Tuesday, February 9, 2010

ချဉ်ပေါင်ဟင်းရည်

ရီမိုး တို့ ကခြေမှာဗွေပါတယ်ပဲပြောပြော၊ ပိတ်ရက်ဆို အိမ်မှာမနေတာက အကျင့် တစ်ခုလိုများဖြစ်နေသလားပဲ၊ ဒီမှာကတစ်ယောက်ထဲ နေရတော့ ငြီးငွေ့ တာလဲပါမယ်။ အပြင်ကိုသွား သူငယ်ချင်းတွေနဲ့ တွေ့ ၊ အခုတရုတ်နှစ်ကူးက ရှိနေတော့  ရှော့ ပင် ထွက်ရတာလည်းကောင်းပေါ့ ။ ဒီလိုနဲ့ တစ်နေကုန် လျှောက်သွား၊ ညနေစောင်းတော့  အိမ်ပြန်ဖို့  ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့် ၊ အရေးဆို ဘတ်စ်ကားက ကိုယ်စောင့် နေတဲ့ မှတ်တိုင်မှာ မရပ်လို့  တစ်ခြားမှတ်တိုင်ကို မှီအောင်ပြေးရသေးတယ်။ တော်သေးတယ်၊ မှီလို့ ။


ဒီတစ်ကားလွတ်သွားရင် နောက်တစ်ကားကို တော်တော်ကြာအောင် စောင့် ရအုံးမှာလေ။ ဒီတော့ အလွတ်မခံနိုင်။ ကိုယ့် မှာက ကိုယ်ပိုင်ကားတွေပါတွေ မရှိတော့  ဒါပဲအားကိုးနေရတာမလား။ ဒီလိုနဲ့ ဘတ်စ်ကားပေါ် အလုအယက်တတ်(ထိုင်ခုံမရမှာစိုးလို့ ) အပြေးအလွှား တရုတ်မ တစ်ယောက်ဘေးမှာ အကျအနထိုင်ပြီး၊ အမောဖြေ၊ နောက်လမ်းတစ်လျှောက်အိပ်ငိုက်သွားမယ်ဆိုတဲ့  အစီအစဉ်နဲ့ ပေါ့ ။ တစ်နေကုန် သွားထားတော့  မောနေပြီလေ။ ကားကလည်း ကိုယ့် နေတဲ့ နေရာရောက်ဖို့ က ၄၅မိနစ်၊ ကားလမ်းပိတ်ရင် ၁နာရီ လောက်ကြာမှာဆိုတော့  အေးဆေးပဲလေ။ အိပ်ငိုက်ဖို့ ။


အဲလိုနဲ့ ခြေပစ်လက်ပစ် ထိုင်လိုက်တုန်း အနံ့  တစ်ခု နှာခေါင်းထဲကို စူးစူးရှရှ ဝင်လာပါရောလား။ မှန်းစမ်း... ဒါဘာနံ့ လဲ။ အဲ.... သိပြီ။ သိပြီ ”ချဉ်ပေါင်ဟင်းရည်” နံ့ ၊ သေချာပြီ ကားပေါ်မှာ ဒို့  ရွှေမြန်မာတွေပါလာပြီ။ ဘယ်ကဘယ်လိုသယ်လာတဲ့ ဟင်းရည်မှန်းမသိ၊ သေချာလည်း လုံအောင်မလုပ်၊ အဲကွန်းကားပေါ်မှာ ဆိုးလိုက်တာ မပြောပါနဲ့ တော့ ။ ဒီဟင်းကိုကြိုက်လည်းကြိုက်ပါတယ်။ ဒါပေမယ့် ကိုယ့် အချင်းချင်းတောင် ဒီအနံ့ ကို မခံနိုင်ပါဘူး။ တစ်ခြားလူတွေဆို မပြောပါနဲ့ တော့ ။ ကိုယ်တောင်ဒီလောက်ဆို ကိုယ့် ဘေးနားက တရုတ်မကတော့  နှာခေါင်းကို လက်နဲ့ ပိတ်ထားရတဲ့  အဆင့် ဖြစ်နေပါပြီ။


ကိုယ့်  ရွှေမြန်မာ တွေကလည်း ဂရုကိုမစိုက် အေးအေးဆေးဆေးပဲ၊ သူတို့ သယ်လာတာမဟုတ်သလိုပါပဲ။ ဘေးက တရုတ်မက ဘယ်လောက်မခံနိုင်ဖြစ်လာသလဲတော့ မသိပါဘူး။ ကိုယ့် ကိုတရုတ်အောင်းမေ့  လို့ ထင်ရဲ့ တရုတ်လိုပြောပြီး အတင်းတုတ်လိုက်သေးတယ်။ အဲ.. ကိုယ်ကတော့ တရုတ်စကားနားလည်လို့ တော့ မဟုတ်၊ သို့ ပေမယ့်  သူ့ မျက်နှာနဲ့ အမူအရာ ကိုကြည့် ပြီး ဒီအကြောင်းပြောတယ်ဆိုတာကို သိလိုက်ရတာပါပဲ။ သူ့ ခမျာ တော်တော် မခံနိုင်ဖြစ်နေပုံပါပဲ။


ကားကလည်းရှားတော့  ဒီကားပေါ်ကဆင်းပြီး နောက်တစ်ကားပြောင်း စီးဖို့ ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဆိုတော့ သူ့ မှာတော်တော် သည်းခံနေရတဲ့ ပုံ။ ကိုယ်လည်း ဟီး ဆိုပြီး တစ်ချက်ပဲ ရီပြလိုက်ရပါတယ်။ ဘာလုပ်ပြလို့ ပြရမယ်မှန်းလည်းမသိပါဘူး။ ကြားထဲက ကိုယ်ကဝင်ပြီး အားနာနေရတာပါ။ တကယ်ဆို အဲကွန်းကားပေါ်ကို ဒီလို အနံ့ ထွက်မယ့် ဟာတွေ သယ်မယ်ဆို သေချာလုံခြုံအောင်ထုတ်ပို့းသင့် တယ်ဆိုတာကို မသိတာလား၊ မသိချင်ယောင်ဆောင်တာလားတော့ မပြောတတ်ပါဘူး။


အကြောင်းတစ်မျိုးမျိုးကြောင့်  ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုပေမယ့်  မဖြစ်သင့် တဲ့ အရာလို့ မြင်ပါတယ်။ ကိုယ့် ဟာကို သယ်လာတာပဲ ဘာဖြစ်လဲဆိုတဲ့ စိတ်မျိုးနဲ့  ဆိုရင်တော့  ပိုလို့ တောင်ဆိုးပါသေးတယ်။ ကိုယ့် ကြောင့်  သူတစ်ပါးရဲ့ စိတ်ကို အနှောင့် အယှက်ဖြစ်စေတယ် ဆိုတော့  မကောင်းဘူးပေါ့ နော်။


အထူးသဖြင့် ရီမိုးကိုအနှောင့် အယှက်ဖြစ်ပါတယ်.. လမ်းမှာ အိပ်ငိုက်မယ်လို့ ကြံရွယ်ထားပါတယ်ဆိုမှ အဲဒီ့ အနံ့ ကြောင့် ဘယ်လိုမှကို အိပ်ငိုက်လို့ မရပါဘူး။ ဘယ်လောက်ဆိုးလဲဆို သူတို့ ကားပေါ်ကဆင်းသွားတာတောင် အဲဒီ့  အနံ့ က စွဲလို့ ကိုကျန်နေတော့ တာပါပဲ။ ကိုယ်ကလည်း  ဂိတ်ဆုံးထိ စီးရတာဆိုတော့  ပိုဆိုးတာပေါ့ ။ ဒီလိုအကြောင်းအရာက အသေးအမွှားလေးဆိုပေမယ့် ၊ ကိုယ့် လူမျိုးမျက်နှာငယ်ရသလိုပါပဲ။ သူတို့ တွေကို တခြားလူမျိုးတွေက အထင်သေးသလို အကြည့် မျိုးနဲ့ ကြည့် တာကို သူတို့ ကခံနိုင်ပေမယ့်  ကိုယ်ကမခံနိုင်၊ ဒါပေမယ့် ဘာမှလဲပြောလို့ မရတော့ ၊ ခေါင်းကိုသာ တွင်တွင်ခါပြီး၊ ကားပေါ်မှ ဆင်းသောအခါမြေပြင်ကိုခြေချမိသည်နှင့်  လေအစင်ကို တဝ ရူပြီး၊ အိမ်သို့ ပြန်ခဲ့ ရလေသတည်း။ ။

4 comments:

  1. အင်း..ချဉ်ပေါင်ရွက်ဟင်းရည်များ..ဟင်း..နံတယ်တဲ့...

    ReplyDelete
  2. ဟာ အစ်ကိုကလည်း အဲကွန်းထဲမှာ ဆိုတော့ နံ တာပေါ့ လို့ ... တစ်ခြားနေရာဆိုရင် တစ်မျိုးလေ

    ReplyDelete
  3. မပူနဲ့ နောက်တခေါက်ကျရင် ငါးပိရည်အိုး သယ်လာခဲ့မယ်...
    ချဉ်ပေါင်နဲ့ လိုက်တယ်လေ...

းဝ)

    ReplyDelete
  4. ရီမိုးရေ စာအရေးသားကောင်းတယ်ဖြစ်နိုင်ရင်ဒီအကြောင်းလေးတွေရေးပါဦး အကျိုးရှိလို့ပါ ဗမာတွေကွမ်းစားတာ ဆေးပေါ့လိပ်သောက်တာ ပုဆိုးကိုလူကြား မှာဝတ်တာ အုံးဆီလိမ်းတာ လူရှေ့သူရှေ့နှာပ်ချီး ကလော်တာ အနံပြင်းတဲ့သနပ်ခါး တွေဖြစ်သလိုလိမ်းတာ အဲဒါတွေ ကိုဝေဖန် ပေးပါဦး...ပြီးရင်ငါးပိနဲ့.တံတွေးထွေးတာတွေရှိသေး တယ်...

    ReplyDelete