Monday, February 15, 2010

ဆရာမ

“ဟဲ့ … နင်တို့ တွေ သောင်းကျန်းလှချည်လား… ဆရာမတွေ အတန်းဝင်တာ နောက်ကျပြီဆို ဒီလိုပဲ မျောက်လောင်းတွေလားမသိဘူး၊ ကဲ… စာအုပ်ထုတ်တော့ “


ဒီလိုစကားလုံးမျိုး အမြဲ သုံးပြီး အော်ငြောက်တတ်တဲ့  ဆရာမ၊ စကားလုံး ကြမ်းကြမ်း တွေပဲအမြဲသုံးပြီး အမြဲ ပြောတတ်ပေမယ့်  စိတ်နှလုံးသား အလွန်ဖြူစင်ပြီး၊ တပည့် တွေအပေါ် အမြဲ ကြင်နာတတ်တဲ့  ဆရာမ၊ သင်္ချာ သင်တာမှာ အလွန်တော်တဲ့ ဆရာမ၊ ကျူရှင်မတတ်နိုင်ပါဘူးဆိုတဲ့  တပည့် တွေ ကိုအိမ်ခေါ်ပြီး သင်ပေးခဲ့ တဲ့ သူ၊ ဆိုးလှပါတယ်ဆိုတဲ့  ယောက်ျားလေး တပည့် တွေကို ပိုချစ်တတ်တဲ့ သူ၊ မိန်းခလေးတပည့် တွေကို သမီး တွေလို ပြောဆိုဆုံးမတတ်တဲ့ သူ၊ စာမေးပွဲ ဖြေတိုင်း နင်တို့ တွေ ငြိမ်ငြိမ်ဖြေ တစ်ယောက်နဲ့ တစ်ယောက် မကြည့် ကြနဲ့ ဆိုပြီး သူ့ ခလေး တွေ မဖြေနိုင်မှာ စိုးလို့ သူကိုယ်တိုင်လိုက်ပြောပြတဲ့ သူ၊ သူ့ ကိုယ်ခန္ဓာ ဝဝကြီး နဲ့  သူ့ တပည့် တွေ ကို လိုက်ရိုက်နေတဲ့  ဆရာမ၊


အခုတော့  ဒီလောကကြီး ကနေ အပြီးတိုင် စွန့် ခွာ သွားပြီတဲ့ ။ သူ့ တစ်သက်မှာ စာသင်တဲ့ အလုပ်ပဲလုပ်ပြီး၊ ဒီတပည့် တွေနဲ့ ပဲ နေလာခဲ့ တဲ့ သူ၊ ဘယ်ခုနှစ်က ဘယ်တပည့် ကိုမဆို သူမြင်ရင်မှတ်မိနေတတ်တာ သူ့ ရဲ့  အရည်အချင်းတစ်ခုလေပဲလား။ အခုတော့ သူချစ်တဲ့ သူ့ ရဲ့ ကျောင်း၊ စာသင်တဲ့ အလုပ်၊ သူချစ်တဲ့ သူ့ တပည့် ကို ထားခဲ့ ပြီး သူအရင်သွားနှင့် လေပြီ။


ဆရာမကောင်းရာသုဂတိလား ဖို့  တပည့် တစ်ယောက်ဖြစ်ခဲ့ တဲ့  ကျမ ဆုတောင်းနေပါတယ်…. အနေဝေးနေလို့  အသိနောက်ကျပေမယ့်  မမေ့ နိုင်တဲ့ အမှတ်တရ မြင်ကွင်းတွေကို ပြန်မြင်ယောင်ရင်း တပည့် တို့ သိပ်ချစ်ရတဲ့ ဆရာမကို ဒီနေရာကနေကန်တော့ ပြီး ဆုတောင်းပေးလိုက်ပါတယ်….

3 comments:

  1. အဆုံးတော့လည်း ဒီခရီးကို အားလုံး သွားကြရမှာပဲလို့ ဆိုပေမယ့်..
    ဒီလိုဆရာမျိုးကို ဆုံးရှုံးရတာ နောင်လာနောက်သားတွေအတွက် နစ်နာမှု တခုလို့ မြင်မိပါတယ်...

    ReplyDelete
  2. မန့် လို့ မရဘူးပြောနေကြတာ ဘာဖြစ်လို့ ပါလိမ့် 

    ReplyDelete
  3. ညီမရီမိုးရေ..
    ကိုယ့်ချစ်ခင်ခဲ့ရတဲ့ဆရာမဆိုတော့ပိုလို့စိတ်မကောင်းဖြစ်ရတာပေါ့နော်..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete