Thursday, February 18, 2010

နာခံလျှက်ပါ

အဖော်ဆိုတာမရှိ၊ တစ်ကိုယ်တည်းလျှောက်လှမ်းနေရတဲ့ 
ငါ့ ဘဝမှာ
မင်းရဲ့ အပြုံးက အားတစ်ခုပါ
အကြင်နာ အကြည့် ပါးပါးလေးမှာ
တွယ်တာစရာတွေနဲ့  ရစ်နှောင်ပြီး
ဝေဒနာတွေကိုတော့  မပေးပါနဲ့  ချစ်သူ……..


အရူံးဆိုတာကို မရချင်ပေမယ့် 
မင်းရဲ့ အမုန်းကို ခံယူဖို့ ငါမဝံ့ ရဲသေးပါဘူး
ဒါကြောင့် ……
မင်းဆုံးဖြတ်တဲ့  အဖြေတစ်ခုကို
ငါ့ ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ………


တကယ်ဆို……
ချစ်ခဲ့ ကြတဲ့  သက်တမ်းရှည်ကြီးမှာ
ငါစောင့် ထိန်းခဲ့ တဲ့  အရာတွေဟာ
မင်းအတွက် ချစ်သက်သေတွေပါပဲ………
အခုတော့ ………
မင်းရဲ့  အနေနီးပြီး သံယောဇဉ်ဖြစ်မိလို့ ပါ ဆိုတဲ့  ဆင်ခြေတစ်ခုနဲ့ 
မင်းကို မေ့ ဖို့ ငါကြိုးစားနေရပါပြီ


ကောင်းပါတယ် ချစ်သူ…..
အရာအားလုံး
မင်းသဘောပါ……….
မင်းသဘောပါ……….
မင်းသဘောပါ………
ငါ့  ရင်ဘတ်ကြီးဖွင့် ပြီး နာခံလျှက်ပါ ချစ်သူ…………



* ဟိုတစ်နေ့ က အသိအစ်ကိုတစ်ယောက်က သူ့ ရဲ့ အချစ်ရေး တစ်စွန်းတစ်စ ကိုရင်ဖွင့် လာတာနဲ့  သူ့ ခံစားချက်လေးကို မှီပြီး ဒါလေးကို ရေးဖြစ်သွားပါတယ်........

Monday, February 15, 2010

ဆရာမ

“ဟဲ့ … နင်တို့ တွေ သောင်းကျန်းလှချည်လား… ဆရာမတွေ အတန်းဝင်တာ နောက်ကျပြီဆို ဒီလိုပဲ မျောက်လောင်းတွေလားမသိဘူး၊ ကဲ… စာအုပ်ထုတ်တော့ “


ဒီလိုစကားလုံးမျိုး အမြဲ သုံးပြီး အော်ငြောက်တတ်တဲ့  ဆရာမ၊ စကားလုံး ကြမ်းကြမ်း တွေပဲအမြဲသုံးပြီး အမြဲ ပြောတတ်ပေမယ့်  စိတ်နှလုံးသား အလွန်ဖြူစင်ပြီး၊ တပည့် တွေအပေါ် အမြဲ ကြင်နာတတ်တဲ့  ဆရာမ၊ သင်္ချာ သင်တာမှာ အလွန်တော်တဲ့ ဆရာမ၊ ကျူရှင်မတတ်နိုင်ပါဘူးဆိုတဲ့  တပည့် တွေ ကိုအိမ်ခေါ်ပြီး သင်ပေးခဲ့ တဲ့ သူ၊ ဆိုးလှပါတယ်ဆိုတဲ့  ယောက်ျားလေး တပည့် တွေကို ပိုချစ်တတ်တဲ့ သူ၊ မိန်းခလေးတပည့် တွေကို သမီး တွေလို ပြောဆိုဆုံးမတတ်တဲ့ သူ၊ စာမေးပွဲ ဖြေတိုင်း နင်တို့ တွေ ငြိမ်ငြိမ်ဖြေ တစ်ယောက်နဲ့ တစ်ယောက် မကြည့် ကြနဲ့ ဆိုပြီး သူ့ ခလေး တွေ မဖြေနိုင်မှာ စိုးလို့ သူကိုယ်တိုင်လိုက်ပြောပြတဲ့ သူ၊ သူ့ ကိုယ်ခန္ဓာ ဝဝကြီး နဲ့  သူ့ တပည့် တွေ ကို လိုက်ရိုက်နေတဲ့  ဆရာမ၊


