Friday, January 15, 2010

အကူအညီတောင်းခံလွှာ

ရီမိုးကို စာရေးပါ၊ စာရေးပါ နဲ့  အမြဲတိုက်တွန်းတဲ့ သူတွေကို ဒီအတောအတွင်း အလွန် အားနာနေရပါတယ်။ ဘာလို့ လဲဆို စိတ်ကို ဘယ်လိုမှကိုမစုစည်းနိုင်လို့ ပါ။


ရီမိုး ရဲ့ စိတ်ကို အနှောင့် အယှက်ပေးနေတဲ့ သူကတော့  ရီမိုး တို့ ရဲ့  ချစ်လှစွာသော agent ကြီးပါ။ ချစ်လှစွာသော လို့ သုံးလို့  အရမ်းချစ်နေတယ်လို့ တော့  မထင်လိုက်ကြပါနဲ့ ။ အလွန် မုန်းလွန်းအားကြီးလို့  ရွဲ့  ပြောချင်းပဲဖြစ်ပါတယ်။


လူတစ်ယောက်ကို မုန်းတယ်ဆိုတာ မကောင်းမှန်း ရီမိုးတို့ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့်  မလေးရှားက agent တွေအကြောင်း မလေးရှားရောက် မြန်မာတွေကတော့  အကုန်သိပြီးလောက်ပါပြီ။ အလုပ်သမားတွေဆီက ပိုက်ဆံကို မတရားဖြတ်စားမယ်၊ အမျိုးမျိုး စိတ်နှောင့် အယှက်ဖြစ်အောင်လုပ်မယ်။ အဲဒီ့ ထဲမှာမှ ရီမိုးတို့ ရဲ့  ချစ်လှစွာသော ကြီးက ပိုဆိုးမယ်လို့ ယူဆရပါတယ်။


ရီမိုးတို့ ကို com: ကပေးတာက ရင်းဂစ် ၁၃၀၀ ပါ၊ ဒါကိုသူက ကိုယ်တွေကို ပေးတော့  ရင်းဂစ် ၈၀၀ တဲ့ ၊ အဲဒီ့ ထဲကမှ ရင်းဂစ် ၁၅၀ ကို လဲဗီး(lavy)အနေနဲ့  ပြန်ဖြတ်ပါတယ်။ အခုဆိုရင် အဲဒီ့  လဲဗီး(lavy) ကိုဖြတ်စရာမလိုတော့ ကြောင်း မလေးအစိုးရက ဥပဒေထုတ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့်  ကိုယ်တို့ ရဲ့  agent ကတော့ ဖြတ်မြဲဖြတ်တုန်းပါ။ လတိုင်း လစာပေးတဲ့ ရက်က လလယ်လောက်မှပါ။ ဘယ်အချိန်ကို အိမ်ကို ပိုက်ဆံလွှဲရမလဲဆိုတာမသိတော့ ပါဘူး။ ကိုယ်ပို့ မှကိုယ့် မိသားစု ထမင်းစားရမယ်ဆိုရင် ငတ်သေနေလောက်ပြီ။ အခုလည်း လဲဗီး(lavy) အကြောင်းကိုပြောတော့  အကြောင်းမပြန် မသိချင်ယောင်ဆောင်နေပါတယ်။ အိပ်ချင်ယောင်ဆောင်တဲ့ သူ နိုးရခက်တယ်ဆိုတယ်ဆိုတာ ဒါကိုပြောတာထင်တယ်။


အဲဒီ့ တော့ ရီမိုးကို ကူညီပြီး စဉ်းစားပေးကြပါဦး၊ blog မိသားစုထဲမှာက မလေးမှာရှိနေတဲ့ သူတွေလည်းရှိတော့  ဒီလဲဗီး(lavy)အကြောင်းကို သိတဲ့ သူတွေလည်းရှိမှာပါ။ တစ်လကို ၁၅၀ ဆိုတာ ရီမိုး တို့ ရဲ့  တစ်လ ထမင်းစရိတ်ရှိပါတယ်။ ဒါကြောင့် မို့ ရီမိုးကတော့ ရသင့့် တယ်ဆိုရင်ရချင်ပါတယ်။ ရီမိုး ကိုဝိုင်းပြီး ပြောပြပေးကြပါဦးနော်။ သူက မပေးပဲ ဖြတ်မြဲဖြတ်နေရင်ရော ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့် လဲ၊ ဘာဆက်လုပ်လို့ ကောရမလဲ၊ ရီမိုး မစဉ်းစားတက်တော့ လို့ ပါ။ ခေါင်းစားအောင်လုပ်တယ်လို့ တော့  မထင်လိုက်ကြပါနဲ့ နော်။ ။

1 comment:

  1. ညီမရေ...
    အဲ့ဒါဆို ညီမတို့ အတူတူလုပ်တဲ့သူတွေ အကုန်စုပြီး ကုမ္ပဏီကိုပြော...ဒါမှမဟုတ်ရင် အေးဂျင့်ကို ၀ိုင်းပြောပါ...။ တစ်ခုတော့ရှိပါတယ်...လူညီပါစေညီမလေး...။ တစ်ယောက်တစ်ပေါက်မဖြစ်ပါစေနဲ့...။ အားလုံးတစ်သံတည်းထွက်အောင် ညှိပြီး ကွန်ပလိမ်းတက်ကြညီမ...။
    ဒီအတိုင်းထိုင်နေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး...။ သေချာတာကတော့ ကုမ္ပဏီတွေ လဲဗီးကြေးမဖြတ်ရတော့ဘူး ဆိုတာပဲညီမလေး...။ အဲ့ဒါကိုသူတို့ ဆက်ဖြတ်နေတာ တရားမ၀င်ပါဘူးဗျာ...။
    အစစအရာရာ ပျော်ရွှင်အေးချမ်းစွာနဲ့ အဆင်ပြေပါစေညီမလေးရေ...။
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete