင်းခံလွှာ

ရီမိုးကို စာရေးပါ၊ စာရေးပါ နဲ့  အမြဲတိုက်တွန်းတဲ့ သူတွေကို ဒီအတောအတွင်း အလွန် အားနာနေရပါတယ်။ ဘာလို့ လဲဆို စိတ်ကို ဘယ်လိုမှကိုမစုစည်းနိုင်လို့ ပါ။


ရီမိုး ရဲ့ စိတ်ကို အနှောင့် အယှက်ပေးနေတဲ့ သူကတော့  ရီမိုး တို့ ရဲ့  ချစ်လှစွာသော agent ကြီးပါ။ ချစ်လှစွာသော လို့ သုံးလို့  အရမ်းချစ်နေတယ်လို့ တော့  မထင်လိုက်ကြပါနဲ့ ။ အလွန် မုန်းလွန်းအားကြီးလို့  ရွဲ့  ပြောချင်းပဲဖြစ်ပါတယ်။


လူတစ်ယောက်ကို မုန်းတယ်ဆိုတာ မကောင်းမှန်း ရီမိုးတို့ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့်  မလေးရှားက agent တွေအကြောင်း မလေးရှားရောက် မြန်မာတွေကတော့  အကုန်သိပြီးလောက်ပါပြီ။ အလုပ်သမားတွေဆီက ပိုက်ဆံကို မတရားဖြတ်စားမယ်၊ အမျိုးမျိုး စိတ်နှောင့် အယှက်ဖြစ်အောင်လုပ်မယ်။ အဲဒီ့ ထဲမှာမှ ရီမိုးတို့ ရဲ့  ချစ်လှစွာသော ကြီးက ပိုဆိုးမယ်လို့ ယူဆရပါတယ်။


ရီမိုးတို့ ကို com: ကပေးတာက ရင်းဂစ် ၁၃၀၀ ပါ၊ ဒါကိုသူက ကိုယ်တွေကို ပေးတော့  ရင်းဂစ် ၈၀၀ တဲ့ ၊ အဲဒီ့ ထဲကမှ ရင်းဂစ် ၁၅၀ ကို လဲဗီး(lavy)အနေနဲ့  ပြန်ဖြတ်ပါတယ်။ အခုဆိုရင် အဲဒီ့  လဲဗီး(lavy) ကိုဖြတ်စရာမလိုတော့ ကြောင်း မလေးအစိုးရက ဥပဒေထုတ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့်  ကိုယ်တို့ ရဲ့  agent ကတော့ ဖြတ်မြဲဖြတ်တုန်းပါ။ လတိုင်း လစာပေးတဲ့ ရက်က လလယ်လောက်မှပါ။ ဘယ်အချိန်ကို အိမ်ကို ပိုက်ဆံလွှဲရမလဲဆိုတာမသိတော့ ပါဘူး။ ကိုယ်ပို့ မှကိုယ့် မိသားစု ထမင်းစားရမယ်ဆိုရင် ငတ်သေနေလောက်ပြီ။ အခုလည်း လဲဗီး(lavy) အကြောင်းကိုပြောတော့  အကြောင်းမပြန် မသိချင်ယောင်ဆောင်နေပါတယ်။ အိပ်ချင်ယောင်ဆောင်တဲ့ သူ နိုးရခက်တယ်ဆိုတယ်ဆိုတာ ဒါကိုပြောတာထင်တယ်။


အဲဒီ့ တော့ ရီမိုးကို ကူညီပြီး စဉ်းစားပေးကြပါဦး၊ blog မိသားစုထဲမှာက မလေးမှာရှိနေတဲ့ သူတွေလည်းရှိတော့  ဒီလဲဗီး(lavy)အကြောင်းကို သိတဲ့ သူတွေလည်းရှိမှာပါ။ တစ်လကို ၁၅၀ ဆိုတာ ရီမိုး တို့ ရဲ့  တစ်လ ထမင်းစရိတ်ရှိပါတယ်။ ဒါကြောင့် မို့ ရီမိုးကတော့ ရသင့့် တယ်ဆိုရင်ရချင်ပါတယ်။ ရီမိုး ကိုဝိုင်းပြီး ပြောပြပေးကြပါဦးနော်။ သူက မပေးပဲ ဖြတ်မြဲဖြတ်နေရင်ရော ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့် လဲ၊ ဘာဆက်လုပ်လို့ ကောရမလဲ၊ ရီမိုး မစဉ်းစားတက်တော့ လို့ ပါ။ ခေါင်းစားအောင်လုပ်တယ်လို့ တော့  မထင်လိုက်ကြပါနဲ့ နော်။ ။

Tuesday, January 5, 2010

၂၀၁၁ ရယ် မြန်မြန်ရောက်ပါတော့ ...

လူလူချင်း လူကိုလူလို ဆက်ဆံကြစေချင်ပါသည်။ ဘယ်အရာက မတူညီဖြစ်နေကြသည်တော့ ကျမ မသိပါ။ စိတ်ထဲတွင် တစ်နုတ်နုတ်နှင့် မခံနိုင်တော့ သောကြောင့်  ချရေးလိုက်ခြင်း ဖြစ်ပါသည်။


တကယ်ဆို ဒီရက်ပိုင်း အတွင်း com:၏ နှစ်ပတ်လည် ညစာစားပွဲ ရှိပါသည်။ ထို ညစာစားပွဲသို့  ကျမတို့  တက်ရောက်ခွင့် မရှိပါတဲ့ ။ အလုပ်မှာ ရှိတဲ့  အင်ဒိုမလေး ကသူရယ် ကျမတို့ နှစ်ယောက်ရယ် မပါဘူးလားလို့  သွားမေးပါတယ်။ ဖြေလိုက်သော အဖြေကတော့ ရင်နာစရာပါ။ ဂဏန်းပေါင်းစက် တစ်လုံးကိုယူပြီး အဲဒီ့ ညစာစားပွဲ မှာလူတစ်ယောက်ကို မလေးငွေ ၃၀ ကျမှာပါတဲ့  လူ ၁၀၀ ဆို ၃၀၀၀ ကျပါမယ်တဲ့ ။ အဲဒါကြောင့် သူဌေးမ ကမပေးနိုင်ပါဘူးတဲ့ ။ ကျမရှေ့ မှာပြောခြင်းတော့ မဟုတ်ပါ။ အတူနေ အစ်မက သူတို့ ပြောနေသော အချိန်တွင် ဘေးတွင်ရှိနေခြင်း ဖြစ်သည့် အတွက် ပြန်သိရခြင်း ဖြစ်ပါသည်။ ကျမတို့ က မလေးစကား သိပ်နားမလည် မှန်းသိသဖြင့် အစ်မ ရှိနေပေမယ့် ပြောခြင်းဖြစ်မည်ထင်သည်။ သူတို့ ကျွေးတာကိုစားချင်သောကြောင့် တော့ မဟုတ်ပါ။ ဒီ ငွေ ၃၀ဆိုတာကို ကျမတို့ လည်း ပေးပြီးစား နိုင်ပါသည်။ တစ်နှစ်မှာ တစ်ခါသာလုပ်သည့်  ထိုပွဲကို အရေးတယူလုပ်ပြီး မခေါ်သောကြောင့် စိတ်ထဲတွင် တော်တော်လေးတော့ ခံပြင်းမိသည်။


