Wednesday, March 24, 2010

မလေးရှား

စာမရေးဖြစ်လို့  ဘာတွေရေးပြီးတင်ရင်ကောင်းမလဲလို့  စဉ်းစားနေတာ၊ အခုတလော မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့ အကြောင်းလေးကို ရေးချင်လာတာနဲ့  ဒီစာလေးကို ရေးဖြစ်တယ်ဆိုပါတော့ ။


မလေးရှားက အော်ပရာစီ လို့ နာမည်ကြီးတဲ့  အမှန်မဟုတ်တဲ့ ပတ်စ်ပို့  မရှိတဲ့ ၊ သူတို့ နိုင်ငံမှာ တရားဝင် နေထိုင်မူ့ မရှိသော သူများကို ဖမ်းဆီးတဲ့  အဖွဲ့ ကြီး အကြောင်းကတော့  မလေးရှားမှာ ရောက်နေသော နိုင်ငံ အသီးသီးက လူအားလုံးကတော့ သိပြီးသားဖြစ်မှာပါ။ ရီမိုးတို့ တော့ အဲဒီ့ နာမည်ကြားတာနဲ့ တင် ကြက်သီးထပါရဲ့  သူတို့ က အမှန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကားပေါ်တင်ခေါ်သွားတာပါပဲ။ မြန်မာပြည်က လူပြက်တွေ ပြက်လုံးထုတ်သလို ဘာမှလာရှင်းမပြနဲ့  စခန်းရောက်မှရှင်းဆိုတာ သူတို့ လို လူမျိုးတွေကိုပြောတာထင်ပါတယ်။


သူတို့ တွေက ဘာစကားမှ အပြောမခံပါဘူးတဲ့ ။ ကားပေါ်တင်ခေါ်ပြီး ရဲစခန်းရောက်မှ အမှန်ဆိုရင် ပြန်လွှတ်ပေးတယ်လို့ တော့ ပြောကြတာ ကြားဖူးပါတယ်။ တခါမှတော့ သူတို့ နဲ့ မဆုံပါဘူး။ ဟိုတစ်နေ့  kl (ကွာလမ်လမ်ပူ) ကိုသွားတော့  သူတို့ ဖမ်းတဲ့ အချိန်နဲ့  ကြုံနေလို့  ကုန်တိုက်တစ်ခုက ထိုင်းစားသောက်ဆိုင် တစ်ခုထဲမှာ ဝင်နေပြီး အခြေအနေကို စောင့် ကြည့် နေရတယ်။ သူတို့ က စားသောက်ဆိုင် ထဲထိတော့ ဝင်မစစ်လို့ တော်သေးတယ်။ အဲဒီ့ နေ့ က သူတို့ လူစုက နည်းတာမဟုတ်ဘူး။ သူတို့ မျက်နှာကို ကြည့် ရတာ အရီ၊ အပြုံးကိုလည်းမတွေ့ ရဘူး။ စက်ရုပ်တွေကြနေတာပဲ။ လမ်းပေါ်မှာ ဖြတ်လာသမျှ လူအားလုံးကို စစ်တာပါပဲ။ အဲ.. အဲဒီ့ နေ့ ကတော့  မှန်တဲ့ လူဆိုရင်တော့ ပြန်လွှတ်ပေးတာ တွေ့ ရတယ်။ ကိုယ်လည်းသူတို့ ကို ကြောက်ပါတယ်ဆိုမှ တည့် တည့် ကြုံလာတော့  စားသောက်ဆိုင်ထဲကကို မထွက်ရဲ တော့ ဘူး။ အမှန်ဖြစ်တဲ့ ကိုယ်တောင် ဒီလိုဆိုရင် မမှန်တဲ့ လူဆိုရင် ဘယ်လိုနေမလဲမသိ။


