Tuesday, January 5, 2010

၂၀၁၁ ရယ် မြန်မြန်ရောက်ပါတော့ ...

လူလူချင်း လူကိုလူလို ဆက်ဆံကြစေချင်ပါသည်။ ဘယ်အရာက မတူညီဖြစ်နေကြသည်တော့ ကျမ မသိပါ။ စိတ်ထဲတွင် တစ်နုတ်နုတ်နှင့် မခံနိုင်တော့ သောကြောင့်  ချရေးလိုက်ခြင်း ဖြစ်ပါသည်။


တကယ်ဆို ဒီရက်ပိုင်း အတွင်း com:၏ နှစ်ပတ်လည် ညစာစားပွဲ ရှိပါသည်။ ထို ညစာစားပွဲသို့  ကျမတို့  တက်ရောက်ခွင့် မရှိပါတဲ့ ။ အလုပ်မှာ ရှိတဲ့  အင်ဒိုမလေး ကသူရယ် ကျမတို့ နှစ်ယောက်ရယ် မပါဘူးလားလို့  သွားမေးပါတယ်။ ဖြေလိုက်သော အဖြေကတော့ ရင်နာစရာပါ။ ဂဏန်းပေါင်းစက် တစ်လုံးကိုယူပြီး အဲဒီ့ ညစာစားပွဲ မှာလူတစ်ယောက်ကို မလေးငွေ ၃၀ ကျမှာပါတဲ့  လူ ၁၀၀ ဆို ၃၀၀၀ ကျပါမယ်တဲ့ ။ အဲဒါကြောင့် သူဌေးမ ကမပေးနိုင်ပါဘူးတဲ့ ။ ကျမရှေ့ မှာပြောခြင်းတော့ မဟုတ်ပါ။ အတူနေ အစ်မက သူတို့ ပြောနေသော အချိန်တွင် ဘေးတွင်ရှိနေခြင်း ဖြစ်သည့် အတွက် ပြန်သိရခြင်း ဖြစ်ပါသည်။ ကျမတို့ က မလေးစကား သိပ်နားမလည် မှန်းသိသဖြင့် အစ်မ ရှိနေပေမယ့် ပြောခြင်းဖြစ်မည်ထင်သည်။ သူတို့ ကျွေးတာကိုစားချင်သောကြောင့် တော့ မဟုတ်ပါ။ ဒီ ငွေ ၃၀ဆိုတာကို ကျမတို့ လည်း ပေးပြီးစား နိုင်ပါသည်။ တစ်နှစ်မှာ တစ်ခါသာလုပ်သည့်  ထိုပွဲကို အရေးတယူလုပ်ပြီး မခေါ်သောကြောင့် စိတ်ထဲတွင် တော်တော်လေးတော့ ခံပြင်းမိသည်။


နောက်ပြီး တစ်နှစ်ပြည့်  လို့  annual leave ရမလားမေးတော့  agent calling မလို့  မရပါဘူးတဲ့ ။ နင်တို့ ရဲ့  သူဌေးက သူတို့ မဟုတ်ပါဘူးတဲ့ ။ နင်တို့ က agent ကတဆင့် လစာပေးတာကြောင့်  သူတို့ နဲ့  မတူပါဘူးတဲ့ ။ အော်... အလုပ်လုပ်ဖို့ ကြတော့ တူသတဲ့ လားနော်... ဘာတွေမတူ ဘာတွေကွဲပြားနေလို့ ပါလိမ့် ။ အတော်ကိုဘဲစဉ်းစားရကြပ်တဲ့  အခြေအနေ တစ်ခုဖြစ်နေပါတယ်။ တကယ်ဆို agent ကလည်း တစ်လကို ၅၀၀ လောက်ကို ဖြတ်စားထားတာပါ။ လစာကို အပြည့် မရမှန်းလည်း com:က ကောင်းကောင်းသိပါတယ်။ ဒါကိုလည်း အခြေအနေတစ်ရပ် အနေနဲ့ မကူညီတဲ့ အပြင် သူတို့ ဝန်ထမ်း မဟုတ်ဘူးလို့ တောင်ပြောချင်နေတဲ့ ပုံစံပါ။ ခိုင်းစရာရှိရင်တော့  လက်တိုလက်တောင်းကအစ ဒီဗမာ နှစ်ယောက်ကို ခိုင်းချင်ပါတယ်။ တော်တော် တရားကျစရာကောင်းပါတယ်။ အခုတော့  ၂၀၁၁ ရယ်မြန်မြန်ရောက်ပါတော့ လို့  ဆုတောင်းမိပါရဲ့  ။

5 comments:

  1. ၂၀၁၁ က ဘာဖစ်မှာမို့ လည်းအင်...

    ReplyDelete
  2. ၂၀၁၁ ကျရင် ပြန်မယ်လေ။ မြန်မာပြည်ကို၊ နေတော့ ဘူးဒီမှာ စိတ်နာလို့.... ဟင့် ..

    ReplyDelete
  3. ရီမိုးပြည့် လိုမျိုး ဗမာတွေ ကမ္ဘာအရပ်ရပ်မှာ အကြောင်းကြောင်းနဲ့ သိမ်ငယ်စရာခံစားနေရတာပါ.ထိုင်းမှာဆိုတော်တော်ဆိုးတာ.ရောဂါရဲ့အမြစ်မပြတ်သရွေ့တော့ ဘေးထွက်ဆိုးကျိုးတွေခံစားရကြဦးမှာ
    အားတင်းထား..ညီမရေ..

    ReplyDelete
  4. ညီမလေး...
    အစ်ကို အဲ့ဒါမျိုးတွေကြားနေရတာကြာပါပြီ...။ ကြားရတိုင်းလည်း စိတ်မကောင်းဖြစ်မိရတယ်...။ အေးဂျင့်တွေဟာ တော်တော်ဆိုးတယ်ညီမရေ....
    ဖြစ်နိုင်ရင် မြန်မာပြည်မှာပဲ...အစ်ကိုလည်းနေချင်တယ်ဗျာ...။
    အစစ အဆင်ပြေပါစေနော့...
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  5. စိတ်မကောင်း ဖြစ်မိပါတယ် ရီမိုးရေ..။

    ReplyDelete