နောက်ပြီး တစ်နှစ်ပြည့်  လို့  annual leave ရမလားမေးတော့  agent calling မလို့  မရပါဘူးတဲ့ ။ နင်တို့ ရဲ့  သူဌေးက သူတို့ မဟုတ်ပါဘူးတဲ့ ။ နင်တို့ က agent ကတဆင့် လစာပေးတာကြောင့်  သူတို့ နဲ့  မတူပါဘူးတဲ့ ။ အော်... အလုပ်လုပ်ဖို့ ကြတော့ တူသတဲ့ လားနော်... ဘာတွေမတူ ဘာတွေကွဲပြားနေလို့ ပါလိမ့် ။ အတော်ကိုဘဲစဉ်းစားရကြပ်တဲ့  အခြေအနေ တစ်ခုဖြစ်နေပါတယ်။ တကယ်ဆို agent ကလည်း တစ်လကို ၅၀၀ လောက်ကို ဖြတ်စားထားတာပါ။ လစာကို အပြည့် မရမှန်းလည်း com:က ကောင်းကောင်းသိပါတယ်။ ဒါကိုလည်း အခြေအနေတစ်ရပ် အနေနဲ့ မကူညီတဲ့ အပြင် သူတို့ ဝန်ထမ်း မဟုတ်ဘူးလို့ တောင်ပြောချင်နေတဲ့ ပုံစံပါ။ ခိုင်းစရာရှိရင်တော့  လက်တိုလက်တောင်းကအစ ဒီဗမာ နှစ်ယောက်ကို ခိုင်းချင်ပါတယ်။ တော်တော် တရားကျစရာကောင်းပါတယ်။ အခုတော့  ၂၀၁၁ ရယ်မြန်မြန်ရောက်ပါတော့ လို့  ဆုတောင်းမိပါရဲ့  ။

Monday, January 4, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့ (၂)

ပထမညမှာ ထမင်းစားမယ်ဆိုတော့ ထမင်းစားတန်းဘက်ကို ကျမတို့ ဆင်းလာကြပါပြီ။ ညတဖြည်းဖြည်းလေး မှောင်လာတာနဲ့ အတူ အအေးဓာတ်ကလည်း လူကိုလွှမ်းမိုးစပြုလာပါပြီ။ ရန်ကုန်သူ ရန်ကုန်သားတွေပီပီ အအေးဒဏ်ကို အံတုဖို့ ဆိုတာ အလွန်ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့်  ပါလာတဲ့  အနွေးထည်တွေကို အပေါ်ကထပ်ဝတ်ပြီး ဟန်ရေးစပြပါပြီ။ ထမင်းစားတန်းရောက်တော့  ဟိုဆိုင်ကခေါ် ဒီဆိုင်ကခေါ်နဲ့  ဘယ်ကိုသွားလို့ သွားရမယ်မှန်းလည်းမသိ၊ ဒါနဲ့ တွေ့ တဲ့ ဆိုင်တစ်ဆိုင်ကိုဘဲဝင်လိုက်ပါတယ်။ အခန်းထပ်ရှာဖို့ ကလည်း လုပ်ရသေးတယ်လေ။ ရင်ပြင်တော်ပေါ်က အဆောင်တွေက ပိုက်ဆံကဈေးကြီးတယ်ဆိုတော့  ၂ရက်လောက်တည်းဖို့ ကို မတက်နိုင်ကြဘူးလေ။ ဒီတော့ ထမင်းဆိုင်တွေဆီမှာ အခန်းလွတ်ရှိမရှိ စနဲနာရပါတယ်။ အဲ ကံကောင်းချင်ပြန်တော့ ကိုယ်ဝင်စားတဲ့ ထမင်းဆိုင်မှာ မနက်ဆိုပြန်မယ့် အဖွဲ့ တစ်ဖွဲ့ ရှိပါတယ်တဲ့ ။ အတော်ပဲဆိုပြီး အဲဒီ့ အဖွဲ့ နေတဲ့ အခန်းကိုပဲ ကြိုတင်ပြီးနေရာဦးထားလိုက်ပါတယ်။ အားလုံးလဲ စိတ်ချသွားရပြီဆိုတော့  စိတ်လွတ်ကိုယ်လွတ် ဘုရားရှိခိုးကြဖို့  ထွက်လာကြပါတယ်။


