Monday, December 21, 2009

အာလာပသလ္လာပ

အခုရက်ပိုင်းအတွင်း ဆရာဖေမြင့်  ရဲ့  "ပြောတက်ဆိုတက် ပေါင်းသင်းတက်တဲ့ သူ" ဆိုတဲ့  စာအုပ်လေးကို ဖတ်နေတာ "ရင်းနှီးပျူငှာ စကားဆိုခြင်း" ဆိုတဲ့  အခန်းလေးကို ဖတ်ပြီးတော့  လူတစ်ယောက်ကို သွားသတိရမိပါတယ်။ အဲဒီ့  အခန်းလေးမှာ ရေးထားတာက အာလာပသလ္လာပ စကားပြောကြတာလေးကို ရေးထားတာပါ။ အာလာပသလ္လာပ စကားဟာအရေးကြီးတယ်လို့  တစ်ချို့ ကမထင်ကြပါဘူး။ ဒါပေမယ့်  ဒါဟာလည်း တစ်ဦးနဲ့  တစ်ဦး အပြန်အလှန် စကားပြောဆိုကြ၊ ရင်းနှီးမူ့  ရယူကြတဲ့  နေရာမှာ အရေးပါတဲ့  အကြောင်းလေးတွေရေးထားတာပါ။ ဟုတ်ပါတယ်.. ကျမတို့ တွေဟာ စတွေ့ တဲ့  ပထမဆုံးတွေ့ ဆုံကြတဲ့ အချိန်ဟာ တကယ်ကိုပဲ စိတ်ကိုကသိကအောက် ဖြစ်ကြပါတယ်။ သူများတွေတော့  မသိပါဘူး။ ကျမကတော့  အဲလိုမျိုး ဖြစ်ပါတယ်။ ရှက်သလိုလို၊ ကြောက်သလိုလို၊ အားနာသလိုလို နဲ့  ဘာပြောလို့ ပြောရမှန်းမသိပဲ ခြောက်ခြောက်သွေ့ သွေ့ ပဲ ကိုယ့်လမ်းကို ဆက်သွားကြပါတယ်။ ကြားခံအသိတစ်ယောက်က မိတ်ဆက်ပေးတာတောင် စကားမပြောရဲဘဲ ဆွံ့ အခဲ့ ကြတာ အကြိမ်ပေါင်းမနည်းပါဘူး။ ဒီလိုမျိုးဆို စကားပြောကောင်းတဲ့ လူ၊ စကားပြောတက်တဲ့ သူဘယ်ဖြစ်တော့  မလဲ။ အဲဒီ့  အခန်းလေး ကိုဖတ်နေရင်းနဲ့  ပြေးမြင်မိတဲ့  မျက်နှာလေး တစ်ခုရှိပါတယ်။ သူကတွေ့ တဲ့ နေရာ၊ တွေ့ တဲ့ လူနဲ့  စကားပြောနိုင်တဲ့  အရည်အချင်းအပြည့် ရှိပါတယ်။ ဘေးလူကြည့် ရင် ငယ်ပေါင်းကြီးဖော် လိုမျိုးပါပဲ။ ကျမတို့  ကသူ့ ကို သွက်တယ်လို့ ပဲမှတ်ယူထားခဲ့ တာပါ။ သူကသူပြောချင်ရာတွေပဲ စွတ်ပြောနေတာ မဟုတ်ပါဘူး၊ တစ်ဖက်လူနဲ့  သူနဲ့ ကို အပေးအယူတည့် တည့် ကိုပြောတာပါ။ တစ်ခါကသူနဲ့  တက်စ်စီ ငှားစီးပါတယ်။ တက်စ်စီပေါ်ရောက်တော့  ငါးမိနစ်တောင် မပြည့် ပါဘူး၊ သူစကားစပါပြီ။ တက်စ်စီမောင်းရတာ ဘယ်လိုလဲ... အခုဆီဈေးတွေနဲ့  ကိုက်ရဲ့ လား... ဘာညာနဲ့  သူကမေး တက်စ်စီ သမားကဖြေနဲ့  ပြောလာလိုက်တာ တက်စ်စီသမားရဲ့  မိသားစု အခြေအနေ၊ ဝမ်းရေးအတွက် ဘယ်လိုရုန်းကန်ရတယ် ဆိုတာတွေပါ အကုန်သိလာရပါတယ်။ တစ်လမ်းလုံး သူအဲလိုပြောလာလိုက်တာ သွားချင်တဲ့  နေရာရောက်တဲ့  အထိပါပဲ။ ကျမကတော့  နားထောင်သူသက်သက်ပါ။ အဲလိုလဲ မပြောတက်ပါဘူး။ အဲဒီ့  ခရီးကို ကျမတစ်ယောက်ထဲသာသွားမယ်ဆို အလွန်ပျင်းစရာကောင်းတဲ့  လမ်းခရီးဖြစ်နေမှာအမှန်ပါပဲ။ အခုလိုမျိုးမေးတာ ပြောတာကို စပ်စုတယ်လို့  ပဲကျမ၊ထင်မှတ်ခဲ့  တာပါ။ အဲဒီ့  တုန်းကဆိုလဲ သူ့  ကိုတော်တော်လျှာရှည်တယ်.. လျှောက်မေးနေတယ်လို့  ထင်ခဲ့  မိတယ်။ ကိုယ်ကသာ အဲလိုတွေးတာပါ တက်စ်စီ သမားကြည့် ရတာ သူ့ အကြောင်း သူ့ ခံစားချက်တွေ မေးနေ ပြောနေ ရတာကို ကျေနပ်ပြီး ပြုံးလို့ ရွှင်လို့ ပါပဲ။ ဆင်းရမယ့် နေရာရောက်တော့  လည်းပြုံးပြုံးရွှင်ရွှင်ပဲ နူတ်ဆက်ပြီးထွက်သွားတာပါပဲ။ ဒါတွေကို မေးလို့  စိတ်အနှောင့် မယှက်ဖြစ်ပုံကိုမပြပါဘူး။ အခု ဆရာဖေမြင့် စာအုပ်လေးရဲ့  ဒီအခန်းလေးကို ဖတ်မိတော့  အဲဒီ့  အကြောင်းအရာလေးရယ် သူ့ အပေါ် မြင်မိတဲ့  အမြင်တွေရယ်နဲ့  သူ့ ကိုသတိရသွားတာပါ။ သူဟာ အာလာပသလ္လာပ ပြောတဲ့  နေရာမှာ ကျွမ်းကျင်တယ် ဆိုတာကို အခုမှ သဘောပေါက် ပါတယ်။ သူ့ ရဲ့ အဲလို စကားပြောတာကို ကျမ တစ်ခါမှ မချီးမွမ်းဘူးပါဘူး၊ စကားပြောကောင်းတယ်လို့  လဲတစ်ခါမှ မထင်ခဲ့  ပါဘူး။ အခုတော့  သူ့ ကိုအတုယူသင့်  တယ်လို့ နားလည်လာပါတယ်။ သူဟာဘယ်နေရာကို သွားသွား စိမ်းတယ်ဆိုတာ မရှိတော့ ပါဘူး။ သူ့  အတွက် အားလုံးဟာ သူငယ်ချင်း အားလုံးဟာ ဆွေမျိုးသားချင်း ပါပဲ။ အဲလို သူ့ အတွက် အပမ်းမကြီးတဲ့  နူတ်ခွန်းဆက် စကားလေးတွေရယ်၊ အာလာပသလ္လာပ စကားလေးတွေပြောပြီး လောကကြီးကို သူကောင်းမွန်စွာ လျှောက်လှမ်းနေမှာ အမှန်ပါ။ ကျမတို့ တွေ တစ်ယောက်နဲ့  တစ်ယောက် ထိခိုက်မူ့  မရှိတဲ့  စကားမျိုးတွေ၊ ယဉ်ကျေးပျူငှာတဲ့  စကားမျိုးတွေနဲ့  ရင်းနှီးမူ့  ရယူမယ်ဆိုရင် အလွန်အေးချမ်းတဲ့  လူ့ အဖွဲ့ အစည်း တစ်ခုကို ပိုင်ဆိုင်လာနိုင်မယ်လို့  မျှော်လင့် မိပါတယ်။ ။
(သူ ဆိုတာ ကျမရဲ့  နှစ်ဝမ်းကွဲ အစ်မ တစ်ယောက်ပါ... အဲဒီ့  စာခန်းလေးကို ဖတ်ပြီး ဒီအတောအတွင်း သူ့ ကို သတိရနေပါ၍ ဒီစာလေးကို ရေးမိပါသည်။ ။)

3 comments:

  1. စုမြတ်ရေ အင်တာနက်ကြီးက ကိုယ့်ကွန်ပြူတာနဲ့ ကိုယ်ခုမှရလို့ လာဖတ်သွားပါတယ် တိုတိုလေးတွေပဲဖြစ်ဖြစ် ဆက်ရေးသွားပါဦး ဖတ်ရင်း ဆက်ဖတ်ချင်တာတွေ ရှိလာပါတယ် ဘ၀ထဲက အတွေ့ အကြုံလေးတွေ ပဲဖြစ်ဖြစ် ပေါ့..စောင့်ဖတ်နေပါတယ်.

    ReplyDelete
  2. နံဘေးက list ထဲမှာ ထည့်လို့ရပြီလို့ လာပြောတာပါ...

းဝ)

    ReplyDelete
  3. စာလာဖတ်သွားတယ် ညီမလေး

    ReplyDelete