Sunday, December 27, 2009

ရီမိုးပြည့် တို့ ထမင်းဝိုင်း

မနေ့ က ရီမိုးပြည့် တို့ ထူးဆန်စွာ အိမ်ကပ်တဲ့ နေ့ ပေါ့ ။ တကယ်တော့ ပိုက်ဆံမရှိတော့ လို့ အိမ်ကပ်နေတာဆို ပိုမှန်မယ်ထင်တယ်။ အဲဒီ့ တော့  အေးအေးဆေးဆေးပဲ အိပ်ယာက ကိုးနာရီကျော်မှထဖြစ်ပါတယ်။ အိပ်ပုပ်ကြီးတယ်လို့ တော့ မထင်လိုက်ကြပါနဲ့ နော်။ အမှန်တော့ ဒီလိုမအိပ်ရတာ မလေးရှားစရောက်ကတည်းကပါ။ ဒါကြောင့် နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။

ဒါနဲ့ အိပ်ယာကနိုးတော့ မျက်နှာတွေပါတွေသစ်ပြီး စတင်ပြီးတနေ့ တာလူပ်ရှားပြီပေါ့ ။ ရီမိုးတို့ က ကံကောင်းစွာ နေရတာက နှစ်ယောက်တည်းနေရတာ။ အင်း... မလေးရှားမှာ အလုပ်ကပေးတဲ့ အိမ်တွေမှာဒီလို နှစ်ယောက်ထဲနေရဖို့ ဆိုတာမလွယ်ဘူးလေ။ အလုပ်မှာက နိုင်ငံခြားသား အလုပ်သမားကလည်းကိုယ်တွေနှစ်ယောက်တည်းရှိလို့ လည်းဖြစ်မှာပေါ့ လေ။ ဒါနဲ့ ကိုယ်လည်း အတူနေတဲ့ အစ်မကို ဒီနေ့ အစ်မ အနားယူ သမီးချက်ကျွေးမယ်ဆိုပြီး လက်စွမ်းပြမယ်ပေါ့ ။

ဘာချက်ရင်ကောင်းမလဲစဉ်းစားပြီး ကြက်သားကလဲမစားချင်၊ စဉ်းစားရင်း.. ပဲကုလားဟင်းနဲ့ ငါးခြောက်ကြော် ချက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ စတင်ပြီးလက်စွမ်းပြပါပြီ... ထမင်းအိုးကိုအရင်တည်၊ ငါးခြောက်တွေကို အတုံးသေးလေးတွေခုတ်၊ ဆားနဲ့ ရေဆေး၊ ကြက်သွန်နီ၊ဖြူ တွေကိုပါးပါးလှီး၊ ပြီးတော့ ဆီအိုးတည်၊ စတင်ပြီးကြော်ပြီပေါ့ ။ ကြက်သွန်ကို အရင်ကြော် အဲဒီ့ ထိတော့ အစဉ်ပြေနေသေးပါတယ်။ ငါးခြောက်တွေကိုထည့် ကြော်၊ ပြီး ငါးငြုတ်သီးအကြမ်းမူန့် ကြော်တော့ မှပဲ၊ အိမ်ပေါ်ကအသံကြားရပါတယ်။ နှာချေသံပါ... ဟာ သွားပြီ.. သူဌေးတွေ အပြင်မထွက်သေးပါလား။ အော် ရီမိုးတို့ က သူဌေးတွေနဲ့  အတူနေရတာပါ။ အခုမှ သူတို့ ရှိနေမှန်းသိရတာ။ အဲဒီ့ အခိုးတွေဘယ်လိုပြောက်အောင်လုပ်ရမယ်မှန်းလည်းမသိတော့ ပါဘူး။ ဒီတိုင်းပဲထားပြီးကိုယ့် အလုပ်ကိုယ်ဆက်လုပ်နေတုန်း သူဌေးတွေ ဆင်းလာပြီး တချိုးတည်းလစ်တော့ တာပါပဲ။ အဟိ.. ပညာသားပါပါ အိမ်ကဆင်းသွားခိုင်းသလို ဖြစ်နေတယ်။ တော်သေးတယ် ဘာမှပြောမသွားလို့ ။

ဟင်းတစ်ခွက်တော့ ပြီးသွားပြီ၊ ပဲကုလားဟင်း ချက်မယ်ဆိုတော့  ပဲကိုပြုတ်၊ အဲဒီ့ ထဲထည့် မယ့် မုန်လာဥဖြူ၊ အာလူး၊ ရုံးပတေသီး၊ တွေကိုလှီးပေါ့ ၊ ပြီးတော့ မှ ဘာကိုဘယ်လိုအရင်ထည့် ရမလဲမသိတော့ ပါဘူး၊ မလေးရှားရောက်ကတည်းက ဒီလိုဖွယ်ဖွယ်ရာရာ ချက်မစားတာကြာပြီဆိုတော့ မေ့ ကုန်ပြီလေ။ အဲဒါနဲ့ အကုန်ရောပြီးပဲ ထည့် လိုက်တာပေါ့ ။ ရုံးပတေသီးကိုတော့  နောက်ဆုံးမှထည့် တာပေါ့ ၊ သူကနည်းနည်းပျော့ တယ်လေ။ အနူးလွယ်တော့ နောက်ဆုံးမှ ထည့်တာပါ။ အင်း.. ဘာပဲဖြစ်ဖြစ် ပဲကုလားဟင်းတော့ ရပါပြီ။

ဟင်းတွေအကုန်ရပြီဆိုတော့  စားဖို့ ပဲရှိတော့ တာပေါ့ ။ ဒါပေမယ့် လူတစ်ကိုယ်လုံးကတော့ ညစ်ပတ်နေပြီလေ။ သန့် ရှင်းရေးလေး ဘာလေးလုပ်ပြီး ရေမိုးချိုး၊ ထမင်းစားမယ်ကြည့် လိုက်တော့ အချိန်က ၂နာရီလောက်ဖြစ်နေပါပြီ။ အင်း... ပိတ်ရက်ဆို အချိန်တွေက မြန်လိုက်တာ။ အခုထိကိုမနားရသေးပါလား။ ထမင်းစားဖို့ ပြင်ဆင်ပြီး နှစ်ယောက်သား ထမင်းလက်ဆုံစားကြပါတယ်။ ချက်ထားတာကောင်းမကောင်းတော့ မသိပါဘူး၊ အတူနေတဲ့ အစ်မကစားတော့ စားရှာပါတယ်။ အားနာလို့ လားတော့ မသိ။ မိသားစုထမင်းဝိုင်းလဲမဟုတ်ပါဘူး၊ ဆရာကြီးမင်းသိ င်္ခရဲ့  မနောမယ ထမင်းဝိုင်းလဲမဟုတ်ပါဘူး၊ ရီမိုးပြည့် တို့ ထမင်းဝိုင်းလေးကတော့ စိုစိုပြေပြေနဲ့ ပဲအထမြောက်သွားပါတယ်... မိသားစု ထမင်းလက်ဆုံမစားရပေမယ့် လဲ၊ အတူနေ ညီအစ်မတွေ ထမင်းအတူစားရတာလဲ ကျေနပ်စရာလေးတစ်ခုပါပဲလေ...

Thursday, December 24, 2009

ဟိုးတစ်ချိန်က............................

ဟိုးတစ်ချိန်က...
အမေ့ ရဲ့ အော်ငေါက်တဲ့  အသံနဲ့  အိပ်ယာကနိုးခဲ့ ရတယ်...
အခုတော့ 
နိုးစက်က စည်းချက်သံနဲ့ ပဲ အိပ်ယာကနိုးခဲ့ ရတယ်။ ။

ဟိုးတစ်ချိန်က...
အမေ ချက်ပေး၊ ပြင်ဆင်ပေးတဲ့ မနက်စာထမင်းကြော်ကို စားခဲ့ ရတယ်...
အခုတော့ 
အိပ်မှုန်စုပ်ဖွားထပြီး ကော်ဖီတစ်ခွက်၊ ပေါင်မုန့် တစ်ချပ်ပဲစားနေရတယ်။ ။

ဟိုးတစ်ချိန်က...
အမေ ပြင်ဆင်ပေးတဲ့ ထမင်းချိုင့် လေးဆွဲပြီး အလုပ်သွားခဲ့ ရတယ်...
အခုတော့ 
အဝတ်အစား အမြန်လဲ ထမင်းချိုင့် ပြင်ဆင်ပြီး အလုပ်နောက်မကျဖို့ ပြေးနေရတယ်။ ။

ဟိုးတစ်ချိန်က...
အလုပ်ကအစဉ်မပြေမူ့ တွေကို အိမ်ပြန်ရောက်လို့ ဒေါနဲ့ မောနဲ့ ပြောသမျှကို နားထောင်၊ အာဗြဲကြီးနဲ့ အော်ငိုတာကို သည်းခံပေးခဲ့ တဲ့  အဖေ...
အခုတော့ 
အလုပ်က အစဉ်မပြေမူ့ တွေကိုပြန်ပြောရမယ့် လူမရှိ၊ နားထောင်ပေးမယ့် လူမရှိပဲ ယောင်ချာချာနဲ့  သက်ပြင်းတွေ စွတ်ချ ခေါင်းအုံးပေါ်မှောက်ငိုခဲ့ ရပေါ့ ။ ။

ဟိုးတစ်ချိန်က...
သွားရင်းလာရင်း အနှောင့် အယှက်ကြုံ ကြောက်လန့် တကြားပြေးသွား ကိုကြီးရေ လုပ်ပါအုံး ဟိုအကောင်နှောင့် ယှက်လို့ ၊ ဒီအကောင်နှောင့် ယှက်လို့ ဆိုပြီး အော်တိုင်တိုင်း အကာအကွယ်ပေးခဲ့ တဲ့ အစ်ကို...
အခုတော့ ...
ကြုံသမျှ အနှောင့် အယှက်၊ ကြုံသမျှ အနိုင်ကျင့် မူ့  ခါးဆီးပြီးဖြေရှင်း ကိုယ့် ဟာကို ရှောင်တိမ်းခဲ့ ရပေါ့ ။ ။

ဟိုးတစ်ချိန်က...
ရင်ထဲက ခံစားချက်တွေ၊ သူစိမ်းတွေကို ပြောလို့ မဖြစ်တဲ့ အရာတွေ အမြဲတမ်း ဖွင့် ဟတိုင်ပင်ရတဲ့  အစ်မ...
အခုတော့ 
ခံစားချက်တွေ ဖွင့် အန်ချဖို့  ယုံကြည်ရတဲ့ လူမရှိ။ ။

ဟိုးတစ်ချိန်က...
တစ်နေရာက အိမ်လေးတစ်အိမ်မှာ ည ၈နာရီဆို မိသားစု တမင်းအတူစား၊ စကားတွေပြောပြီး စည်ကားခဲ့ ဖူးပါရဲ့ ...
အခုတော့ 
တစ်နေရာရဲ့  အခန်းကျဉ်းလေးထဲမှာ တိတ်ဆိတ်ခြင်းတွေနဲ့  ခေါက်ဆွဲထုပ်လေးပြုတ်ပြီး ဗိုက်ပြည့် ရုံလေး စားလိုက်ရတယ်။ ။

ဟိုးတစ်ချိန်က...

ဟိုးတစ်ချိန်က...

အခုတော့ 
ဟိုးတစ်ချိန်က အရာတွေကို အမှတ်ရပြီး အမေရေ... အိပ်တော့ မယ်နော်...