ရင်ပြင်တော်ပေါ်မှာလည်း ဘုရားဝတ်ပြုနေကြတဲ့ လူတွေကလည်းမနဲမနောပဲဆိုတော့  ကိုယ်တွေလည်း ဘုရားဝတ်ပြုဖို့ နေရာတစ်နေရာလေးရှာပြီး ဝတ်ပြုဖြစ်ပါတယ်။ အာလုံးဘုရားဝတ်ပြုပြီးတော့  ရင်ပြင်တော်ပေါ်မှာ စကားပြောဖို့ အစဉ်ပြေမယ့် တစ်နေရာကိုရှာပြီး ထိုင်ဖြစ်ကြပါတယ်။ နောက်နေ့ အစီအစဉ် ကိုသူငယ်ချင်းက စတင်ပြီးပြောပါတယ်။ ရေတံခွန် ကိုသွားမှာပါတဲ့ ။ အားလုံးကလည်း သဘောတူကြပါတယ်။ ပြီးတော့  ညအမှောင်မှာ မီးထိန်ထိန်လင်းပြီး ရွှေရောင်အပြည့် ဖုံးလွှမ်းနေတဲ့  ကျိုက်ထီးရိုးစေတီတော်ကြီးကို ဖူးမြှော်ရတာ ကြည်နူးစရာ အလွန်ကောင်းပါတယ်။ ဆော့ တဲ့ ကလေးတွေကလည်းဆော့ ၊ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့  စကားတွေပြောနေကြသူတွေလည်းရှိ၊ လူငယ်တွေကလည်း ကိုယ့် အဖွဲ့ နဲ့ ကိုယ် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ၊ အဲဒီ့ လူငယ်တွေထဲမှာ ကိုယ်တွေကလည်း အပါအဝင်လေ။ ကျမတို့ အဖွဲ့ မှာတောင် နှစ်ယောက်ဆီကွဲနေသည်။ ကွဲနေသည်ဆိုတာက နှစ်ယောက်ဆီစကားပြောနေကြချင်းပင်။ ကျမ နှင့် နောက်တစ်ယောက် ကတော့ အတွေးကိုယ်စီနဲ့ ပါ။ စကားလည်း သိပ်မပြောဖြစ်ကြပါ။ ကျမကတော့  ဒီလိုနေရာ၊ ဒီလိုအချိန်မှာ၊ ဒီလိုမြင်ကွင်းတွေကို အေးမြတဲ့ လေအေးလေးနဲ့ အတူငြိမ်ငြိမ်လေးထိုင်ပြီးငေးနေရတာကိုနှစ်သက်ပါသည်။ နောက်တစ်ယောက်သူငယ်ချင်းလည်းအဲလိုခံစားနေပုံရသည်ကျမ အစ်မနှင့် သူ့ သူငယ်ချင်းတွေကတော့ ဘာတွေပြောနေကြမှန်းမသိ။


ကျမတို့ ညီအစ်မနှစ်ယောက်ကသူငယ်ချင်းလိုတွဲသော ညီအစ်မများဆိုမမှားပါဘူး။ ဒါကြောင့် သူ့ ကိုလည်း သူငယ်ချင်းဟုသာသုံးနူန်းပြီးပြောခြင်းဖြစ်ပါသည်။ သွားကြတဲ့ အားလုံးထဲမှာ ကျမကအငယ်ဆုံးပါ။ ဒါကြောင့် ကျမကိုတော့ သူတို့ အားလုံးက ဦးစားပေးကြပါတယ်။ အခုလည်း ကျမက အဲလိုလေးခဏလောက်ထိုင်ကြည့် ချင်သည်ဟု ပူစာလို့  အေးရသည့် ကြားထဲမှ သူတို့ တွေလိုက်ထိုင်ပေးနေရခြင်းဖြစ်သည်။ ခရီးပန်းလာသဖြင့်  အိပ်ချင်နေသူကိုပင်ပေးမအိပ်ပဲဇွတ်ခေါ်ပြီးထိုင်ခိုင်းထားခြင်းဖြစ်သည်။ နောက်ဆုံးအစ်မက အအေးဒဏ်မခံနိုင်တော့ သဖြင့်  အိပ်ခန်းသို့  ပြန်ဖြစ်ခဲ့ ပါတယ်။ အိပ်ခန်းသို့ ရောက်တော့  အထုပ်လေးတွေခြားပြီး မောပန်းလာသမျှကို အိပ်စက်ခြင်းဖြင့် အနားယူလိုက်ပါသည်။


နောက်တစ်နေ့  မိုးလင်းတော့  ကျမ၏ ခြေထောက်၊ (ဒူးခေါင်းဟုပြောလျှင်ပိုမှန်ပေမည်) အလွန်အမင်းကို နာကျင်နေပါသည်။ တစ်ညလုံးလဲ အိပ်လို့ မရအောင်ကို ကိုက်ခဲ နေပါသည်။ မနက်ကို ရေတံခွန် သွားပါမယ်ဆိုမှ အဲလိုဖြစ်တော့  စိတ်ထဲ ငိုချင်လာပြီ။ တစ်ယောက်ထဲလဲ မနေခဲ့ ချင်ပေ။ သူငယ်ချင်းတွေကတော့ သွားမယ်လို့ ရည်ရွယ်ပြီးမှတော့  ရအောင်တော့ သွားမယ်ပေါ့ ။ နင်ဖြည်းဖြည်းချင်း လျှောက်နိုင်မလားတဲ့ ။ ကိုယ်ကလည်း သွားချင်နေသည်။ ကိုယ့် ကြောင့် သူများတွေမသွားရပဲဖြစ်နေမှာလဲ စိုးရိမ်သည်။ သူတို့ ကလည်း ကိုယ့် ကို တစ်ယောက်တည်း မထားခဲ့ နိုင်၊ ဒါနဲ့ ရတယ် ဖြည်းဖြည်းချင်းနောက်ကနေ လိုက်လာမယ်ဆိုပြီး ရေတံခွန် ခရီးကို မနက်စာစားအပြီး စတင်ပြီး ခရီးဆက်ပါပြီ။


ကိုယ်ကခြေထောက်နာနေတော့  နောက်ဆုံးမှာပေါ့  စလာလာချင်းတုန်းကလောက် စိတ်ထဲတွင် မပျော်တော့ သရောင်ဖြစ်နေသည်။ သူငယ်ချင်းများ ကတော့  ကိုယ်နှင့် ပုံမှန်လျှောက်သလို လိုက်လျှောက်ပေးသည်။ ရေတံခွန်လမ်းခရီးက တောလမ်းခရီးကိုသွားရသဖြင့်  အခက်အခဲလေးတွေနှင့် သွားနေရသည်။ ဒါပေမယ့် မောလာလျှင်နားလိုက် လမ်းမှာ ဆိုင်လေးတွေကိုတွေ့ ရင် ဖရဲသီးဝယ်စားလိုက်၊ ရေဝယ်သောက်လိုက်နှင့် လျှောက်လာလိုက်တာ ရေတံခွန်ထံမှ ရေကျသံတောင်ကြားလာရပြီ။ ရေကျသြဲံကားလေ လူကအဲဒီ့ နေရာကိုမြန်မြန် ရောက်ချင်လေ၊ ခြေထောက်ကနာတာနှင့် တော့ တွေ့ နေလေပြီ။ ရေတံခွန်ကို ကိုယ့် ထက်စောပြီး ရောက်လို့  တောင်ပေါ်ပြန်တက်ကြတဲ့ လူတွေကလည်း ရောက်ခံနီးနေပြီ၊ အားတင်းထားကွ ဆိုပြီး ပြောပြောသွားတော့  မောနေပေမယ့်  အားတက်သွားရသေးသည်။