အခုတလောကို သူတို့ က စီမံချက်အနေနဲ့ ကို ဖမ်းမယ်ကြော်ငြာထားတော့  မမှန်တဲ့ သူတွေ တကယ်ကိုသတိထားရမယ့် အချိန်ကာလတစ်ခုပါပဲ။ သူများနိုင်ငံမှာ တရားမဝင်ပဲ ဘာလို့ နေနေကြတာလဲ၊ သူတို့ တွေရှိနေတော့ ဒီလူတွေက တရားဥပဒေ အရဖမ်းဆီးတာ သူတို့ တွေ အပြစ်မှ မဟုတ်တာလို့  တစ်ချို့ အမှန်သမားတွေက ပြောလေ့ ပြောထ ရှိတာကို ကြားဖူးပါတယ်။ မှန်ပါတယ်၊ သူတို့ ပြောတာ။


ဒါပေမယ့်  ဥပဒေနဲ့ မညီပဲနဲ့ သူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူများနေချင်ရှာမှာလဲနော်။ မိသားစုနဲ့ လဲဝေး၊ အခက်အခဲ မျိုးစုံကလည်း ရင်ဆိုင်ရသေးတယ်။ အဲဒီ့  အပြင်ကို အစစအရာရာ သည်းငြီးခံရ၊ တစ်ချို့ သူဌေးတွေဆိုရင် ကိုယ့် ရဲ့ လုပ်အားခကို တောင်မပေးလို့ မနည်းတောင်းယူရတယ်။ အမှန်မဟုတ်တော့  တိုင်လို့ မရပြောလို့ မရ၊ ဒါတွေကို သိတဲ့  သူဌေးတွေက ဖိနှိပ်ချင်ကြတယ်။ အစစအရာရာ ကြောက်နေရတဲ့  ဘဝမျိုးကြီးကိုတော့ သိသိကြီးနဲ့ ဘယ်သူကနေချင်မှာလဲနော်။ မနေမဖြစ်နေရမယ့် အကြောင်းအရာတွေရှိနေလို့ ပေါ့ ။ ဘယ်လို အကြောင်းအရာတွေက သူတို့ ကို ဒီလိုဘဝမျိုးရောက်အောင်တွန်းပို့ သွားတာလဲဆိုတာကတော့ စဉ်းစားစရာပေါ့ နော်။


များသောအားဖြင့် ကြားရတာကတော့  အေးဂျင့် တွေကြောင့် ပါ။ တစ်ချို့ ဆိုပြောထားတဲ့ အလုပ်ကတစ်မျိုး ဒီရောက်တော့ လုပ်ရတဲ့ အလုပ်ကတစ်မျိုး၊ မိန်းခလေးတွေကိုလဲ ပို့ ချင်တဲ့ နေရာတွေပို့ ၊ ပိုက်ဆံတွေကိုလည်း မတရားဖြတ်စား၊ အစုံပါပဲ ကြားရတဲ့ သတင်းတွေကတော့  အဲလိုမျိုးတွေဖြစ်တော့  အမှန်သမားတွေကတော့  မမှန်တဲ့ သူတွေဘဝကို ချက်ချင်းရောက်သွားပါလေရောလား၊ ကဲ.. ဒါဆို တရားမဝင်နေထိုင်တဲ့ သူတွေမှာ အပြစ်ရှိလား။ ဘယ်သူတွေမှာများ အပြစ်ရှိနေတာလဲ။ ကိုယ့် နိုင်ငံမှာ အေးအေးဆေးဆေး မနေပဲ သူများနိုင်ငံကိုလာမိတဲ့  ကိုယ်တို့ တွေပဲ အပြစ်ဖြစ်နေတာလား။ တစ်ခုတော့ သိတယ် ဘယ်သူမှတော့  ကိုယ့် မိသားစု၊ ကိုယ့် မိဘကိုခွဲပြီးတော့  မနေချင်ကြတာတော့ အသေအချာပါပဲ။ ဘာကြောင့် ဒီလို သူများနိုင်ငံမှာ လာအလုပ်လုပ်နေတယ် ဆိုတာတော့  တစ်ဦးစီရဲ့ ရင်ထဲမှာ ခံစားချက်ကိုယ်စီရှိနေကြမှာပါ။ အော်..ငါ တော့ ဆက်ရေးရင်မလွတ်မလပ်တွေပါလာတော့ မယ်။ အော်ပရာစီ အကြောင်းပြန်ဆက်တာပေါ့ နော်။


အဲလိုနဲ့  ၁နာရီလောက်ထိုင်စောင့် နေတာ သူတို့ ကမပြီးနိုင်ဘူး၊ တဖြည်းဖြည်းနဲ့  ကိုယ်ရှိနေတဲ့ နေရာနားတောင်ရောက်လာတော့ မယ်ဆိုတော့  kl ဆိုတဲ့ နေရာကနေ အမြန်ထွက်မှ စိတ်ချရမယ် ဆိုတာကို သိလာပြီ။ ဒါနဲ့ မထူးဘူးဆိုပြီး အရဲစွန့် ပြီးပဲ သူတို့ မရှိနိုင်တဲ့ လမ်းကိုရွေးပြီး ကားမှတ်တိုင်ကို အမြန်ပြေးရပါတယ်။ တော်သေးတယ်.. ကိုယ်ရွေးတဲ့ လမ်းတွေမှာက ရှင်းတယ်၊ ကားမှတ်တိုင်ရောက်တော့ အရေးဆို ကားကမလာဘူး၊ ၁၅မိနစ်လောက်ရပ်စောင့် နေရသေးတယ်။ သူတို့ က နိုင်ငံခြားသား အများဆုံး အသွားအလာလုပ်တဲ့ နေရာတွေကိုသိထားတော့  အဲဒီ့ နေရာတွေကို ပတ်ပြီးဖမ်းနေတာ။ မကြာခင် ကိုယ်ရပ်နေတဲ့ နေရာကိုရောက်လာတော့ မှာသေချာတယ်။


အဲဒါနဲ့  ရတဲ့ ဘုရားစာတွေရွတ်ပြီး ကားရယ် မြန်မြန်လာပါတော့ ဆိုပြီးဆုတောင်းနေမိတာပါပဲ။ ကိုယ်စီးမဲ့ ကားလဲလာရော ပျော်လိုက်တာ မပြောပါနဲ့ တော့ ။ တခဏတာတော့  လုံခြုံတဲ့ နေရာလေးပါပဲ။ တခဏတာလို့ ဘာလို့ ပြောရတာလဲဆို တခါတလေ အဲဒီ့ ဖမ်းတဲ့ လူတွေက ဘတ်စ်ကားတောင် မရှောင်ဘူး တစ်စီးလုံး ကိုကားပေါ်ကဆင်းခိုင်းပြီး စစ်တာ၊ အဲလိုမျိုးလုပ်တာကို ကိုယ့် မျက်စိနဲ့  ကိုယ်တိုင်တွေ့ ဘူးတာဆိုတော့ ကြောက်ရပြန်ရော။ အဲဒီ့ တော့ တခဏတာ လုံခြုံမူ့ ပဲပေါ့ ။ ကားပေါ်ရောက်တော့ ဆုတောင်းရပြန်ရောလေ၊ အဲလိုမျိုး မဖြစ်အောင်လို့ ၊ ဘာလို့ လဲဆို ကိုယ့် ရဲ့ ကားက သူတို့ တွေစစ်နေတဲ့ နေရာကို ဖြတ်ပြီးမှ သွားလို့ ရမှာကိုး၊ အဲဒီ့ ဂိတ်က ထွက်တော့ မှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်တော့ တယ်။ ဟဲဟဲ.. မလေးရှားရောက်မှပဲ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ပိုပြီးယုံယုံကြည်ကြည်ကို အားကိုးလာတယ်။