Monday, December 21, 2009

အာလာပသလ္လာပ

အခုရက်ပိုင်းအတွင်း ဆရာဖေမြင့်  ရဲ့  "ပြောတက်ဆိုတက် ပေါင်းသင်းတက်တဲ့ သူ" ဆိုတဲ့  စာအုပ်လေးကို ဖတ်နေတာ "ရင်းနှီးပျူငှာ စကားဆိုခြင်း" ဆိုတဲ့  အခန်းလေးကို ဖတ်ပြီးတော့  လူတစ်ယောက်ကို သွားသတိရမိပါတယ်။ အဲဒီ့  အခန်းလေးမှာ ရေးထားတာက အာလာပသလ္လာပ စကားပြောကြတာလေးကို ရေးထားတာပါ။ အာလာပသလ္လာပ စကားဟာအရေးကြီးတယ်လို့  တစ်ချို့ ကမထင်ကြပါဘူး။ ဒါပေမယ့်  ဒါဟာလည်း တစ်ဦးနဲ့  တစ်ဦး အပြန်အလှန် စကားပြောဆိုကြ၊ ရင်းနှီးမူ့  ရယူကြတဲ့  နေရာမှာ အရေးပါတဲ့  အကြောင်းလေးတွေရေးထားတာပါ။ ဟုတ်ပါတယ်.. ကျမတို့ တွေဟာ စတွေ့ တဲ့  ပထမဆုံးတွေ့ ဆုံကြတဲ့ အချိန်ဟာ တကယ်ကိုပဲ စိတ်ကိုကသိကအောက် ဖြစ်ကြပါတယ်။ သူများတွေတော့  မသိပါဘူး။ ကျမကတော့  အဲလိုမျိုး ဖြစ်ပါတယ်။ ရှက်သလိုလို၊ ကြောက်သလိုလို၊ အားနာသလိုလို နဲ့  ဘာပြောလို့ ပြောရမှန်းမသိပဲ ခြောက်ခြောက်သွေ့ သွေ့ ပဲ ကိုယ့်လမ်းကို ဆက်သွားကြပါတယ်။ ကြားခံအသိတစ်ယောက်က မိတ်ဆက်ပေးတာတောင် စကားမပြောရဲဘဲ ဆွံ့ အခဲ့ ကြတာ အကြိမ်ပေါင်းမနည်းပါဘူး။ ဒီလိုမျိုးဆို စကားပြောကောင်းတဲ့ လူ၊ စကားပြောတက်တဲ့ သူဘယ်ဖြစ်တော့  မလဲ။ အဲဒီ့  အခန်းလေး ကိုဖတ်နေရင်းနဲ့  ပြေးမြင်မိတဲ့  မျက်နှာလေး တစ်ခုရှိပါတယ်။ သူကတွေ့ တဲ့ နေရာ၊ တွေ့ တဲ့ လူနဲ့  စကားပြောနိုင်တဲ့  အရည်အချင်းအပြည့် ရှိပါတယ်။ ဘေးလူကြည့် ရင် ငယ်ပေါင်းကြီးဖော် လိုမျိုးပါပဲ။ ကျမတို့  ကသူ့ ကို သွက်တယ်လို့ ပဲမှတ်ယူထားခဲ့ တာပါ။ သူကသူပြောချင်ရာတွေပဲ စွတ်ပြောနေတာ မဟုတ်ပါဘူး၊ တစ်ဖက်လူနဲ့  သူနဲ့ ကို အပေးအယူတည့် တည့် ကိုပြောတာပါ။ တစ်ခါကသူနဲ့  တက်စ်စီ ငှားစီးပါတယ်။ တက်စ်စီပေါ်ရောက်တော့  ငါးမိနစ်တောင် မပြည့် ပါဘူး၊ သူစကားစပါပြီ။ တက်စ်စီမောင်းရတာ ဘယ်လိုလဲ... အခုဆီဈေးတွေနဲ့  ကိုက်ရဲ့ လား... ဘာညာနဲ့  သူကမေး တက်စ်စီ သမားကဖြေနဲ့  ပြောလာလိုက်တာ တက်စ်စီသမားရဲ့  မိသားစု အခြေအနေ၊ ဝမ်းရေးအတွက် ဘယ်လိုရုန်းကန်ရတယ် ဆိုတာတွေပါ အကုန်သိလာရပါတယ်။ တစ်လမ်းလုံး သူအဲလိုပြောလာလိုက်တာ သွားချင်တဲ့  နေရာရောက်တဲ့  အထိပါပဲ။ ကျမကတော့  နားထောင်သူသက်သက်ပါ။ အဲလိုလဲ မပြောတက်ပါဘူး။ အဲဒီ့  ခရီးကို ကျမတစ်ယောက်ထဲသာသွားမယ်ဆို အလွန်ပျင်းစရာကောင်းတဲ့  လမ်းခရီးဖြစ်နေမှာအမှန်ပါပဲ။ အခုလိုမျိုးမေးတာ ပြောတာကို စပ်စုတယ်လို့  ပဲကျမ၊ထင်မှတ်ခဲ့  တာပါ။ အဲဒီ့  တုန်းကဆိုလဲ သူ့  ကိုတော်တော်လျှာရှည်တယ်.. လျှောက်မေးနေတယ်လို့  ထင်ခဲ့  မိတယ်။ ကိုယ်ကသာ အဲလိုတွေးတာပါ တက်စ်စီ သမားကြည့် ရတာ သူ့ အကြောင်း သူ့ ခံစားချက်တွေ မေးနေ ပြောနေ ရတာကို ကျေနပ်ပြီး ပြုံးလို့ ရွှင်လို့ ပါပဲ။ ဆင်းရမယ့် နေရာရောက်တော့  လည်းပြုံးပြုံးရွှင်ရွှင်ပဲ နူတ်ဆက်ပြီးထွက်သွားတာပါပဲ။ ဒါတွေကို မေးလို့  စိတ်အနှောင့် မယှက်ဖြစ်ပုံကိုမပြပါဘူး။ အခု ဆရာဖေမြင့် စာအုပ်လေးရဲ့  ဒီအခန်းလေးကို ဖတ်မိတော့  အဲဒီ့  အကြောင်းအရာလေးရယ် သူ့ အပေါ် မြင်မိတဲ့  အမြင်တွေရယ်နဲ့  သူ့ ကိုသတိရသွားတာပါ။ သူဟာ အာလာပသလ္လာပ ပြောတဲ့  နေရာမှာ ကျွမ်းကျင်တယ် ဆိုတာကို အခုမှ သဘောပေါက် ပါတယ်။ သူ့ ရဲ့ အဲလို စကားပြောတာကို ကျမ တစ်ခါမှ မချီးမွမ်းဘူးပါဘူး၊ စကားပြောကောင်းတယ်လို့  လဲတစ်ခါမှ မထင်ခဲ့  ပါဘူး။ အခုတော့  သူ့ ကိုအတုယူသင့်  တယ်လို့ နားလည်လာပါတယ်။ သူဟာဘယ်နေရာကို သွားသွား စိမ်းတယ်ဆိုတာ မရှိတော့ ပါဘူး။ သူ့  အတွက် အားလုံးဟာ သူငယ်ချင်း အားလုံးဟာ ဆွေမျိုးသားချင်း ပါပဲ။ အဲလို သူ့ အတွက် အပမ်းမကြီးတဲ့  နူတ်ခွန်းဆက် စကားလေးတွေရယ်၊ အာလာပသလ္လာပ စကားလေးတွေပြောပြီး လောကကြီးကို သူကောင်းမွန်စွာ လျှောက်လှမ်းနေမှာ အမှန်ပါ။ ကျမတို့ တွေ တစ်ယောက်နဲ့  တစ်ယောက် ထိခိုက်မူ့  မရှိတဲ့  စကားမျိုးတွေ၊ ယဉ်ကျေးပျူငှာတဲ့  စကားမျိုးတွေနဲ့  ရင်းနှီးမူ့  ရယူမယ်ဆိုရင် အလွန်အေးချမ်းတဲ့  လူ့ အဖွဲ့ အစည်း တစ်ခုကို ပိုင်ဆိုင်လာနိုင်မယ်လို့  မျှော်လင့် မိပါတယ်။ ။
(သူ ဆိုတာ ကျမရဲ့  နှစ်ဝမ်းကွဲ အစ်မ တစ်ယောက်ပါ... အဲဒီ့  စာခန်းလေးကို ဖတ်ပြီး ဒီအတောအတွင်း သူ့ ကို သတိရနေပါ၍ ဒီစာလေးကို ရေးမိပါသည်။ ။)

Saturday, December 19, 2009

အရိုးသားဆုံးစကား

ဒီနေ့  စပြီး blog ဖွင့်  တာဆိုတော့  အမှတ်တရလည်းဖြစ်အောင် တစ်ခုခုလည်းရေးပြီးတင်ချင်တယ်။ ကြိုတင်ရေးထားတာကလဲ လတ်တလောမရှိဘူး ဖြစ်နေတော့  တော်တော်ကြာအောင် blog အလွတ်ကြီးကို ငုတ်တုတ်ထိုင်ကြည့် နေရင်း တစ်ခုခု ပြောချင်လာတာနဲ့  အခုတော့  စရေးဖြစ်ပြီပေါ့ ။ ဘာပြောချင်လာတာလဲဆိုတော့  ကျေးဇူးတင်စကားလေး ပြောချင်လာတာပါ။ ဒီ blog ဆိုတာကို စတင်မိတ်ဆက်ပေးတဲ့  လူတစ်ယောက်ကို ကျေးဇူးတင်ကြောင်းလေး အမှတ်တရပြောချင်တာပါ။ အခုလို ရေးချင်တာတွေ ချရေးနိုင်ဖို့  သိမ်းထားတဲ့  စကားတွေပေါက်ကွဲလို့ ရအောင်လို့  အများကြီးကူညီပေးထားတဲ့  ကျမလေးစားရတဲ့  ပုဂ္ဂိုလ် ကျေးဇူးပါ.... အထူးကျေးဇူးပါ..... blog ဆိုတာကို မလုပ်တက်လုပ်တက် လုပ်ထားတာကို နောင်လာရောက် လည်ပတ်ကြမယ့်  blog ချစ်သူများအားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း........