Thursday, February 18, 2010

နာခံလျှက်ပါ

အဖော်ဆိုတာမရှိ၊ တစ်ကိုယ်တည်းလျှောက်လှမ်းနေရတဲ့ 
ငါ့ ဘဝမှာ
မင်းရဲ့ အပြုံးက အားတစ်ခုပါ
အကြင်နာ အကြည့် ပါးပါးလေးမှာ
တွယ်တာစရာတွေနဲ့  ရစ်နှောင်ပြီး
ဝေဒနာတွေကိုတော့  မပေးပါနဲ့  ချစ်သူ……..


အရူံးဆိုတာကို မရချင်ပေမယ့် 
မင်းရဲ့ အမုန်းကို ခံယူဖို့ ငါမဝံ့ ရဲသေးပါဘူး
ဒါကြောင့် ……
မင်းဆုံးဖြတ်တဲ့  အဖြေတစ်ခုကို
ငါ့ ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ………


တကယ်ဆို……
ချစ်ခဲ့ ကြတဲ့  သက်တမ်းရှည်ကြီးမှာ
ငါစောင့် ထိန်းခဲ့ တဲ့  အရာတွေဟာ
မင်းအတွက် ချစ်သက်သေတွေပါပဲ………
အခုတော့ ………
မင်းရဲ့  အနေနီးပြီး သံယောဇဉ်ဖြစ်မိလို့ ပါ ဆိုတဲ့  ဆင်ခြေတစ်ခုနဲ့ 
မင်းကို မေ့ ဖို့ ငါကြိုးစားနေရပါပြီ


ကောင်းပါတယ် ချစ်သူ…..
အရာအားလုံး
မင်းသဘောပါ……….
မင်းသဘောပါ……….
မင်းသဘောပါ………
ငါ့  ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ…………



* ဟိုတစ်နေ့ က အသိအစ်ကိုတစ်ယောက်က သူ့ ရဲ့ အချစ်ရေး တစ်စွန်းတစ်စ ကိုရင်ဖွင့် လာတာနဲ့  သူ့ ခံစားချက်လေးကို မှီပြီး ဒါလေးကို ရေးဖြစ်သွားပါတယ်........

1 comment:

  1. ညီမရီမိုရေ..
    ကဗျာလေးဖတ်ပြီးခံစားသွားပါတယ်။။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete