အချစ်တစ်ခုမှာ မိန်းခလေးနဲ့ ယောက်ျားလေး ပြိုင်ရင်ဘယ်သူကနိုင်မယ်ထင်လည်း ချစ်သူ၊ တကယ်ဆို ရင်ထဲရှိ၊ရှိတဲ့ အတိုင်းပြောခွင့် မရှိတဲ့  မိန်းမသားတွေရဲ့ ဘဝကို ချစ်သူ နားမှလည်ပါစ။ တကယ်ဆို အမှတ်မထင်ဖြစ်ပေါ်ခဲ့ တဲ့  အချစ်တစ်ခုကို ငါကိုယ်တိုင် ပွင့် ပွင့်  လင်းလင်း ပြောဖို့ သတ္တိတွေပျောက်ဆုံးနေတယ်။
ဘေးကပြောတဲ့ စကားနဲ့  ချစ်သူရဲ့ စကား ဘယ်ဟာကို အတည်ယူရမှာလဲ။ ချစ်သူကိုလည်း မယုံရဲ၊ အဆက်အသွယ်လုံးလုံးဖြတ်ဖို့  လည်းကိုယ့် ဘက်ကမတက်နိုင်၊ ဒီလိုနဲ့  အချစ်တစ်ခုမှာ ကျရူံးတော့ မယ်ထင်ပါရဲ့ ။ အဲလိုတော့ လည်းအဖြစ်မခံနိုင်ဘူးချစ်သူ။ တိုင်းတပါးမှာ မိသားစုနဲ့ ခွဲပြီး ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ ကျမတို့ မိန်းမသား၊ မြန်မာမိန်းမသားတွေ အနေနဲ့  အများကြီး ထိန်းသိမ်းရတာတွေရှိတယ်။ ဒါကို လူမျိုးခြားဖြစ်တဲ့ ချစ်သူနားလည်နိုင်ပါ့ မလား။ ချစ်သူကို မချစ်ရဲ၊ မယုံရဲရတဲ့  အကြောင်းတွေထဲမှာ အဲဒါလဲပါနေခဲ့ တာ။ ရှင်ဟာမြန်မာတစ်ယောက်ဖြစ်လိုက်ရင် ဘယ်လောက်များကောင်းလိုက်မလဲ။ ချစ်သူရဲ့ လက်ကိုဆွဲပြီး ကျမ အရာရာ ရင်ဆိုင်နိုင်မှာပေါ့ ။
အခုတော့ ….. အရာရာကိုစဉ်းစားပြီး တွေးကြောက်ရင်း ကျမရူးချင်နေပြီချစ်သူ။ အရာရာကိုတွေးကြောက်နေတဲ့  ကျမကို ချစ်သူ စိတ်ညစ်နေပြီထင်တယ်။ လူတွေရဲ့ အပြောအဆိုခံရမယ့် အဖြစ်ကို ကျမမခံနိုင်သေးလို့ ပါ။ ကျမဘာဆိုဘာမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးဘူးချစ်သူ။
ကျမ ဒီကိုစရောက်ကတည်းက ချစ်သူရဲ့  ဂရုစိုက်မူ့ အောက်မှာ နေနေရတာ ကျမအတွက်လုံခြုံမူ့ တစ်ခုပါ… ချစ်သူရှိရင် ကျမရင်ထဲ လုံခြုံတယ်လို့ ခံစားရတယ်…ရှင်ကမြန်မာလို တစ်ခုခုတက်လာလို့ ပြောလိုက်တိုင်း ကျမ အရမ်းကို သဘောကျခဲ့ ရတာ။ ပြီးတော့  ရှင်က ငါကမြန်မာလေ နင်မသိဘူးလားလို့ ပြောလိုက်ရင် ကျမ အမြဲပြုံးမိတယ်။ နောက်ပြီး တစ်ရက် ရှင်ကျမကိုနောက်ပြီးတော့ ခွင့် တစ်လယူမယ်တဲ့ ၊ကျမက ဘာဖြစ်လို့ လဲမေးတော့  မြန်မာပြည်သွားမယ်လေတဲ့ ၊ နင့် အိမ်ကိုသွားမယ်တဲ့ ။ နင်က ငါ့ အိမ်ကို သွားတဲ့ ၊ အဲဒီ့ တုန်းက ကျမ ရှင့် ကို ရူးသွားပြီလားလို့ မေးခဲ့ တယ်။ အဲဒီ့ တုန်းက ကျမတို့ စရင်းနောက်ရင်းနဲ့  ပျော်ခဲ့ ကြတယ်နော်။ အဲဒီ့ အချိန်တွေကို ပြန်တမ်းတနေရပြီပေါ့ ။
တကယ်ဆို ကျမတို့  နှစ်ယောက်ကို ဂြိုလ်စိုး ကြီးတစ်ခုက ဆွဲဖယ်လိုက်တာလေများလား။ အခုတော့ ရှင့် မျက်နှာလည်း မမြင်ရတော့ ဘူး၊ ဆုံစည်း ဖို့ အတွက်ကို ကျမဆီကတောင်းခံပေမယ့်  ကျမကိုယ်တိုင်ရင်မဆိုင်ရဲဘူး ဖြစ်နေတယ်။ ခွင့် လွှတ်ပါချစ်သူ.. ကျမ ကြောက်တတ်တာဖြစ်မှာပါ… ရှင့် ကိုလဲမယုံနိုင်သေးတာလည်းဖြစ်မှာပါ….. တကယ်ဆို အချစ်မှာ ကံမကောင်းတတ်တဲ့ ကျမ အချစ်ကိုကြောက်နေတာဖြစ်မှာပါ….. အခုတော့ ကျမ ရှင့် ကိုလွမ်းနေရပြီပေါ့ …….
မှတ်ချက်.... အခုတစ်လောလွမ်းတာတွေများနေလို့  ရီမိုးပြည့် တို့ ကများလိုက်တာဖြစ်နေအုံးမယ်... အရင်ရေးခဲ့ တာက သူများရဲ့  ခံစားချက်လေးတစ်ခုပါ.... အခုကတော့ ခံစားမိတာကို အပြတ်ခံစားလိုက်တာပါ....
ဒီဇင်ဘာ မိုး
3 months ago
ညီမလေးရေ...
ReplyDeleteအဲ့ဒါ တစ်ကယ့်ခံစားချက်ဆိုရင် အစ်ကိုသတိပေးတယ်နော်...။
လုံးဝမဖြစ်သင့်ပါဘူးဗျာ...။
ယောက်ျားတွေရဲ့ မာယာဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ... ယောက်ျားလေးဖြစ်တဲ့ အစ်ကိုကိုယ်တိုင်သိလို့ပါ...။
မကျရှုံးပါစေနဲ့ဗျာ...။ အချစ်ဆိုတဲ့ အရာတစ်ခုထဲမှာ....
အခန့်မသင့်ရင် ဘ၀ဆိုတာ စုံးစုံးမြုပ်သွားတတ်တယ်လေ....း(
ခင်မင်တဲ့
ဏီလင်းညို
စိတ်ပူပေးတဲ့  ကိုဏီ ကိုကျေးဇူးပါ... တကယ့် ခံစားချက်ဆိုပေမယ့် 
ReplyDeleteအချစ်တစ်ခုမှာ ကျရူံးရအောင်တော့  မိုက်ရူးရဲ မစံသေးဘူးထင်ပါတယ်... ညီမလေးတစ်ယောက်လို ဆုံးမတဲ့ အတွက်လည်း အထူးကျေးဇူးပါ... စာသားကိုနည်းနည်းလှအောင်ရေး လိုက်လို့  စိတ်ပူစရာဖြစ်သွားပုံရတယ်... စာလာဖတ်ပေးတဲ့ အတွက်လည်း ကျေးဇူးပါ...
ညီမလေးရီမိုရေ..
ReplyDeleteအချစ်အတွက်တော့ ကျရှုံးခြင်း ဆိုတာ တကြိမ်တခါ ရှိလာနိုင်ပေမဲ့ ကျရှုံးခြင်း ထဲကပဲ အနိုင်ပြန်ယူ ရမယ် ထင်တယ်နော်...
ခင်တဲ့
သဒ္ဓါ
ညီမလေးရီမိုရေ..
ReplyDeleteအချစ်အတွက်တော့ ကျရှုံးခြင်းဆိုတာတကြိမ်တခါ ရှိလာနိုင်ပေမဲ့ ကျရှုံးခြင်း ထဲကပဲ အနိုင်ပြန်ယူရမယ်ထင်တယ်နော်...
ခင်တဲ့
သဒ္ဓါ
အလွမ်းကို ရေးတာတောင် စာသားကိုနည်းနည်းလေး "လှ" အောင် ရေးတယ်တဲ့လား...
ReplyDeleteးဝ)