တစ်ခုခုဆို ရသမျှ ဘုရားစာတွေရွတ်တော့ တာပဲ။ မလေးရှားက အော်ပရာစီတွေက ရီမိုးကို ကုသိုလ်တွေ အများကြီးရအောင်လုပ်ပေးနေတာလေ။ အခုဆို ဘုရားတရား အလုပ်ကို ပုံမှန်လုပ်တာထက်ကို ပိုလို့ ကိုလုပ်ဖြစ်နေတာ အမှန်ပါပဲ။ ဒီပို့ စ်လေး ကိုတော့  မလေးရှားရောက်မြန်မာတွေရင်ဆိုင်နေရတဲ့  အကြောင်းအရာတွေပါပဲ။ ဒီ့ ထက်ဆိုးတာ တွေလည်းရှိအုံးမှာပါ. ရီမိုးသိသလောက်လေးပဲ ရေးပြီး ပြောထားရတာပါ။ ဒီ့ ထက်ပိုပြီး သိလာတဲ့ အရာတွေရှိရင်လဲ ဘလောက်မောင်နှမတွေကို ပြန်ပြီးဖောက်သည်ချ ပေးပါအုံးမယ်။ အခုတော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်……

Saturday, March 20, 2010

ကြောက်ကြောက်နှင့် ရေးသောပို့ စ်

ဟိုတစ်နေ့ က စာလေးတစ်ခုဖတ်လိုက်တယ်၊ အမေးအဖြေလေးတစ်ခုပါ။ စာကြောင်းတစ်ကြောင်း စာလုံးတစ်လုံးဟာ ကိုယ့် အတွက်အရေးကြီးသလို စာဖတ်သူတွေ အနေနဲ့ လဲ အားတစ်ခုလဲ ဖြစ်နိုင်သလို အဆိပ်တစ်ခွက်လည်းဖြစ်နိုင်တယ်လို့ ဆိုလိုတဲ့  စကားလေးပါ။

အဲဒါလေးကို သွားတွေ့ တော့  စာရေးရမှာတောင် လန့် လာတယ်။ ကိုယ်ရေးတဲ့ စာတွေကို ဖတ်ပြီး ဖတ်တဲ့ လူတွေ တစ်မျိုးလက်ခံသွားရင် မကောင်းဘူးနော်။ ကောင်းတဲ့ ဘက်ကတွေးပြီး ကောင်းတာလေးတွေ လက်ခံပေးရင်တော့  အကောင်းဆုံးပေါ့ ။ ဒါပေမယ့်  အကောင်းဘက်ကနေပြီး မတွေးပေးရင်တော့  ရေးတဲ့ လူက အမှားလား၊ တွေးတဲ့  ဖတ်တဲ့  လူကအမှားလား။ ဘယ်လို ဆုံးဖြတ်ကြမှာလဲ။

ရီမိုး က အခုလို စာရေးတယ်ဆိုတာ က ကိုယ့် ရဲ့ ခံစားချက်လေးတွေ ချရေးလို့ ရလို့ ရယ်၊ ကိုယ်မြင်တာ ကိုယ်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်လို့ လဲ ပါတယ်။ ဒါပေမယ့် ကိုယ့် ရဲ့ အယူအဆက မှန်ချင်မှလည်း မှန်မယ်၊ အဲဒါတွေကို ဖတ်မိပြီး တစ်မျိုးလက်ခံတဲ့ လူတွေရှိနေရင်တော့  ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်တောင်ပူသွားသား၊ ဒါပေမယ့် လည်း စိတ်ထဲရှိတာလေးတွေကို တော့ မရေးပဲ မနေနိုင်လို့  အခုတောင် ရေးနေတာလေ။ ဒါကြောင့် ရေးမိတဲ့ စာသားတွေ၊ စာကြောင်းတွေထဲမှာ၊ အမှားပါတယ်ဆိုရင်လည်း လက်မခံကြပါနဲ့ ။ လက်ခံနိုင်တဲ့ အရာမျိုးပါတယ် ဆိုရင်တော့ လက်ခံနိုင်ပါတယ်။

ဒါကြောင့် ထင်တယ် ငယ်ငယ်တုန်းက ဆိုရင် အမေ က အချစ်ဝတ္ထုတွေဘာတွေ မဖတ်ခိုင်းဘူး။ ဖတ်တာကို မိရင် ကောင်းကောင်းကို အဆူခံရပြီ။ နင်တို့ က ဒီအရေမရ အဖတ်မရ စာတွေကို ဖတ်နေတယ်။ ကိုယ့် အတွက် ဘာမှ ကျန်မှာ မဟုတ်တာတွေကို စာမကျက်ပဲဖတ်နေလို့ တဲ့ ။ အဲလိုပြောတော့ ဖတ်ချင်နေတဲ့ ကိုယ်က ဆင်ခြေပေးတာ၊ အရေမရ အဖတ်မရတဲ့ စာအုပ်လည်း သူတို့ ကြိုးစားပမ်းစား အချိန်တွေ ခေါင်းခြောက်ခံပြီးရေးထားရတာလို့ ၊ သူတို့ ကို ဒီလောက်တော့  လက်ခံပေးရမှာပေါ့ လို့ ၊ ဖတ်ချင်နေတော့  ဆင်ခြေပေးတာလေ။ ဟုတ်တော့ လည်း ဟုတ်တယ်။ အမေတို့ ပြောတာ၊ စာကျက်ရမယ့် အရွယ်မှာ အဲလို တွေ ဖြစ်ကုန်တော့  ပညာရေးမှာ အနှောင့် အယှက် ဖြစ်ကုန်ကော။ ဒါတွေကြောင့် လို့ လဲပြောလို့ မရပါဘူး၊ အစစ အရာရာ ပြောင်းလဲလာတဲ့ ခေတ်ကြီးကြောင့် ဖြစ်မှာပါ။ ဘယ်သူမှ ထိန်းလို့ မရဘူးလေ။

ဒါပေမယ့် အခုကိုယ်က မတောက်တခေါက် အတွေ့ အကြုံလေးတွေကို ချရေးနေမိတော့ ၊ အမှားပါမှာ ကြောက်နေတယ်။ ကိုယ်ကပဲ အတွေးချော်နေတာလား မသိဘူးနော်။ တကယ်ကတော့  ကိုယ်ရေးလိုက်တဲ့ စာလုံးတိုင်း ဟာစာဖတ်သူအားလုံး အတွက် အကျိုးရှိပြီး၊ အသုံးဝင်တဲ့ စာလေးတွေဖြစ်ရင်တော့  အကောင်းဆုံးဖြစ်မှာပေါ့  နော်။ အဲလိုမျိုးလေးရေးနိုင် ရင်တော့ အလွန်ကောင်းမယ်နော်။ ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင်ရေးမယ်လို့ တော့  ဆုံးဖြတ်ထားပါတယ်။ ကိုယ်ရေးတဲ့ စာတွေက အဆိပ်ဖြစ်နေမှာကို ကြောက်လည်းကြောက်တယ်၊ ရေးလည်းရေးချင် လာတာနဲ့  ဒါလေးကို ကြောက်ကြောက်နဲ့  ရေးလိုက်ရပါသည်။

Friday, March 12, 2010

မမေ့ စေချင်ပါ။

အခုတစ်လော အလုပ်ကမအားတာနဲ့  စာကိုမရေးဖြစ်ပါဘူး။ စာရေးဖို့ အာရုံရလာရင် ပို့ စ် တင်ဖို့ အတွက်ကို အခက်အခဲ ဖြစ်နေရတာ။ ဘာလို့ လဲဆို ကိုယ့် မှာက သူများတွေလို လက်ပ်တော့  တို့ ဘာတို့ ကမရှိတော့  အိမ်မှာ စာရေးလာပြီး အလုပ်ရောက်တော့ မှ အလုပ်ချိန် ထဲကနေဖဲ့ ပြီး၊ ဖဲ့ ပြီးဆိုတာထက်ခိုးပြီးရေးရတယ်ဆို ပိုမှန်မယ်။ အဲဒီ့ တော့ အခုတစ်လော မန်နင်ဂျာက လာလာကြပ်နေတာနဲ့ အခက်အခဲတော်တော်ဖြစ်နေတာပါ။ ဒီနေ့ တော့  ဘယ်သူမှလဲမရှိတာနဲ့  စိတ်ထဲရှိတာလေးချရေးရင်း ပို့ စ် အသစ်မတင်နိုင်တာလေး အကြောင်းလေးကို ကိုယ့် ရဲ့ မောင်နှမတွေကို တောင်းပန်စကားလေး ဆိုရင်း ပြန်မှတ်မိအောင်လို့  ရေးပြီးတင်လိုက်တာပါ။