ဟော… အခုတော့ တွေ့ ပါပြီ။ အကြားနဲ့ တင်မဟုတ် အမြင်နဲ့ ပါမြင်ရပါပြီ။ မတ်စောက်စောက်တောင်ကြီးပေါ်မှ တဝေါဝေါကျနေသောရေတွေ၊ ရေငွေ့ နဲ့ အတူ အေးစိမ့် စွာ တိုက်ခတ်နေတဲ့ လေ၊ တိုးတိုးလေးအော်နေတဲ့  ငှက်ကလေးတွေ၊ ရေတံခွန်တွင် ရေချိုးပြီး၊ တစ်ယောက်နဲ့ တစ်ယောက် ဆော့ ကစားနေကြသော လူများ၊ ကဲ.. ကိုယ်တို့ တွေလည်းရေထဲ သို့ ဆင်းရန်အချိန်တန်လေပြီ။ ရေထဲလည်းဆင်းရော အေးစိမ့် နေတဲ့  ရေကခြေထောက်မှနေပြီး လူ့ တစ်ကိုယ်လုံးကို ဖြန့် ကျဲသွားလေသည်။ ထူးဆန်းသည်က နာနေသောခြေထောက်သည် ရေထဲသို့ ဆင်းလိုက်သည်နှင့်  လုံးဝကို မနာတော့ ပေ။ ဓာတ်ပုံတွေစိတ်ကြိုက်ရိုက် တစ်ယောက်နှင့် တစ်ယောက် စနောက်ပြီးတော့  တောင်ပေါ်သို့  ပြန်တက်ရတော့ သည်။


အပြန်လမ်းတွင် အလာလောက်ခြေထောက်က မနာတော့ သဖြင့်  ခရီးမြန်မြန်တွင်လေသည်။ ရေတံခွန်လမ်းသည် အဆင်းထက် အတက်ကပိုပြီး ခက်ခဲပြီး မောသည်။ နေဝင်ခံနီး အချိန်မှ တောင်ပေါ်သို့ ရောက်လေသည်။ အခန်းပြန် ရေမိုးချိုးပြီး အခန်းလဲဖို့ အတွက် အထုပ်အပိုးပြန်ပြင်ပြီး၊ အခန်းရွှေ့ ပြောင်းရလေသည်။ ခြေထောက်က အနည်းငယ်သက်သာပေမယ့်  ညဘက် အအေးဒဏ်ကြောင့်  ပြန်ပြီးနာလာခဲ့ သည်။ အော်..ရီမိုးပြည့် တို့ များ ဘုရားဖူး ထွက်တာတောင် အေးအေးဆေးဆေး မရှိ အနာလေးနဲ့ ပါလားနော်…..

ဆက်ပါဦးမည်။ ။

Saturday, January 2, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့ 

ဒီလို အချိန်ဆို ကျမတို့  အမိမြေရဲ့ ထင်ပေါ်ကျော်ကြားသော နေရာများထဲက တစ်နေရာဖြစ်သော ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် စည်ကားနေရော့ မည်။ ဆီမီး ကိုးထောင်ပူဇော်ပွဲ ကရှိနေလေတော့  ပိုပြီးစည်ကားနေမှာ အမှန်ပင်။


နှစ်သစ်ကိုကြိုဆိုတဲ့  ညလေးလဲပြီးရော ခရီးထွက်ရတဲ့ အရသာဟာ တကယ်ကို ပျော်စရာကောင်းပါတယ်။ မနက်အစောကြီး လမ်းမကြီး ပေါ်မှာလူတစ်ယောက်မှမရှိ၊ ကားအသွားအလာကလည်းရှင်း၊ အဲလိုမျိုးအချိန်မှာ ကျမတို့  သူငယ်ချင်း ၆ ယောက် အထုပ်ကိုယ်စီကိုင်လို့  တစ်ယောက်နဲ့ တစ်ယောက်စနောက်ပြီး ကားဂိတ်ကို ထွက်လာခဲ့ ပါပြီ။ တစ်ချို့ လူငယ်များကလည်း အိမ်ကိုမပြန်ကြသေး၊ happy new year လို့ အော်လို့ ကောင်းတုန်းပါ။ သူတို့ တွေပျော်နေကြတဲ့ အပျော် တွေကလည်း ကူးစက်နေပါသေးတယ်။


အဲလို နဲ့  ကားဂိတ်ကို ရောက်တော့ လာပါပြီ။ အထုပ်လေးတွေချပြီး စကားတွေပြောနေကြတာ ရေပတ်မဝင်ပါပဲ။ အချိန်တွေတော်တော်လေးကြာလာတော့  သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ ဘယ်သူမှလည်းမရောက်ကြသေးပါလား။ ဟုတ်ပါတယ်.. ဘယ်သူမှလည်း မရှိ၊ ကိုယ်တွေ ပဲရှိနေတာပါလား။ ဘယ်လိုဖြစ်တာပါလိမ့် ။ လတ်မှတ်ဝယ်ထားတဲ့  ရက်ပဲမှားနေတာလား၊ ဒါမှမဟုတ် ကားဂိတ်ကိုမှားစောင့် နေတာလား၊ စိတ်ထဲမှာ ဇဝေဇဝါဖြစ်လာပါပြီ။ တာဝန်ခံပြီးလတ်မှတ်ဝယ်ပေးတဲ့  သူငယ်ချင်းကို ဝိုင်းပြီးပြောနေကြပါပြီ။ သူကတော့ ခဏနေပါအုံးဟာ ငါသွားမေးလိုက်ပါအုံးမယ်ဆိုပြီး အမြန်လစ်သွားလေရဲ့ ။ ပြီးတော့ မှ မျက်စိပျက် မျက်နှာပျက်ပြီး၊ ခရီးသွားကားတာဝန်ခံနဲ့  ပြန်ထွက်လာပါတယ်။ ဒီအချိန်ထွက်မဲ့ ကားက ပျက်နေလို့ ပါတဲ့ ။ တစ်ခြား ခရီးသွားတွေကိုတော့  အကြောင်းကြားနိုင်ခဲ့ ပြီး သားတို့ သမီးတို့ ကိုတော့  အကြောင်းကြားဖို့  မမှီလိုက်ကြောင်းပြောပါတယ်။ဟာ.. သွားပါပြီ၊ ခရီးထွက်မယ်ဆိုပြီး ဟန်ကျပန်ကျ အိမ်ကနေ အပျော်ကြီးပျော်ပြီး ထွက်လာကြတာ အခုတော့  ၊ တစ်ယောက်တစ်ပေါက်နဲ့  ဝိုင်းပြီး ပြောကြတာ ဆူညံလို့ သွားတာပါပဲ။ ဒီအချိန်လေးကိုပဲသွားချင်လို့ အလုပ်ကနေတောင် ခွင့် ကိုမနည်းယူထားရတာ၊ မသွားရလို့ တော့ မဖြစ်ဘူးနော်လို့ သူငယ်ချင်းတွေကို ကျမပြောလိုက်ပါတယ်။


အဲဒီ့ တော့  တာဝန်ခံကြီးက အဲဒါဆို သမီးတို့ ကို တစ်ခြားခရီးသွားကား တစ်ခုနဲ့  ထည့် ပေးလိုက်မယ်တဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ရောက်သွားဖို့ က အဓိကပဲလေ။ ဒါပေမယ့်  သွားရမယ့် ခရီးကနီးနီးလေးတော့ မဟုတ်၊ ဒါကြောင့် အလယ်ခုံကနေတော့ မလိုက်နိုင် ပိုက်ဆံကိုလည်း အပြည့် ပေးထားသည်ပဲ၊ အဲဒီ့ တော့  တာဝန်ခံကြီး ကိုသေချာပြောရသေးတယ်။ သူများကားနဲ့ လိုက်တယ်ဆိုပေမယ့်  ကျမတို့ က ပိုက်ဆံအပြည့် ပေးထားတာ အလယ်ခုံမှာတော့ မလိုက်နိုင်ဘူးနော်လို့ ၊ တာဝန်ခံကြီးကလဲ သူတို့ ရဲ့  ပေါ့ လျော့ မူ့ ဆိုတော့  အစဉ်ပြေအောင် သူ့ ဟာသူလုပ်ပေးပါ့ မယ်ဆိုပြီး အစဉ်ပြေအောင်လုပ်ပေးလိုက်ပါတယ်။


