Sunday, December 27, 2009

ရီမိုးပြည့် တို့ ထမင်းဝိုင်း

မနေ့ က ရီမိုးပြည့် တို့ ထူးဆန်စွာ အိမ်ကပ်တဲ့ နေ့ ပေါ့ ။ တကယ်တော့ ပိုက်ဆံမရှိတော့ လို့ အိမ်ကပ်နေတာဆို ပိုမှန်မယ်ထင်တယ်။ အဲဒီ့ တော့  အေးအေးဆေးဆေးပဲ အိပ်ယာက ကိုးနာရီကျော်မှထဖြစ်ပါတယ်။ အိပ်ပုပ်ကြီးတယ်လို့ တော့ မထင်လိုက်ကြပါနဲ့ နော်။ အမှန်တော့ ဒီလိုမအိပ်ရတာ မလေးရှားစရောက်ကတည်းကပါ။ ဒါကြောင့် နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။

ဒါနဲ့ အိပ်ယာကနိုးတော့ မျက်နှာတွေပါတွေသစ်ပြီး စတင်ပြီးတနေ့ တာလူပ်ရှားပြီပေါ့ ။ ရီမိုးတို့ က ကံကောင်းစွာ နေရတာက နှစ်ယောက်တည်းနေရတာ။ အင်း... မလေးရှားမှာ အလုပ်ကပေးတဲ့ အိမ်တွေမှာဒီလို နှစ်ယောက်ထဲနေရဖို့ ဆိုတာမလွယ်ဘူးလေ။ အလုပ်မှာက နိုင်ငံခြားသား အလုပ်သမားကလည်းကိုယ်တွေနှစ်ယောက်တည်းရှိလို့ လည်းဖြစ်မှာပေါ့ လေ။ ဒါနဲ့ ကိုယ်လည်း အတူနေတဲ့ အစ်မကို ဒီနေ့ အစ်မ အနားယူ သမီးချက်ကျွေးမယ်ဆိုပြီး လက်စွမ်းပြမယ်ပေါ့ ။

ဘာချက်ရင်ကောင်းမလဲစဉ်းစားပြီး ကြက်သားကလဲမစားချင်၊ စဉ်းစားရင်း.. ပဲကုလားဟင်းနဲ့ ငါးခြောက်ကြော် ချက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ စတင်ပြီးလက်စွမ်းပြပါပြီ... ထမင်းအိုးကိုအရင်တည်၊ ငါးခြောက်တွေကို အတုံးသေးလေးတွေခုတ်၊ ဆားနဲ့ ရေဆေး၊ ကြက်သွန်နီ၊ဖြူ တွေကိုပါးပါးလှီး၊ ပြီးတော့ ဆီအိုးတည်၊ စတင်ပြီးကြော်ပြီပေါ့ ။ ကြက်သွန်ကို အရင်ကြော် အဲဒီ့ ထိတော့ အစဉ်ပြေနေသေးပါတယ်။ ငါးခြောက်တွေကိုထည့် ကြော်၊ ပြီး ငါးငြုတ်သီးအကြမ်းမူန့် ကြော်တော့ မှပဲ၊ အိမ်ပေါ်ကအသံကြားရပါတယ်။ နှာချေသံပါ... ဟာ သွားပြီ.. သူဌေးတွေ အပြင်မထွက်သေးပါလား။ အော် ရီမိုးတို့ က သူဌေးတွေနဲ့  အတူနေရတာပါ။ အခုမှ သူတို့ ရှိနေမှန်းသိရတာ။ အဲဒီ့ အခိုးတွေဘယ်လိုပြောက်အောင်လုပ်ရမယ်မှန်းလည်းမသိတော့ ပါဘူး။ ဒီတိုင်းပဲထားပြီးကိုယ့် အလုပ်ကိုယ်ဆက်လုပ်နေတုန်း သူဌေးတွေ ဆင်းလာပြီး တချိုးတည်းလစ်တော့ တာပါပဲ။ အဟိ.. ပညာသားပါပါ အိမ်ကဆင်းသွားခိုင်းသလို ဖြစ်နေတယ်။ တော်သေးတယ် ဘာမှပြောမသွားလို့ ။

ဟင်းတစ်ခွက်တော့ ပြီးသွားပြီ၊ ပဲကုလားဟင်း ချက်မယ်ဆိုတော့  ပဲကိုပြုတ်၊ အဲဒီ့ ထဲထည့် မယ့် မုန်လာဥဖြူ၊ အာလူး၊ ရုံးပတေသီး၊ တွေကိုလှီးပေါ့ ၊ ပြီးတော့ မှ ဘာကိုဘယ်လိုအရင်ထည့် ရမလဲမသိတော့ ပါဘူး၊ မလေးရှားရောက်ကတည်းက ဒီလိုဖွယ်ဖွယ်ရာရာ ချက်မစားတာကြာပြီဆိုတော့ မေ့ ကုန်ပြီလေ။ အဲဒါနဲ့ အကုန်ရောပြီးပဲ ထည့် လိုက်တာပေါ့ ။ ရုံးပတေသီးကိုတော့  နောက်ဆုံးမှထည့် တာပေါ့ ၊ သူကနည်းနည်းပျော့ တယ်လေ။ အနူးလွယ်တော့ နောက်ဆုံးမှ ထည့်တာပါ။ အင်း.. ဘာပဲဖြစ်ဖြစ် ပဲကုလားဟင်းတော့ ရပါပြီ။

ဟင်းတွေအကုန်ရပြီဆိုတော့  စားဖို့ ပဲရှိတော့ တာပေါ့ ။ ဒါပေမယ့် လူတစ်ကိုယ်လုံးကတော့ ညစ်ပတ်နေပြီလေ။ သန့် ရှင်းရေးလေး ဘာလေးလုပ်ပြီး ရေမိုးချိုး၊ ထမင်းစားမယ်ကြည့် လိုက်တော့ အချိန်က ၂နာရီလောက်ဖြစ်နေပါပြီ။ အင်း... ပိတ်ရက်ဆို အချိန်တွေက မြန်လိုက်တာ။ အခုထိကိုမနားရသေးပါလား။ ထမင်းစားဖို့ ပြင်ဆင်ပြီး နှစ်ယောက်သား ထမင်းလက်ဆုံစားကြပါတယ်။ ချက်ထားတာကောင်းမကောင်းတော့ မသိပါဘူး၊ အတူနေတဲ့ အစ်မကစားတော့ စားရှာပါတယ်။ အားနာလို့ လားတော့ မသိ။ မိသားစုထမင်းဝိုင်းလဲမဟုတ်ပါဘူး၊ ဆရာကြီးမင်းသိ င်္ခရဲ့  မနောမယ ထမင်းဝိုင်းလဲမဟုတ်ပါဘူး၊ ရီမိုးပြည့် တို့ ထမင်းဝိုင်းလေးကတော့ စိုစိုပြေပြေနဲ့ ပဲအထမြောက်သွားပါတယ်... မိသားစု ထမင်းလက်ဆုံမစားရပေမယ့် လဲ၊ အတူနေ ညီအစ်မတွေ ထမင်းအတူစားရတာလဲ ကျေနပ်စရာလေးတစ်ခုပါပဲလေ...

2 comments:

  1. အော်..ရီမိုးပြည့်ရေ..ချက်လဲချက် ရေးလဲဆက်ရေး..

    ReplyDelete
  2. သူဌေးကို ငါးခြောက်ကြော်တို့ ငါးပိရည်ကျိုတို့နဲ့ ထမင်းဖိတ်ကျွေးကြည့်ပါလား...

    တော်နေကြာမှ လျှာလည်သွားအုံးမယ်...

းဝ)

    ReplyDelete