Thursday, December 9, 2010

အဘိဓါန်

ချစ်တယ် ဆိုတဲ့စကားကို
ခဏ၊ခဏ တော့ငါမပြောခဲ့ပါဘူး
မေးတိုင်းလည်း မဖြေခဲ့သလို
ပြောဖို့လည်း မကြိုးစားခဲ့ပါဘူး
မယုံရင်လည်းနေ မဆုံချင်လည်းနေပါတော့
တစ်ချို့ကပြောတဲ့ အချစ်အကြောင်းက
ငါ့အတွက်တော့ ဘာသာပြန်လွဲတဲ့ အဘိဓါန် တစ်ခုပါပဲ…….

1 comment:

  1. အချစ်ကဗျာ လှလှလေး ဖတ်သွားတယ် ညီမလေးရေ...
    လောလောဆယ်တော့ “ဘာသာပြန်လွဲတဲ့ အဘိဓါန် ” ပေါ့လေ..
    နောက်တော့လည်း..အဘိဓါန်ကောင်း တခုဖြစ်လာနိုင်မှာပါ...


    ( ချစ်စနိုး“စ”သွားသည်..။)

    ReplyDelete