အင်း.. အခုတော့  စတင်ပြီး ဂိတ်ကနေထွက်ပါပြီ။ ခရီးလေးတစ်ခုထွက်တာ အခက်အခဲလေးတွေနဲ့ ပါလား။ ကားပေါ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားတွေပြောလာလိုက်တာ မောပြီးအိပ်ပျော်သွားမှပဲ အသံတွေကတိတ်သွားတော့ တယ်။ အဲလိုနဲ့ စီးလာလိုက်တာ ကင်မွန်းစခန်းကို မနက် ၇နာရီလောက် ရောက်သွားပါတယ်။ အထုပ်ကိုယ်စီပြန်စွဲပြီး တောင်ပေါ်ကို တက်မယ့် ကားကိုလိုက်ရှာပါတယ်။ တောင်ပေါ်တက်မယ်ဆိုတော့  ရသေ့ တောင်ထိပဲရောက်တဲ့ ကားတွေပဲတွေ့ ပါတယ်။ များသောအားဖြင့်  တောင်ထိပ်ထိ ရောက်တဲ့  ကားကရှားပါတယ်။ ကျမတို့ ကတော့ ကံကောင်းစွာနဲ့  တောင်ထိပ်ထိသွားမယ့် ကားနဲ့ ကြုံပါတယ်။ အဲဒါနဲ့  ကိုယ်တွေလည်းလိုက်သွားပါတယ်။ ကားပေါ်မှာ လေညှင်းလေးခံပြီး ပျော်လိုက်တာ။ မျက်နှာပေါ်ကို လာပြီးတိုက်ခတ်တဲ့ လေညှင်းလေးက အေးမြပြီး စိတ်အစဉ်မှာရှိနေတဲ့  အညစ်အကြေးတွေကိုဆေးကြောပေးလိုက်သလိုပါပဲ။ တစ်ညလုံး အိပ်ရေးပျက်လာတွေလည်း လွင့်  စင်သွားပါပြီ။ တောင်ပေါ်လည်းရောက်ရော ဆီမီးကိုးထောင် ပူဇော်ပွဲရှိနေတော့ လူတွေက များလိုက်တာ။ ဒီရာသီကလည်း ခရီးထွက်တဲ့ ရာသီပေပဲကိုး။ အေးကလည်းအေး၊ တည်းဖို့ ခိုဖို့ အတွက်ကို ကြိုးစားပန်းစား လိုက်ရှာရပါပြီ။ ရင်ပြင်တော်ပေါ်က တည်းလို့ ရတဲ့  အဆောင်တွေမှာ အခန်းတစ်ခန်း လွတ်တာနဲ့  ပထမညမှာ အဲဒီ့ မှာပဲ စုပြုံပြီး ၆ယောက်သား အိပ်လိုက်ရပါတယ်။


ဆက်ပါဦးမည်။ ။

Friday, January 1, 2010

ဆုတောင်း

၂၀၀၉ ခုနှစ်ကို ထားခဲ့ ပြီး ၂၀၁၀ ကိုတော့ ရောက်ရှိခဲ့ ပါပြီ။ မီးပန်းတွေဖေါက်၊ မုန့် တွေလုပ်စား၊ ချစ်သူရဲ့ လက်လေးကိုစွဲပြီး ကြည်နူးခဲ့ ၊ နှစ်သစ်ကိုကြိုဆိုတဲ့  ညလေးတစ်ညလည်း ပြီးဆုံးသွားပါပြီ။ နှစ်ဟောင်းရဲ့ ဝမ်းနည်းမူ့ တွေကိုလည်း ထားခဲ့ ပါပြီ၊ အစဉ်မပြေမူ့ တွေကိုလည်းလွှတ်ပစ်ခဲ့ ပါပြီ။ အရာရာကို ကျောခိုင်းပြီး နှစ်သစ်ရဲ့ ပထမရက်လေးမှစ၍ ပျော်ရွှင်မူ့ တွေအပြည့်  ဘဝလမ်းကို အားအင်အပြည့် နဲ့  လျှောက်လှမ်းဖို့ လည်း အသင့် ဖြစ်နေပါပြီ။ သိသောသူများ၊ မသိသောသူများ၊ ချစ်သောသူများ၊ မချစ်သောသူများ အရာအားလုံးအေးချမ်းပြီး စိတ်ချမ်းသာပါစေကြောင်း နှစ်သစ်ရဲ့ ပထမဆုံးရက်မှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ။