Saturday, December 19, 2009

အရိုးသားဆုံးစကား

ဒီနေ့  စပြီး blog ဖွင့်  တာဆိုတော့  အမှတ်တရလည်းဖြစ်အောင် တစ်ခုခုလည်းရေးပြီးတင်ချင်တယ်။ ကြိုတင်ရေးထားတာကလဲ လတ်တလောမရှိဘူး ဖြစ်နေတော့  တော်တော်ကြာအောင် blog အလွတ်ကြီးကို ငုတ်တုတ်ထိုင်ကြည့် နေရင်း တစ်ခုခု ပြောချင်လာတာနဲ့  အခုတော့  စရေးဖြစ်ပြီပေါ့ ။ ဘာပြောချင်လာတာလဲဆိုတော့  ကျေးဇူးတင်စကားလေး ပြောချင်လာတာပါ။ ဒီ blog ဆိုတာကို စတင်မိတ်ဆက်ပေးတဲ့  လူတစ်ယောက်ကို ကျေးဇူးတင်ကြောင်းလေး အမှတ်တရပြောချင်တာပါ။ အခုလို ရေးချင်တာတွေ ချရေးနိုင်ဖို့  သိမ်းထားတဲ့  စကားတွေပေါက်ကွဲလို့ ရအောင်လို့  အများကြီးကူညီပေးထားတဲ့  ကျမလေးစားရတဲ့  ပုဂ္ဂိုလ် ကျေးဇူးပါ.... အထူးကျေးဇူးပါ..... blog ဆိုတာကို မလုပ်တက်လုပ်တက် လုပ်ထားတာကို နောင်လာရောက် လည်ပတ်ကြမယ့်  blog ချစ်သူများအားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း........

2 comments:

  1. စလျှောက်တော့.....ကြိုဆိုနေပါတယ်..
    ဆက်လက်တက်လှမ်းနိုင်ပါစေ....

    ReplyDelete
  2. ရေးရေး ညီမရေ ရေး သိမ်းဆည်းထားတဲ့ စကားလုံးတွေကို ချသာရေး

    ReplyDelete