Saturday, July 3, 2010

သိစေချင်ပါသည်။

ဒီပို့စ်လေးက ရီမိုးရဲ့ မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့စာလေးပါ။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အမှန်တကယ်ကို သိသင့်တဲ့ တရားတော်တွေပါ။ အသက်အရွယ်မရွေးသိသင့်တဲ့အတွက် ရီမိုးလည်း ကိုယ့်ဘလောက်မိသားစုတွေကို ဝေမျှချင်တဲ့ စိတ်လေးဖြစ်မိလို့ပြန်ပြီးဖော်ပြပေးပါတယ်။ သူတစ်ပါး ပို့စ်ကို ခိုးယူဖော်ပြခြင်းမဟုတ်ပါ။ သိစေချင်သောစိတ်၊ သူငယ်ချင်းအပေါင်းအား
ဖတ်စေချင်သော စေတနာဖြင့်သာ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ရီမိုး၏ စာမျက်နှာသို့ အလည်ရောက်သော မရောက်သော သူငယ်ချင်းအားလုံး အစစအရာရာ အစဉ်ပြေ ချောမွေ့သော ဘဝလမ်းကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် လျှောက်လှမ်း နိုင်ကြပါစေ......



Living together နှင့် ကာမေသုမိစ္ဆာစာရ ။ အရှင် ၀ိစိတ္တ (မနာပဒါယီ)



Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည် နိုင်ပါတယ်။ ဒီအလေ့ အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့် လို့လည်း ပြောနိုင်ပါတယ်။ သူတို့ အဆိုအရ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ဘက် အဖြစ် တစ်ဘ၀လုံး အတူ လက်တွဲ သွားရမယ့် အရေးမှာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ ဘုမသိ ဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦး သဘောတူ အတူ နေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာ အဖြစ်နည်းပြီး ရေရှည် မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့ အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော် များများဟာ ဒီစနစ်ကို ကျင့်သုံး နေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက် နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသား တွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်း ကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့ လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက် မှသည် အာရှတိုက်၊ အဲဒီကမှ တစ်ဆင့် အခုတော့ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ပြန့်နှံ့ လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှု. နဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အနေနဲ့ ကတော့ ဒါဟာ အမတန် ပြောင်းပြန် ဖြစ်နေတဲ့ စနစ်ဖြစ်နေ ပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။

ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး

(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။

ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူး သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေး တွေရော မိန်ကလေး တွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြ တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင် သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်း အမျိုးမျိုးကြောင့် အမိမြန်မာပြည် ကနေ အပြင် ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ် လပ်လပ်ကို နေပစ် လိုက်တာတွေ တွေ့မြင်ကြား သိနေရ ပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ အဆင်ပြေ ပေမယ့်လည်း ကိုယ်ကျင့် သီလပိုင်းကို ဂရုမစိုက် လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာ တွေကြောင့် ကာမပိုင် ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘ ညီအစ်ကို မောင်နှမ စတဲ့ အုပ်ထိန်းသူ ရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရ ပြန်ပါတယ်။ ဒီလို အတူ နေတာတွေဟာ ကာမေသု မိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအ ကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသု မိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်း အတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီး သူများ အထူးသတိ ပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူ ကာမဂုဏ် မှီဝဲမှုဟာ ကာမေသု မိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြား အမျိုးသမီး တစ်ဦးဦးနဲ့ သွားလာ ပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင် သဘောအရ ကိုယ်လုပ် ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ် ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီး များလည်း ဒီအတိုင်းပါပဲ။ ကိုယ့် လင်ယောက်ျား ကလွဲပြီး ကျန်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမ ဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသု မိစ္ဆာစာရကံ ဖြစ်ဖို့ လွယ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြ တာတွေဟာ အနောက် တိုင်းသားများရဲ့ သဘောအရ ရေရှည် အိမ်ထောင်ရေး အဆင်ပြေရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ် အပြစ်ဖြစ်တဲ့ ကာမေသု မိစ္ဆာ စာရကံ ဖြစ်စရာ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင် မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦး တစ်ယောက် ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန် ထိမ်းသိမ်းရေးက အဓိက ကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာ ဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်း ပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့ အတူ အသိပညာ၊ အတွေ့အကြုံ နည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် တစ်ချို.သော မြန်မာများ အနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရ လေအောင် သူများ living together ဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှု. တွေနဲ့ ဘ၀သံသရာ ဒုက္ခ ဖြစ်စေမယ့် မကောင်းတဲ့ အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူး လိုအပ်တယ် ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသု မိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိ ကြစေဖို့ စေတနာ စကားနဲ့ အသိပေး ပြောကြား လိုက်ရပါကြောင်း…


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 1:07 PM
စုစည်းထားမှု = တွေးမိသမျှ




အကုသိုလ် ဖြစ်သွားသော အချစ် ။(ရဝေနွယ်- အင်းမ)



အချစ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကြိုး ဆိုးပစ် အတွက်လည်း ကျေးဇူး ပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။
အကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။

အကုသိုလ်က အကုသိုလ် ကို ပြန်ကျေးဇူး ပြုပါတယ်တဲ့။ ဘယ်လိုပြုတာလဲ ဆိုတော့

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါး အသက်ကို သတ်မယ်။ သူတစ်ပါး ဥစ္စာကိုခိုးမယ်။ လိမ်ပြောမယ်။ ကုန်းတိုက်စကား ကိုပြောမယ်၊ ကြမ်းတမ်းတဲ့ စကားကို ပြောမယ် စသည်တွေ ပြုမိမယ်။ ပြောမိမယ် ဆိုရင် အချစ်ကနေ ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ ပြောရင် ကိုယ့်ရဲ့ ဇနီး မယား စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့ အတွက် သူတစ်ပါး အသက် သတ်မယ်။ မသမာတဲ့ နည်းနဲ့ စီးပွားရှာမယ်၊ လာဘ်စားမယ်၊ အောက်စိုက်ရှာမယ်၊ လိမ်ပြောမယ် ဆိုရင်၊ အချစ်ကြောင့် အကုသိုလ် ဖြစ် သွားတာပါ။ ဋ္ဌာန ဆိုင်ရာတွေမှာ ငွေအလွဲ သုံးစားလုပ်လို. ထောင်ကျ သွားတာတွေ၊ အလုပ်ပြုတ် သွားတာတွေ ကြားရ သိရဖူးမှာပါ။
လာဘ်စားတယ်၊ အောက်စိုက်ရှာတယ်၊ ငွေအလွဲ သုံးစားလုပ်တယ် ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စားဖို့ သောက်ဖို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။ တကယ် သေချာ စဉ်းစားကြည့် ရင် အကုသိုလ် ပြုရတော့ ကိုယ်တစ်ယောက်တည်း ခံစားတော့ ကိုယ်ချစ်ရတဲ့ သူတွေ လောကအပြစ် သံသရာအပြစ် ခံရတော့ ကိုယ်တစ်ယောက်ထဲ ၊ကိုယ့်ဘက်က အရူံးချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာ ဆိုတော့ ကုသိုလ် အကုသိုလ် ကို ခွဲမသိနိုင် တော့ပါဘူး။ ချစ်ချစ် အတွက်ဆို ဘာပဲလုပ်ရ လုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါး ဥစ္စာပဲ ခိုးရ ခိုးရ လုပ်တော့မှာပါ။ အဓိက ကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

အချစ်မှာ အသိဥဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော်ပါတယ်။

အသိဥဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူ့တို.ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထားရမှာပါ။ ဘ၀မှာ အသိဥဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။

Saturday, May 8, 2010

အမေ...........

အမေ… တိုးတိုးလေးခေါ်ညည်းမိတယ်။ အခုအချိန်ဆို အမေဘာလုပ်နေမလဲလို့ တွေးမိပါရဲ့။ နေရောကောင်းရဲ့လား။ အနေဝေးတော့ မှတမ်းတမိတာ သမီးအမှားလားအမေ။ အမေနဲ့ အတူရှိနေတုန်းကတော့ အမေများနေ့ဆိုတာ ဘာမှန်းတောင်မသိပဲ ကုန်ဆုံးခဲ့တဲ့ နှစ်က ၂၃နှစ်၊ အခုအနေဝေးမှ နင်သိပ်သိတက်နေတယ်ပေါ့လေလို့ အမေ့ စိတ်ထဲမှာ တွေးနေမယ်ထင်တယ်နော်။


အဟုတ်ပဲလေ။ ခလုတ်ထိမှ အမိတ ဆိုတဲ့ မြန်မာစကားပုံလိုပေါ့ အမေ၊ အနေဝေးတော့မှပဲ တန်ဖိုးတွေနားလည်တက်နေပြီအမေ။ တစ်ခါတစ်လေဆို တွေးမိပါရဲ့ ၊ တစ်စုံတစ်ခု အခက်အခဲ တွေ့ပြီ ရင်ထဲမှာ ခံစားရတာတွေရှိလာပြီဆို မျက်ရည်အရင် ကျချင်နေမိတဲ့ အမေ့သမီး၊ အဲလိုဖြစ်မှ ငါ့အမေ ငါတို့ကို ဘယ်လိုများ လောကကြီးအလယ်မှာရုန်းကန်ပြီး စောင့်ရှောက်လာပါလိမ့်လို့ပေါ့၊


မြင်ယောင်မိပါတယ် အမေ့မျက်နှာကို အလုပ်ကမောမောနဲ့ ပြန်လာတယ်၊ အိမ်ရောက်တော့ သူ့ယောက်ျားနဲ့ သားသမီးတွေ အတွက်တဲ့ ထမင်းဟင်း ပြေးချက်လိုက်သေး၊ ပြီးတော့ ရေမိုးချိုး၊ ထမင်းဝိုင်းကို ခူးခပ်၊ ပြီးတော့ မိသားစု ထမင်းလက်ဆုံစားနိုင်ဖို့ အတွက်ကိုသူစီမံပေးတက်တယ်။ ပြီးတော့ သူနားမယ်လို့တော့ မထင်လိုက်ပါနဲ့။ သူသိပ်ကြိုက်တဲ့ ကိုရီးယားကားကြည့်တာတောင် မီးပူလေးထိုးပြီးကြည့်တက်တဲ့ အမေပါ။


အခုတော့ ကိုယ်လည်း အလုပ်ကပြန် ကိုယ့်အတွက်စားစရာကိုယ့်ဟာကိုယ်ချက်(ဒါတောင် ယောက်ျား အတွက်၊ သားသမီး အတွက်တွေ မပါသေးဘူး) အဲလိုတွေ လုပ်တိုင်း အမေ့ကိုသွားသွားသတိရမိတယ်၊ အမေဆို အမြဲပြောတက်တယ်၊ ဟင်းတွေထပ်ထပ်ပြီးချက်လာပြီဆို ဂျီးများချင်တဲ့ ကိုယ့်အကျင့် က အမေကလည်း ဒီဟင်းချည်းပဲချက်နေတာပဲဆိုပြီး ပြောရင်၊ ငါလည်းတစ်နေ့တစ်နေ့ နင်တို့ကို ဘာချက်ကျွေးရမလဲကို မသိဘူးဆိုပြီး အမေ အမြဲပြန်ပြောတက်တယ်၊ အခုဒီရောက်တော့ ကိုယ်လည်းအဲလိုဖြစ်နေပါပြီ အမေ၊ ကိုယ့်ဟာကိုယ် စားဖို့တောင် ဘာချက်စားရမလဲ မသိဘူးဖြစ် နေတဲ့ သမီး၊ အခုတော့ အမေ့ကို ကောင်းကောင်းလေး ကိုယ်ချင်းစာတက် နေပြီလေ။


ဒါတောင် အမေ ရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ်ဆိုတာ သမီးသိပါတယ် အမေ။ တစ်ခါတစ်လေ အဖေက ငြိုငြင်လို့ ဟောက်ရင်လည်းအမေအမြဲ သည်းခံရတာပဲနော်။ သားသမီးတွေ မသိနားမလည်လို့ အမေ့ကိုပြန်ပြောတဲ့ အခါဆိုရင်လည်း အမေရင်နာနာနဲ့ ဆုံးမရမှာပဲနော်။ သမီးတို့တွေ ဆိုးချင်ဆိုးမယ် အမေ၊ ဒါပေမယ့် အမေကတော့ အမြဲ ဂရုဏာ ထားပြီး စောင့်ရှောက်နေတုန်းပဲ ဆိုတာကိုသမီးသိပါတယ်၊ ဒါကြောင့်မလို့ လဲ လူ့လောက အလယ်မှာ င်္ကြ့ ကြံ့  ခံနိုင်ပြီး အကောင်းဆုံးလမ်းတွေကို ရွေးချယ်ပြီးလျှောက်လှမ်းနေနိုင်တာပါ။ အမေများနေ့ အတွက် ဒီပိုစ့် လေးကိုရေးရင်း အမေ့ကို သတိတရနဲ့ ကန်တော့လိုက်ပါတယ် အမေ…..

Wednesday, March 24, 2010

မလေးရှား

စာမရေးဖြစ်လို့  ဘာတွေရေးပြီးတင်ရင်ကောင်းမလဲလို့  စဉ်းစားနေတာ၊ အခုတလော မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့ အကြောင်းလေးကို ရေးချင်လာတာနဲ့  ဒီစာလေးကို ရေးဖြစ်တယ်ဆိုပါတော့ ။


မလေးရှားက အော်ပရာစီ လို့ နာမည်ကြီးတဲ့  အမှန်မဟုတ်တဲ့ ပတ်စ်ပို့  မရှိတဲ့ ၊ သူတို့ နိုင်ငံမှာ တရားဝင် နေထိုင်မူ့ မရှိသော သူများကို ဖမ်းဆီးတဲ့  အဖွဲ့ ကြီး အကြောင်းကတော့  မလေးရှားမှာ ရောက်နေသော နိုင်ငံ အသီးသီးက လူအားလုံးကတော့ သိပြီးသားဖြစ်မှာပါ။ ရီမိုးတို့ တော့ အဲဒီ့ နာမည်ကြားတာနဲ့ တင် ကြက်သီးထပါရဲ့  သူတို့ က အမှန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကားပေါ်တင်ခေါ်သွားတာပါပဲ။ မြန်မာပြည်က လူပြက်တွေ ပြက်လုံးထုတ်သလို ဘာမှလာရှင်းမပြနဲ့  စခန်းရောက်မှရှင်းဆိုတာ သူတို့ လို လူမျိုးတွေကိုပြောတာထင်ပါတယ်။


သူတို့ တွေက ဘာစကားမှ အပြောမခံပါဘူးတဲ့ ။ ကားပေါ်တင်ခေါ်ပြီး ရဲစခန်းရောက်မှ အမှန်ဆိုရင် ပြန်လွှတ်ပေးတယ်လို့ တော့ ပြောကြတာ ကြားဖူးပါတယ်။ တခါမှတော့ သူတို့ နဲ့ မဆုံပါဘူး။ ဟိုတစ်နေ့  kl (ကွာလမ်လမ်ပူ) ကိုသွားတော့  သူတို့ ဖမ်းတဲ့ အချိန်နဲ့  ကြုံနေလို့  ကုန်တိုက်တစ်ခုက ထိုင်းစားသောက်ဆိုင် တစ်ခုထဲမှာ ဝင်နေပြီး အခြေအနေကို စောင့် ကြည့် နေရတယ်။ သူတို့ က စားသောက်ဆိုင် ထဲထိတော့ ဝင်မစစ်လို့ တော်သေးတယ်။ အဲဒီ့ နေ့ က သူတို့ လူစုက နည်းတာမဟုတ်ဘူး။ သူတို့ မျက်နှာကို ကြည့် ရတာ အရီ၊ အပြုံးကိုလည်းမတွေ့ ရဘူး။ စက်ရုပ်တွေကြနေတာပဲ။ လမ်းပေါ်မှာ ဖြတ်လာသမျှ လူအားလုံးကို စစ်တာပါပဲ။ အဲ.. အဲဒီ့ နေ့ ကတော့  မှန်တဲ့ လူဆိုရင်တော့ ပြန်လွှတ်ပေးတာ တွေ့ ရတယ်။ ကိုယ်လည်းသူတို့ ကို ကြောက်ပါတယ်ဆိုမှ တည့် တည့် ကြုံလာတော့  စားသောက်ဆိုင်ထဲကကို မထွက်ရဲ တော့ ဘူး။ အမှန်ဖြစ်တဲ့ ကိုယ်တောင် ဒီလိုဆိုရင် မမှန်တဲ့ လူဆိုရင် ဘယ်လိုနေမလဲမသိ။


အခုတလောကို သူတို့ က စီမံချက်အနေနဲ့ ကို ဖမ်းမယ်ကြော်ငြာထားတော့  မမှန်တဲ့ သူတွေ တကယ်ကိုသတိထားရမယ့် အချိန်ကာလတစ်ခုပါပဲ။ သူများနိုင်ငံမှာ တရားမဝင်ပဲ ဘာလို့ နေနေကြတာလဲ၊ သူတို့ တွေရှိနေတော့ ဒီလူတွေက တရားဥပဒေ အရဖမ်းဆီးတာ သူတို့ တွေ အပြစ်မှ မဟုတ်တာလို့  တစ်ချို့ အမှန်သမားတွေက ပြောလေ့ ပြောထ ရှိတာကို ကြားဖူးပါတယ်။ မှန်ပါတယ်၊ သူတို့ ပြောတာ။


ဒါပေမယ့်  ဥပဒေနဲ့ မညီပဲနဲ့ သူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူများနေချင်ရှာမှာလဲနော်။ မိသားစုနဲ့ လဲဝေး၊ အခက်အခဲ မျိုးစုံကလည်း ရင်ဆိုင်ရသေးတယ်။ အဲဒီ့  အပြင်ကို အစစအရာရာ သည်းငြီးခံရ၊ တစ်ချို့ သူဌေးတွေဆိုရင် ကိုယ့် ရဲ့ လုပ်အားခကို တောင်မပေးလို့ မနည်းတောင်းယူရတယ်။ အမှန်မဟုတ်တော့  တိုင်လို့ မရပြောလို့ မရ၊ ဒါတွေကို သိတဲ့  သူဌေးတွေက ဖိနှိပ်ချင်ကြတယ်။ အစစအရာရာ ကြောက်နေရတဲ့  ဘဝမျိုးကြီးကိုတော့ သိသိကြီးနဲ့ ဘယ်သူကနေချင်မှာလဲနော်။ မနေမဖြစ်နေရမယ့် အကြောင်းအရာတွေရှိနေလို့ ပေါ့ ။ ဘယ်လို အကြောင်းအရာတွေက သူတို့ ကို ဒီလိုဘဝမျိုးရောက်အောင်တွန်းပို့ သွားတာလဲဆိုတာကတော့ စဉ်းစားစရာပေါ့ နော်။


များသောအားဖြင့် ကြားရတာကတော့  အေးဂျင့် တွေကြောင့် ပါ။ တစ်ချို့ ဆိုပြောထားတဲ့ အလုပ်ကတစ်မျိုး ဒီရောက်တော့ လုပ်ရတဲ့ အလုပ်ကတစ်မျိုး၊ မိန်းခလေးတွေကိုလဲ ပို့ ချင်တဲ့ နေရာတွေပို့ ၊ ပိုက်ဆံတွေကိုလည်း မတရားဖြတ်စား၊ အစုံပါပဲ ကြားရတဲ့ သတင်းတွေကတော့  အဲလိုမျိုးတွေဖြစ်တော့  အမှန်သမားတွေကတော့  မမှန်တဲ့ သူတွေဘဝကို ချက်ချင်းရောက်သွားပါလေရောလား၊ ကဲ.. ဒါဆို တရားမဝင်နေထိုင်တဲ့ သူတွေမှာ အပြစ်ရှိလား။ ဘယ်သူတွေမှာများ အပြစ်ရှိနေတာလဲ။ ကိုယ့် နိုင်ငံမှာ အေးအေးဆေးဆေး မနေပဲ သူများနိုင်ငံကိုလာမိတဲ့  ကိုယ်တို့ တွေပဲ အပြစ်ဖြစ်နေတာလား။ တစ်ခုတော့ သိတယ် ဘယ်သူမှတော့  ကိုယ့် မိသားစု၊ ကိုယ့် မိဘကိုခွဲပြီးတော့  မနေချင်ကြတာတော့ အသေအချာပါပဲ။ ဘာကြောင့် ဒီလို သူများနိုင်ငံမှာ လာအလုပ်လုပ်နေတယ် ဆိုတာတော့  တစ်ဦးစီရဲ့ ရင်ထဲမှာ ခံစားချက်ကိုယ်စီရှိနေကြမှာပါ။ အော်..ငါ တော့ ဆက်ရေးရင်မလွတ်မလပ်တွေပါလာတော့ မယ်။ အော်ပရာစီ အကြောင်းပြန်ဆက်တာပေါ့ နော်။


အဲလိုနဲ့  ၁နာရီလောက်ထိုင်စောင့် နေတာ သူတို့ ကမပြီးနိုင်ဘူး၊ တဖြည်းဖြည်းနဲ့  ကိုယ်ရှိနေတဲ့ နေရာနားတောင်ရောက်လာတော့ မယ်ဆိုတော့  kl ဆိုတဲ့ နေရာကနေ အမြန်ထွက်မှ စိတ်ချရမယ် ဆိုတာကို သိလာပြီ။ ဒါနဲ့ မထူးဘူးဆိုပြီး အရဲစွန့် ပြီးပဲ သူတို့ မရှိနိုင်တဲ့ လမ်းကိုရွေးပြီး ကားမှတ်တိုင်ကို အမြန်ပြေးရပါတယ်။ တော်သေးတယ်.. ကိုယ်ရွေးတဲ့ လမ်းတွေမှာက ရှင်းတယ်၊ ကားမှတ်တိုင်ရောက်တော့ အရေးဆို ကားကမလာဘူး၊ ၁၅မိနစ်လောက်ရပ်စောင့် နေရသေးတယ်။ သူတို့ က နိုင်ငံခြားသား အများဆုံး အသွားအလာလုပ်တဲ့ နေရာတွေကိုသိထားတော့  အဲဒီ့ နေရာတွေကို ပတ်ပြီးဖမ်းနေတာ။ မကြာခင် ကိုယ်ရပ်နေတဲ့ နေရာကိုရောက်လာတော့ မှာသေချာတယ်။


အဲဒါနဲ့  ရတဲ့ ဘုရားစာတွေရွတ်ပြီး ကားရယ် မြန်မြန်လာပါတော့ ဆိုပြီးဆုတောင်းနေမိတာပါပဲ။ ကိုယ်စီးမဲ့ ကားလဲလာရော ပျော်လိုက်တာ မပြောပါနဲ့ တော့ ။ တခဏတာတော့  လုံခြုံတဲ့ နေရာလေးပါပဲ။ တခဏတာလို့ ဘာလို့ ပြောရတာလဲဆို တခါတလေ အဲဒီ့ ဖမ်းတဲ့ လူတွေက ဘတ်စ်ကားတောင် မရှောင်ဘူး တစ်စီးလုံး ကိုကားပေါ်ကဆင်းခိုင်းပြီး စစ်တာ၊ အဲလိုမျိုးလုပ်တာကို ကိုယ့် မျက်စိနဲ့  ကိုယ်တိုင်တွေ့ ဘူးတာဆိုတော့ ကြောက်ရပြန်ရော။ အဲဒီ့ တော့ တခဏတာ လုံခြုံမူ့ ပဲပေါ့ ။ ကားပေါ်ရောက်တော့ ဆုတောင်းရပြန်ရောလေ၊ အဲလိုမျိုး မဖြစ်အောင်လို့ ၊ ဘာလို့ လဲဆို ကိုယ့် ရဲ့ ကားက သူတို့ တွေစစ်နေတဲ့ နေရာကို ဖြတ်ပြီးမှ သွားလို့ ရမှာကိုး၊ အဲဒီ့ ဂိတ်က ထွက်တော့ မှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်တော့ တယ်။ ဟဲဟဲ.. မလေးရှားရောက်မှပဲ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ပိုပြီးယုံယုံကြည်ကြည်ကို အားကိုးလာတယ်။


တစ်ခုခုဆို ရသမျှ ဘုရားစာတွေရွတ်တော့ တာပဲ။ မလေးရှားက အော်ပရာစီတွေက ရီမိုးကို ကုသိုလ်တွေ အများကြီးရအောင်လုပ်ပေးနေတာလေ။ အခုဆို ဘုရားတရား အလုပ်ကို ပုံမှန်လုပ်တာထက်ကို ပိုလို့ ကိုလုပ်ဖြစ်နေတာ အမှန်ပါပဲ။ ဒီပို့ စ်လေး ကိုတော့  မလေးရှားရောက်မြန်မာတွေရင်ဆိုင်နေရတဲ့  အကြောင်းအရာတွေပါပဲ။ ဒီ့ ထက်ဆိုးတာ တွေလည်းရှိအုံးမှာပါ. ရီမိုးသိသလောက်လေးပဲ ရေးပြီး ပြောထားရတာပါ။ ဒီ့ ထက်ပိုပြီး သိလာတဲ့ အရာတွေရှိရင်လဲ ဘလောက်မောင်နှမတွေကို ပြန်ပြီးဖောက်သည်ချ ပေးပါအုံးမယ်။ အခုတော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်……

Saturday, March 20, 2010

ကြောက်ကြောက်နှင့် ရေးသောပို့ စ်

ဟိုတစ်နေ့ က စာလေးတစ်ခုဖတ်လိုက်တယ်၊ အမေးအဖြေလေးတစ်ခုပါ။ စာကြောင်းတစ်ကြောင်း စာလုံးတစ်လုံးဟာ ကိုယ့် အတွက်အရေးကြီးသလို စာဖတ်သူတွေ အနေနဲ့ လဲ အားတစ်ခုလဲ ဖြစ်နိုင်သလို အဆိပ်တစ်ခွက်လည်းဖြစ်နိုင်တယ်လို့ ဆိုလိုတဲ့  စကားလေးပါ။