အရင်ကရေးထားဖူးတဲ့  အကုအညီတောင်းခံလွှာ ဆိုတဲ့ ပို့ စ်လေးထဲက လဲဗီး အကြောင်းလေးကို အရင်က ဖတ်ဖူးတဲ့  သူတွေကတော့ သိကောင်းသိကြမှာပါ။ အဲဒီ့ ပို့ စ်လေးတင်တုန်းက စိတ်ပူစွာနဲ့  အကြံဥာဏ်ပေးကြတဲ့  ကိုချစ်ဖေနဲ့ ကိုဏီ၊ လာရောက်ပြီး ဖတ်ပေးကြတဲ့  မောင်နှမတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဘာလို့ လဲဆို ဟိုတစ်နေ့ က အေးဂျင့် ရုံးကိုသွားပြီး အေးဂျင့် နဲ့ စကားပြောခဲ့ တာ တဝက်အောင်မြင်တယ်လို့ ပဲ ပြောရမှာပါပဲ။ ဘာလို့ တဝက်ပဲအောင်မြင်တယ်လို့ ပြောရသလဲဆို ပိုက်ဆံက ကိုယ့် လက်ထဲ ကိုမရောက်သေးလို့ ပါ။ ဒါပေမယ့် ကိုယ်ပြောတာကို သူ လက်ခံပြီး ညိုနိုင်းလို့ ရတယ်ဆိုရင်ပဲ တဝက်အောင်မြင်တယ်လို့ ဆိုနိုင်တယ်ထင်လို့ ပါ။ အဲဒါလောက်နဲ့ တင် ကိုယ့် ရဲ့ စိတ်က တော်တော်လေး ပျော်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့် လစာလေးတို့းလာမယ် ဆိုတော့ ပျော်တာပေါ့ နော်။ ကိုယ့် မောင်နှမတွေမုန့် ကျွေးလို့ ရရင် ကျွေးချင်ပါရဲ့ ။ အဲ… လစာတိုးတာကို ဘလောက်ပေါ်လာပြီး ကြွားတယ်လို့ တော့ မထင်လိုက်ကြပါနဲ့ ။ အရင်ပို့ စ် လေးမှာ ဝိုင်းပြီးစိတ်ပူပေးကြတဲ့  မောင်နှမတွေ အတွက် အခုလဲ ကိုယ်နဲ့ အတူ ပျော်နိုင်အောင် လို့  အသိပေးရခြင်းဖြစ်ပါတယ်။


ဝိုင်းဝန်းပြီး စိတ်ပူပေးကြလို့ လဲ အထူးကျေးဇူးတင်ပါတယ်။
ပို့ စ်အသစ်လေးတွေလဲ အတက်နိုင် ဆုံးရေးပြီးတင်နိုင်အောင်လဲ ကြိုးစားပါမယ်လို့ ။ မောင်နှမ တွေ အားလုံးလဲ ရီမိုး ကိုလည်း မေ့ မသွားဖို့  ပြောချင်ပါတယ်။ ဘလောက်တွေကို မလည်ဖြစ်တာကိုလည်း တောင်းပန်ချင်ပါတယ်။ အခုတော့ ဒီလောက်နဲ့ ပဲ အဆုံးသတ်ပါရစေ။