အခုတော့  ဒီလောကကြီး ကနေ အပြီးတိုင် စွန့် ခွာ သွားပြီတဲ့ ။ သူ့ တစ်သက်မှာ စာသင်တဲ့ အလုပ်ပဲလုပ်ပြီး၊ ဒီတပည့် တွေနဲ့ ပဲ နေလာခဲ့ တဲ့ သူ၊ ဘယ်ခုနှစ်က ဘယ်တပည့် ကိုမဆို သူမြင်ရင်မှတ်မိနေတတ်တာ သူ့ ရဲ့  အရည်အချင်းတစ်ခုလေပဲလား။ အခုတော့ သူချစ်တဲ့ သူ့ ရဲ့ ကျောင်း၊ စာသင်တဲ့ အလုပ်၊ သူချစ်တဲ့ သူ့ တပည့် ကို ထားခဲ့ ပြီး သူအရင်သွားနှင့် လေပြီ။


ဆရာမကောင်းရာသုဂတိလား ဖို့  တပည့် တစ်ယောက်ဖြစ်ခဲ့ တဲ့  ကျမ ဆုတောင်းနေပါတယ်…. အနေဝေးနေလို့  အသိနောက်ကျပေမယ့်  မမေ့ နိုင်တဲ့ အမှတ်တရ မြင်ကွင်းတွေကို ပြန်မြင်ယောင်ရင်း တပည့် တို့ သိပ်ချစ်ရတဲ့ ဆရာမကို ဒီနေရာကနေကန်တော့ ပြီး ဆုတောင်းပေးလိုက်ပါတယ်….

Tuesday, February 9, 2010

ချဉ်ပေါင်ဟင်းရည်

ရီမိုး တို့ ကခြေမှာဗွေပါတယ်ပဲပြောပြော၊ ပိတ်ရက်ဆို အိမ်မှာမနေတာက အကျင့် တစ်ခုလိုများဖြစ်နေသလားပဲ၊ ဒီမှာကတစ်ယောက်ထဲ နေရတော့ ငြီးငွေ့ တာလဲပါမယ်။ အပြင်ကိုသွား သူငယ်ချင်းတွေနဲ့ တွေ့ ၊ အခုတရုတ်နှစ်ကူးက ရှိနေတော့  ရှော့ ပင် ထွက်ရတာလည်းကောင်းပေါ့ ။ ဒီလိုနဲ့ တစ်နေကုန် လျှောက်သွား၊ ညနေစောင်းတော့  အိမ်ပြန်ဖို့  ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့် ၊ အရေးဆို ဘတ်စ်ကားက ကိုယ်စောင့် နေတဲ့ မှတ်တိုင်မှာ မရပ်လို့  တစ်ခြားမှတ်တိုင်ကို မှီအောင်ပြေးရသေးတယ်။ တော်သေးတယ်၊ မှီလို့ ။


ဒီတစ်ကားလွတ်သွားရင် နောက်တစ်ကားကို တော်တော်ကြာအောင် စောင့် ရအုံးမှာလေ။ ဒီတော့ အလွတ်မခံနိုင်။ ကိုယ့် မှာက ကိုယ်ပိုင်ကားတွေပါတွေ မရှိတော့  ဒါပဲအားကိုးနေရတာမလား။ ဒီလိုနဲ့ ဘတ်စ်ကားပေါ် အလုအယက်တတ်(ထိုင်ခုံမရမှာစိုးလို့ ) အပြေးအလွှား တရုတ်မ တစ်ယောက်ဘေးမှာ အကျအနထိုင်ပြီး၊ အမောဖြေ၊ နောက်လမ်းတစ်လျှောက်အိပ်ငိုက်သွားမယ်ဆိုတဲ့  အစီအစဉ်နဲ့ ပေါ့ ။ တစ်နေကုန် သွားထားတော့  မောနေပြီလေ။ ကားကလည်း ကိုယ့် နေတဲ့ နေရာရောက်ဖို့ က ၄၅မိနစ်၊ ကားလမ်းပိတ်ရင် ၁နာရီ လောက်ကြာမှာဆိုတော့  အေးဆေးပဲလေ။ အိပ်ငိုက်ဖို့ ။


အဲလိုနဲ့ ခြေပစ်လက်ပစ် ထိုင်လိုက်တုန်း အနံ့  တစ်ခု နှာခေါင်းထဲကို စူးစူးရှရှ ဝင်လာပါရောလား။ မှန်းစမ်း... ဒါဘာနံ့ လဲ။ အဲ.... သိပြီ။ သိပြီ ”ချဉ်ပေါင်ဟင်းရည်” နံ့ ၊ သေချာပြီ ကားပေါ်မှာ ဒို့  ရွှေမြန်မာတွေပါလာပြီ။ ဘယ်ကဘယ်လိုသယ်လာတဲ့ ဟင်းရည်မှန်းမသိ၊ သေချာလည်း လုံအောင်မလုပ်၊ အဲကွန်းကားပေါ်မှာ ဆိုးလိုက်တာ မပြောပါနဲ့ တော့ ။ ဒီဟင်းကိုကြိုက်လည်းကြိုက်ပါတယ်။ ဒါပေမယ့် ကိုယ့် အချင်းချင်းတောင် ဒီအနံ့ ကို မခံနိုင်ပါဘူး။ တစ်ခြားလူတွေဆို မပြောပါနဲ့ တော့ ။ ကိုယ်တောင်ဒီလောက်ဆို ကိုယ့် ဘေးနားက တရုတ်မကတော့  နှာခေါင်းကို လက်နဲ့ ပိတ်ထားရတဲ့  အဆင့် ဖြစ်နေပါပြီ။


ကိုယ့်  ရွှေမြန်မာ တွေကလည်း ဂရုကိုမစိုက် အေးအေးဆေးဆေးပဲ၊ သူတို့ သယ်လာတာမဟုတ်သလိုပါပဲ။ ဘေးက တရုတ်မက ဘယ်လောက်မခံနိုင်ဖြစ်လာသလဲတော့ မသိပါဘူး။ ကိုယ့် ကိုတရုတ်အောင်းမေ့  လို့ ထင်ရဲ့ တရုတ်လိုပြောပြီး အတင်းတုတ်လိုက်သေးတယ်။ အဲ.. ကိုယ်ကတော့ တရုတ်စကားနားလည်လို့ တော့ မဟုတ်၊ သို့ ပေမယ့်  သူ့ မျက်နှာနဲ့ အမူအရာ ကိုကြည့် ပြီး ဒီအကြောင်းပြောတယ်ဆိုတာကို သိလိုက်ရတာပါပဲ။ သူ့ ခမျာ တော်တော် မခံနိုင်ဖြစ်နေပုံပါပဲ။


ကားကလည်းရှားတော့  ဒီကားပေါ်ကဆင်းပြီး နောက်တစ်ကားပြောင်း စီးဖို့ ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဆိုတော့ သူ့ မှာတော်တော် သည်းခံနေရတဲ့ ပုံ။ ကိုယ်လည်း ဟီး ဆိုပြီး တစ်ချက်ပဲ ရီပြလိုက်ရပါတယ်။ ဘာလုပ်ပြလို့ ပြရမယ်မှန်းလည်းမသိပါဘူး။ ကြားထဲက ကိုယ်ကဝင်ပြီး အားနာနေရတာပါ။ တကယ်ဆို အဲကွန်းကားပေါ်ကို ဒီလို အနံ့ ထွက်မယ့် ဟာတွေ သယ်မယ်ဆို သေချာလုံခြုံအောင်ထုတ်ပို့းသင့် တယ်ဆိုတာကို မသိတာလား၊ မသိချင်ယောင်ဆောင်တာလားတော့ မပြောတတ်ပါဘူး။


အကြောင်းတစ်မျိုးမျိုးကြောင့်  ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုပေမယ့်  မဖြစ်သင့် တဲ့ အရာလို့ မြင်ပါတယ်။ ကိုယ့် ဟာကို သယ်လာတာပဲ ဘာဖြစ်လဲဆိုတဲ့ စိတ်မျိုးနဲ့  ဆိုရင်တော့  ပိုလို့ တောင်ဆိုးပါသေးတယ်။ ကိုယ့် ကြောင့်  သူတစ်ပါးရဲ့ စိတ်ကို အနှောင့် အယှက်ဖြစ်စေတယ် ဆိုတော့  မကောင်းဘူးပေါ့ နော်။


အထူးသဖြင့် ရီမိုးကိုအနှောင့် အယှက်ဖြစ်ပါတယ်.. လမ်းမှာ အိပ်ငိုက်မယ်လို့ ကြံရွယ်ထားပါတယ်ဆိုမှ အဲဒီ့ အနံ့ ကြောင့် ဘယ်လိုမှကို အိပ်ငိုက်လို့ မရပါဘူး။ ဘယ်လောက်ဆိုးလဲဆို သူတို့ ကားပေါ်ကဆင်းသွားတာတောင် အဲဒီ့  အနံ့ က စွဲလို့ ကိုကျန်နေတော့ တာပါပဲ။ ကိုယ်ကလည်း  ဂိတ်ဆုံးထိ စီးရတာဆိုတော့  ပိုဆိုးတာပေါ့ ။ ဒီလိုအကြောင်းအရာက အသေးအမွှားလေးဆိုပေမယ့် ၊ ကိုယ့် လူမျိုးမျက်နှာငယ်ရသလိုပါပဲ။ သူတို့ တွေကို တခြားလူမျိုးတွေက အထင်သေးသလို အကြည့် မျိုးနဲ့ ကြည့် တာကို သူတို့ ကခံနိုင်ပေမယ့်  ကိုယ်ကမခံနိုင်၊ ဒါပေမယ့် ဘာမှလဲပြောလို့ မရတော့ ၊ ခေါင်းကိုသာ တွင်တွင်ခါပြီး၊ ကားပေါ်မှ ဆင်းသောအခါမြေပြင်ကိုခြေချမိသည်နှင့်  လေအစင်ကို တဝ ရူပြီး၊ အိမ်သို့ ပြန်ခဲ့ ရလေသတည်း။ ။

Friday, February 5, 2010

ကျရူံးခြင်း.........

အချစ်တစ်ခုမှာ မိန်းခလေးနဲ့ ယောက်ျားလေး ပြိုင်ရင်ဘယ်သူကနိုင်မယ်ထင်လည်း ချစ်သူ၊ တကယ်ဆို ရင်ထဲရှိ၊ရှိတဲ့ အတိုင်းပြောခွင့် မရှိတဲ့  မိန်းမသားတွေရဲ့ ဘဝကို ချစ်သူ နားမှလည်ပါစ။ တကယ်ဆို အမှတ်မထင်ဖြစ်ပေါ်ခဲ့ တဲ့  အချစ်တစ်ခုကို ငါကိုယ်တိုင် ပွင့် ပွင့်  လင်းလင်း ပြောဖို့ သတ္တိတွေပျောက်ဆုံးနေတယ်။


ဘေးကပြောတဲ့ စကားနဲ့  ချစ်သူရဲ့ စကား ဘယ်ဟာကို အတည်ယူရမှာလဲ။ ချစ်သူကိုလည်း မယုံရဲ၊ အဆက်အသွယ်လုံးလုံးဖြတ်ဖို့  လည်းကိုယ့် ဘက်ကမတက်နိုင်၊ ဒီလိုနဲ့  အချစ်တစ်ခုမှာ ကျရူံးတော့ မယ်ထင်ပါရဲ့ ။ အဲလိုတော့ လည်းအဖြစ်မခံနိုင်ဘူးချစ်သူ။ တိုင်းတပါးမှာ မိသားစုနဲ့ ခွဲပြီး ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ ကျမတို့ မိန်းမသား၊ မြန်မာမိန်းမသားတွေ အနေနဲ့  အများကြီး ထိန်းသိမ်းရတာတွေရှိတယ်။ ဒါကို လူမျိုးခြားဖြစ်တဲ့ ချစ်သူနားလည်နိုင်ပါ့ မလား။ ချစ်သူကို မချစ်ရဲ၊ မယုံရဲရတဲ့  အကြောင်းတွေထဲမှာ အဲဒါလဲပါနေခဲ့ တာ။ ရှင်ဟာမြန်မာတစ်ယောက်ဖြစ်လိုက်ရင် ဘယ်လောက်များကောင်းလိုက်မလဲ။ ချစ်သူရဲ့ လက်ကိုဆွဲပြီး ကျမ အရာရာ ရင်ဆိုင်နိုင်မှာပေါ့ ။


အခုတော့ ….. အရာရာကိုစဉ်းစားပြီး တွေးကြောက်ရင်း ကျမရူးချင်နေပြီချစ်သူ။ အရာရာကိုတွေးကြောက်နေတဲ့  ကျမကို ချစ်သူ စိတ်ညစ်နေပြီထင်တယ်။ လူတွေရဲ့ အပြောအဆိုခံရမယ့် အဖြစ်ကို ကျမမခံနိုင်သေးလို့ ပါ။ ကျမဘာဆိုဘာမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးဘူးချစ်သူ။


ကျမ ဒီကိုစရောက်ကတည်းက ချစ်သူရဲ့  ဂရုစိုက်မူ့ အောက်မှာ နေနေရတာ ကျမအတွက်လုံခြုံမူ့ တစ်ခုပါ… ချစ်သူရှိရင် ကျမရင်ထဲ လုံခြုံတယ်လို့ ခံစားရတယ်…ရှင်ကမြန်မာလို တစ်ခုခုတက်လာလို့ ပြောလိုက်တိုင်း ကျမ အရမ်းကို သဘောကျခဲ့ ရတာ။ ပြီးတော့  ရှင်က ငါကမြန်မာလေ နင်မသိဘူးလားလို့ ပြောလိုက်ရင် ကျမ အမြဲပြုံးမိတယ်။ နောက်ပြီး တစ်ရက် ရှင်ကျမကိုနောက်ပြီးတော့ ခွင့် တစ်လယူမယ်တဲ့ ၊ကျမက ဘာဖြစ်လို့ လဲမေးတော့  မြန်မာပြည်သွားမယ်လေတဲ့ ၊ နင့် အိမ်ကိုသွားမယ်တဲ့ ။ နင်က ငါ့ အိမ်ကို သွားတဲ့ ၊ အဲဒီ့ တုန်းက ကျမ ရှင့် ကို ရူးသွားပြီလားလို့ မေးခဲ့ တယ်။ အဲဒီ့ တုန်းက ကျမတို့ စရင်းနောက်ရင်းနဲ့  ပျော်ခဲ့ ကြတယ်နော်။ အဲဒီ့ အချိန်တွေကို ပြန်တမ်းတနေရပြီပေါ့ ။


တကယ်ဆို ကျမတို့  နှစ်ယောက်ကို ဂြိုလ်စိုး ကြီးတစ်ခုက ဆွဲဖယ်လိုက်တာလေများလား။ အခုတော့ ရှင့် မျက်နှာလည်း မမြင်ရတော့ ဘူး၊ ဆုံစည်း ဖို့ အတွက်ကို ကျမဆီကတောင်းခံပေမယ့်  ကျမကိုယ်တိုင်ရင်မဆိုင်ရဲဘူး ဖြစ်နေတယ်။ ခွင့် လွှတ်ပါချစ်သူ.. ကျမ ကြောက်တတ်တာဖြစ်မှာပါ… ရှင့် ကိုလဲမယုံနိုင်သေးတာလည်းဖြစ်မှာပါ….. တကယ်ဆို အချစ်မှာ ကံမကောင်းတတ်တဲ့ ကျမ အချစ်ကိုကြောက်နေတာဖြစ်မှာပါ….. အခုတော့ ကျမ ရှင့် ကိုလွမ်းနေရပြီပေါ့ …….



မှတ်ချက်.... အခုတစ်လောလွမ်းတာတွေများနေလို့  ရီမိုးပြည့် တို့ ကများလိုက်တာဖြစ်နေအုံးမယ်... အရင်ရေးခဲ့ တာက သူများရဲ့  ခံစားချက်လေးတစ်ခုပါ.... အခုကတော့ ခံစားမိတာကို အပြတ်ခံစားလိုက်တာပါ....

Saturday, January 30, 2010

ကျိန်စာသင့် နှလုံးသား

ဟိုးတစ်နေ့ က ဂစ်တာလေးပေါ်မှာ ပြေးဆော့ နေတဲ့  သူ့ ရဲ့  လက်လေးတွေကို သတိရနေမိတယ်။ သတိရဖို့  မကောင်းတော့ တဲ့  အခြေအနေဆိုတာကို သိနေပေမယ့်  တစ်ခါတစ်လေတော့ လည်း သူ့ ကိုလွမ်းနေမိတယ်။ သေချာတာကတော့  သူ့ ကို မေ့ လို့ မရသေးဘူး။ သူ့ ကို သိပ်ချစ်ခဲ့ မိတယ်ဆိုတာ သူတစ်ကယ် ကိုယ့် ကိုထားခဲ့ တော့ မယ် ဆိုတာသိတော့ မှ ကိုယ့် စိတ်ကို သိတော့ တယ်။ တစ်ကယ်ဆို စိုင်းစိုင်း သီချင်းထဲကလို စဖြတ်ခဲ့ တာက ကိုယ်ပြီးတော့  အပြင်းအထန်ခံစားနေရတာကလည်းကိုယ်။ အချိန်တွေလည်း တော်တော်တော့ ကြာနေခဲ့ ပါပြီ။ ခံစားနေရဆဲပါပဲ… သူ့ နဲ့ ဇာတ်လမ်းပြီးသွားတော့ မှ သူ့ ရဲ့  MTV မှာ သူနဲ့ ကိုယ့် ရဲ့  ချစ်အထိမ်းအမှတ်အဖြစ် သူလုပ်ပေးထားတဲ့  လက်စွပ်လေးကို ဝတ်ထားပြီး ဂစ်တာတီးနေတဲ့ သူ့ ပုံရိပ်ကို အတင်းလိုက်ဖမ်းနေမိတယ့် စိတ်ကို ဘယ်လို ထိမ်းချူပ်ရမလဲ။ စိတ်ဓာတ်ကျတဲ့ အချိန်ဆို သူ့ ကိုသတိရနေဆဲပါ… သူကတော့  ဘဝသစ်၊ အချစ်သစ်နဲ့  ပျော်နေမယ်ဆိုတာကိုသိပါတယ်။ ကိုယ်ကတော့  အချစ်မှာ ကျိန်စာသင့် ထားသလို အခုထိ အစဉ်မပြေဖြစ်နေဆဲပါ… သူ့ အပေါ်မှာ စိမ်းကားမိတဲ့  ကိုယ့် ရဲ့  အပြစ်တွေကို ဆေးကြောလို့  မပြီးနိုင်သေးပါဘူး။ အချစ်ကို ရင်မဆိုင်ရဲလောက်အောင်ကို ကြောက်နေရတယ်။ ဒါပေမယ့်  မချစ်ချင်ပါဘူးဆို အဲဒီ့  အချစ်ဆိုတာကလည်း ရောက်ရောက်လာတယ်။ ရှောင်ရတာလည်းမောတယ်.. ရှားရတာလည်းမောတယ်… ဟူး… အခုရေးနေရင်းတောင် မောလာပါလားနော်… သူ့ လောက်ကိုယ့် အပေါ်ချစ်တဲ့ သူမရှိတာလား။ သူ့ လောက်ကိုယ်ဘယ်သူမှကို မချစ်နိုင်တော့ တာလား… ဘာပဲဖြစ်ဖြစ် သူ့ ကိုမေ့ ပြစ်လိုက်ဖို့ ကတော့  အသေအချာပဲလေ…. ကြိုးစားနေဆဲပါ ချစ်သူ…..

Saturday, January 23, 2010

အချစ်စစ်ဆိုတာ စကားလုံးတွေ မလိုဘူး

ရီမိုးတို့ များ လက်ဆော့ ပြီး gtalk ပေါ်မှာ “ အချစ်စစ်ဆိုတာ စကားလုံးတွေ မလိုဘူး” လို့ ရေးထား လိုက်မိတာ အွန်လိုင်းပေါ်က သူငယ်ချင်းတွေက ဟုတ်လား၊ တကယ်လား နဲ့ လာလာ မေးကြတာ အမြဲပြန်ရှင်းရှင်းပြနေရတယ်။ တစ်ချို့ ကြတော့ လည်း စကားလုံးတွေမလိုဘူးဆို ကိုယ်ချစ်နေတာ ဘယ်သိတော့ မလဲတဲ့ ။