အဲဒါလေးကို သွားတွေ့ တော့  စာရေးရမှာတောင် လန့် လာတယ်။ ကိုယ်ရေးတဲ့ စာတွေကို ဖတ်ပြီး ဖတ်တဲ့ လူတွေ တစ်မျိုးလက်ခံသွားရင် မကောင်းဘူးနော်။ ကောင်းတဲ့ ဘက်ကတွေးပြီး ကောင်းတာလေးတွေ လက်ခံပေးရင်တော့  အကောင်းဆုံးပေါ့ ။ ဒါပေမယ့်  အကောင်းဘက်ကနေပြီး မတွေးပေးရင်တော့  ရေးတဲ့ လူက အမှားလား၊ တွေးတဲ့  ဖတ်တဲ့  လူကအမှားလား။ ဘယ်လို ဆုံးဖြတ်ကြမှာလဲ။

ရီမိုး က အခုလို စာရေးတယ်ဆိုတာ က ကိုယ့် ရဲ့ ခံစားချက်လေးတွေ ချရေးလို့ ရလို့ ရယ်၊ ကိုယ်မြင်တာ ကိုယ်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်လို့ လဲ ပါတယ်။ ဒါပေမယ့် ကိုယ့် ရဲ့ အယူအဆက မှန်ချင်မှလည်း မှန်မယ်၊ အဲဒါတွေကို ဖတ်မိပြီး တစ်မျိုးလက်ခံတဲ့ လူတွေရှိနေရင်တော့  ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်တောင်ပူသွားသား၊ ဒါပေမယ့် လည်း စိတ်ထဲရှိတာလေးတွေကို တော့ မရေးပဲ မနေနိုင်လို့  အခုတောင် ရေးနေတာလေ။ ဒါကြောင့် ရေးမိတဲ့ စာသားတွေ၊ စာကြောင်းတွေထဲမှာ၊ အမှားပါတယ်ဆိုရင်လည်း လက်မခံကြပါနဲ့ ။ လက်ခံနိုင်တဲ့ အရာမျိုးပါတယ် ဆိုရင်တော့ လက်ခံနိုင်ပါတယ်။

ဒါကြောင့် ထင်တယ် ငယ်ငယ်တုန်းက ဆိုရင် အမေ က အချစ်ဝတ္ထုတွေဘာတွေ မဖတ်ခိုင်းဘူး။ ဖတ်တာကို မိရင် ကောင်းကောင်းကို အဆူခံရပြီ။ နင်တို့ က ဒီအရေမရ အဖတ်မရ စာတွေကို ဖတ်နေတယ်။ ကိုယ့် အတွက် ဘာမှ ကျန်မှာ မဟုတ်တာတွေကို စာမကျက်ပဲဖတ်နေလို့ တဲ့ ။ အဲလိုပြောတော့ ဖတ်ချင်နေတဲ့ ကိုယ်က ဆင်ခြေပေးတာ၊ အရေမရ အဖတ်မရတဲ့ စာအုပ်လည်း သူတို့ ကြိုးစားပမ်းစား အချိန်တွေ ခေါင်းခြောက်ခံပြီးရေးထားရတာလို့ ၊ သူတို့ ကို ဒီလောက်တော့  လက်ခံပေးရမှာပေါ့ လို့ ၊ ဖတ်ချင်နေတော့  ဆင်ခြေပေးတာလေ။ ဟုတ်တော့ လည်း ဟုတ်တယ်။ အမေတို့ ပြောတာ၊ စာကျက်ရမယ့် အရွယ်မှာ အဲလို တွေ ဖြစ်ကုန်တော့  ပညာရေးမှာ အနှောင့် အယှက် ဖြစ်ကုန်ကော။ ဒါတွေကြောင့် လို့ လဲပြောလို့ မရပါဘူး၊ အစစ အရာရာ ပြောင်းလဲလာတဲ့ ခေတ်ကြီးကြောင့် ဖြစ်မှာပါ။ ဘယ်သူမှ ထိန်းလို့ မရဘူးလေ။

ဒါပေမယ့် အခုကိုယ်က မတောက်တခေါက် အတွေ့ အကြုံလေးတွေကို ချရေးနေမိတော့ ၊ အမှားပါမှာ ကြောက်နေတယ်။ ကိုယ်ကပဲ အတွေးချော်နေတာလား မသိဘူးနော်။ တကယ်ကတော့  ကိုယ်ရေးလိုက်တဲ့ စာလုံးတိုင်း ဟာစာဖတ်သူအားလုံး အတွက် အကျိုးရှိပြီး၊ အသုံးဝင်တဲ့ စာလေးတွေဖြစ်ရင်တော့  အကောင်းဆုံးဖြစ်မှာပေါ့  နော်။ အဲလိုမျိုးလေးရေးနိုင် ရင်တော့ အလွန်ကောင်းမယ်နော်။ ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင်ရေးမယ်လို့ တော့  ဆုံးဖြတ်ထားပါတယ်။ ကိုယ်ရေးတဲ့ စာတွေက အဆိပ်ဖြစ်နေမှာကို ကြောက်လည်းကြောက်တယ်၊ ရေးလည်းရေးချင် လာတာနဲ့  ဒါလေးကို ကြောက်ကြောက်နဲ့  ရေးလိုက်ရပါသည်။

Friday, March 12, 2010

မမေ့ စေချင်ပါ။

အခုတစ်လော အလုပ်ကမအားတာနဲ့  စာကိုမရေးဖြစ်ပါဘူး။ စာရေးဖို့ အာရုံရလာရင် ပို့ စ် တင်ဖို့ အတွက်ကို အခက်အခဲ ဖြစ်နေရတာ။ ဘာလို့ လဲဆို ကိုယ့် မှာက သူများတွေလို လက်ပ်တော့  တို့ ဘာတို့ ကမရှိတော့  အိမ်မှာ စာရေးလာပြီး အလုပ်ရောက်တော့ မှ အလုပ်ချိန် ထဲကနေဖဲ့ ပြီး၊ ဖဲ့ ပြီးဆိုတာထက်ခိုးပြီးရေးရတယ်ဆို ပိုမှန်မယ်။ အဲဒီ့ တော့ အခုတစ်လော မန်နင်ဂျာက လာလာကြပ်နေတာနဲ့ အခက်အခဲတော်တော်ဖြစ်နေတာပါ။ ဒီနေ့ တော့  ဘယ်သူမှလဲမရှိတာနဲ့  စိတ်ထဲရှိတာလေးချရေးရင်း ပို့ စ် အသစ်မတင်နိုင်တာလေး အကြောင်းလေးကို ကိုယ့် ရဲ့ မောင်နှမတွေကို တောင်းပန်စကားလေး ဆိုရင်း ပြန်မှတ်မိအောင်လို့  ရေးပြီးတင်လိုက်တာပါ။


အရင်ကရေးထားဖူးတဲ့  အကုအညီတောင်းခံလွှာ ဆိုတဲ့ ပို့ စ်လေးထဲက လဲဗီး အကြောင်းလေးကို အရင်က ဖတ်ဖူးတဲ့  သူတွေကတော့ သိကောင်းသိကြမှာပါ။ အဲဒီ့ ပို့ စ်လေးတင်တုန်းက စိတ်ပူစွာနဲ့  အကြံဥာဏ်ပေးကြတဲ့  ကိုချစ်ဖေနဲ့ ကိုဏီ၊ လာရောက်ပြီး ဖတ်ပေးကြတဲ့  မောင်နှမတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဘာလို့ လဲဆို ဟိုတစ်နေ့ က အေးဂျင့် ရုံးကိုသွားပြီး အေးဂျင့် နဲ့ စကားပြောခဲ့ တာ တဝက်အောင်မြင်တယ်လို့ ပဲ ပြောရမှာပါပဲ။ ဘာလို့ တဝက်ပဲအောင်မြင်တယ်လို့ ပြောရသလဲဆို ပိုက်ဆံက ကိုယ့် လက်ထဲ ကိုမရောက်သေးလို့ ပါ။ ဒါပေမယ့် ကိုယ်ပြောတာကို သူ လက်ခံပြီး ညိုနိုင်းလို့ ရတယ်ဆိုရင်ပဲ တဝက်အောင်မြင်တယ်လို့ ဆိုနိုင်တယ်ထင်လို့ ပါ။ အဲဒါလောက်နဲ့ တင် ကိုယ့် ရဲ့ စိတ်က တော်တော်လေး ပျော်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့် လစာလေးတို့းလာမယ် ဆိုတော့ ပျော်တာပေါ့ နော်။ ကိုယ့် မောင်နှမတွေမုန့် ကျွေးလို့ ရရင် ကျွေးချင်ပါရဲ့ ။ အဲ… လစာတိုးတာကို ဘလောက်ပေါ်လာပြီး ကြွားတယ်လို့ တော့ မထင်လိုက်ကြပါနဲ့ ။ အရင်ပို့ စ် လေးမှာ ဝိုင်းပြီးစိတ်ပူပေးကြတဲ့  မောင်နှမတွေ အတွက် အခုလဲ ကိုယ်နဲ့ အတူ ပျော်နိုင်အောင် လို့  အသိပေးရခြင်းဖြစ်ပါတယ်။


ဝိုင်းဝန်းပြီး စိတ်ပူပေးကြလို့ လဲ အထူးကျေးဇူးတင်ပါတယ်။
ပို့ စ်အသစ်လေးတွေလဲ အတက်နိုင် ဆုံးရေးပြီးတင်နိုင်အောင်လဲ ကြိုးစားပါမယ်လို့ ။ မောင်နှမ တွေ အားလုံးလဲ ရီမိုး ကိုလည်း မေ့ မသွားဖို့  ပြောချင်ပါတယ်။ ဘလောက်တွေကို မလည်ဖြစ်တာကိုလည်း တောင်းပန်ချင်ပါတယ်။ အခုတော့ ဒီလောက်နဲ့ ပဲ အဆုံးသတ်ပါရစေ။

Thursday, February 18, 2010

နာခံလျှက်ပါ

အဖော်ဆိုတာမရှိ၊ တစ်ကိုယ်တည်းလျှောက်လှမ်းနေရတဲ့ 
ငါ့ ဘဝမှာ
မင်းရဲ့ အပြုံးက အားတစ်ခုပါ
အကြင်နာ အကြည့် ပါးပါးလေးမှာ
တွယ်တာစရာတွေနဲ့  ရစ်နှောင်ပြီး
ဝေဒနာတွေကိုတော့  မပေးပါနဲ့  ချစ်သူ……..


အရူံးဆိုတာကို မရချင်ပေမယ့် 
မင်းရဲ့ အမုန်းကို ခံယူဖို့ ငါမဝံ့ ရဲသေးပါဘူး
ဒါကြောင့် ……
မင်းဆုံးဖြတ်တဲ့  အဖြေတစ်ခုကို
ငါ့ ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ………


တကယ်ဆို……
ချစ်ခဲ့ ကြတဲ့  သက်တမ်းရှည်ကြီးမှာ
ငါစောင့် ထိန်းခဲ့ တဲ့  အရာတွေဟာ
မင်းအတွက် ချစ်သက်သေတွေပါပဲ………
အခုတော့ ………
မင်းရဲ့  အနေနီးပြီး သံယောဇဉ်ဖြစ်မိလို့ ပါ ဆိုတဲ့  ဆင်ခြေတစ်ခုနဲ့ 
မင်းကို မေ့ ဖို့ ငါကြိုးစားနေရပါပြီ


ကောင်းပါတယ် ချစ်သူ…..
အရာအားလုံး
မင်းသဘောပါ……….
မင်းသဘောပါ……….
မင်းသဘောပါ………
ငါ့  ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ…………



* ဟိုတစ်နေ့ က အသိအစ်ကိုတစ်ယောက်က သူ့ ရဲ့ အချစ်ရေး တစ်စွန်းတစ်စ ကိုရင်ဖွင့် လာတာနဲ့  သူ့ ခံစားချက်လေးကို မှီပြီး ဒါလေးကို ရေးဖြစ်သွားပါတယ်........

Monday, February 15, 2010

ဆရာမ

“ဟဲ့ … နင်တို့ တွေ သောင်းကျန်းလှချည်လား… ဆရာမတွေ အတန်းဝင်တာ နောက်ကျပြီဆို ဒီလိုပဲ မျောက်လောင်းတွေလားမသိဘူး၊ ကဲ… စာအုပ်ထုတ်တော့ “


ဒီလိုစကားလုံးမျိုး အမြဲ သုံးပြီး အော်ငြောက်တတ်တဲ့  ဆရာမ၊ စကားလုံး ကြမ်းကြမ်း တွေပဲအမြဲသုံးပြီး အမြဲ ပြောတတ်ပေမယ့်  စိတ်နှလုံးသား အလွန်ဖြူစင်ပြီး၊ တပည့် တွေအပေါ် အမြဲ ကြင်နာတတ်တဲ့  ဆရာမ၊ သင်္ချာ သင်တာမှာ အလွန်တော်တဲ့ ဆရာမ၊ ကျူရှင်မတတ်နိုင်ပါဘူးဆိုတဲ့  တပည့် တွေ ကိုအိမ်ခေါ်ပြီး သင်ပေးခဲ့ တဲ့ သူ၊ ဆိုးလှပါတယ်ဆိုတဲ့  ယောက်ျားလေး တပည့် တွေကို ပိုချစ်တတ်တဲ့ သူ၊ မိန်းခလေးတပည့် တွေကို သမီး တွေလို ပြောဆိုဆုံးမတတ်တဲ့ သူ၊ စာမေးပွဲ ဖြေတိုင်း နင်တို့ တွေ ငြိမ်ငြိမ်ဖြေ တစ်ယောက်နဲ့ တစ်ယောက် မကြည့် ကြနဲ့ ဆိုပြီး သူ့ ခလေး တွေ မဖြေနိုင်မှာ စိုးလို့ သူကိုယ်တိုင်လိုက်ပြောပြတဲ့ သူ၊ သူ့ ကိုယ်ခန္ဓာ ဝဝကြီး နဲ့  သူ့ တပည့် တွေ ကို လိုက်ရိုက်နေတဲ့  ဆရာမ၊


အခုတော့  ဒီလောကကြီး ကနေ အပြီးတိုင် စွန့် ခွာ သွားပြီတဲ့ ။ သူ့ တစ်သက်မှာ စာသင်တဲ့ အလုပ်ပဲလုပ်ပြီး၊ ဒီတပည့် တွေနဲ့ ပဲ နေလာခဲ့ တဲ့ သူ၊ ဘယ်ခုနှစ်က ဘယ်တပည့် ကိုမဆို သူမြင်ရင်မှတ်မိနေတတ်တာ သူ့ ရဲ့  အရည်အချင်းတစ်ခုလေပဲလား။ အခုတော့ သူချစ်တဲ့ သူ့ ရဲ့ ကျောင်း၊ စာသင်တဲ့ အလုပ်၊ သူချစ်တဲ့ သူ့ တပည့် ကို ထားခဲ့ ပြီး သူအရင်သွားနှင့် လေပြီ။


ဆရာမကောင်းရာသုဂတိလား ဖို့  တပည့် တစ်ယောက်ဖြစ်ခဲ့ တဲ့  ကျမ ဆုတောင်းနေပါတယ်…. အနေဝေးနေလို့  အသိနောက်ကျပေမယ့်  မမေ့ နိုင်တဲ့ အမှတ်တရ မြင်ကွင်းတွေကို ပြန်မြင်ယောင်ရင်း တပည့် တို့ သိပ်ချစ်ရတဲ့ ဆရာမကို ဒီနေရာကနေကန်တော့ ပြီး ဆုတောင်းပေးလိုက်ပါတယ်….