ဟုတ်ပါတယ်၊ သူပြောတာလည်း၊ ကိုယ်ကမှချစ်တယ်မပြောရင် သူဘယ်သိတော့ မလဲနော်။ ကိုယ်ပြောချင်တာကလည်း ဘာစကားတစ်ခွန်းမှ မပြောပဲ ဒီတိုင်းထိုင်ချစ်ပြခိုင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြောသင့် တဲ့ စကားကို ပြောပြီး အပြောနဲ့  အလုပ်နဲ့  ညီတာကို ပြောချင်တာ။ တစ်ချို့ ကြတော့  ပါးစပ်ကတော့  ချစ်နေလိုက်တာ၊ လုပ်ရပ်တွေကကြတော့  ကိုယ့် ချစ်သူ ကိုအမြဲ စိတ်ဆင်းရဲစေမယ် ဆိုရင် အဲဒါ တကယ်ချစ်တယ်ဆိုတာ ဟုတ်ပါ့မလား။ တကယ်ချစ်ပြီ ဆိုရင် စကားလုံးတွေထက် အမူအရာ တွေကပိုပြီး သက်သေပြနိုင်မယ်လို့ ထင်တယ်လေ။ အဲဒါကြောင့် လည်း အဲလို မျိုးလေးရေးထားမိတာ။


ခက်တာက အချစ်ဆိုတဲ့  အရာကို ဘယ်သူမှ သေချာသိတဲ့  အရာမဟုတ်တော့  ဘယ်သူမှ သေချာလည်း ရှင်းမပြနိုင်၊ ဒါပေမယ့်  မကြုံဘူး မဆုံဘူးတဲ့ သူလည်းမရှိဘူး။ ဘယ်သူမှလည်းသေချာ မပြောပြနိုင်ကြပြန်ဘူး။ လွယ်မလို ခက်တဲ့  အရာတစ်ခုဖြစ်နေတယ်။ အဲဒီ့ တော့ ရှင်းလေ ရူပ်လေနဲ့ ရီမိုးပြည့် တို့  အခုတစ်လော gtalk ပိတ်ထားရတဲ့  ဘဝကိုရောက်နေလေရဲ့ ။ စာကြောင်း အသစ်ပြောင်းရေးဖို့ တော့ လိုနေပြီပေါ့ ။ ဒီတစ်ခါတော့  ရှင်းပြရလွယ်တဲ့ စကားလုံး ပဲရွေးပြီးရေးရမယ်နဲ့ တူတယ်နော်...

Wednesday, January 20, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့  (၃)

နောက်တစ်နေ့ အိပ်ယာထတော့  ကျီးကန်းပါးစပ်နဲ့  ကျောက်ထပ်ကြီးကိုသွားတယ်။ ခြေထောက်ကနာမြဲနာနေတော့  ကျောက်ထပ်ကြီးကလည်းပြန်ရော ငိုတောင်ငိုရတယ်။ နောက်နေ့ ဆိုပြန်ရတော့ မယ်ဆိုပြီး လျှောက်သွားတာ ကိုယ့် ဟာကို တော်တော်ခံရတာ မသိဘူးဖြစ်နေတာလေ။ အဲလိုနဲ့ ညပြန်ရောက်ရော ပါလာတဲ့ ထဲက တစ်ယောက်က မပြန်ချင်သေးပါဘူးဆိုပြီး ထဖောက်ပါရော။ သူကမပြန်ချင်ပေမယ့် ကိုယ်တွေမှာက ပိုက်ဆံက မလောက်တော့ ပါဘူး၊ပြီးတော့  အပြန်ကားလက်မှတ်ကလည်း ကြိုဖြတ်ထားရတာ ဆိုတော့  ဘယ်လိုလုပ်ကြမလဲဆိုပြီး ခေါင်းချင်းရိုက်ပြီး တိုင်ပင်ရပါပြီ။ ဒါနဲ့  အဲဒီ့ သူငယ်ချင်းကပဲ ပိုက်ဆံကလည်း သူ့ မှာရှိသေးကြောင်း နောက်ပြီး ကားကိုလည်း သူပဲကြည့် စီစဉ်ပေးမယ် ပြောတာနဲ့  အဲဒီ့ မှာ ၂ ရက်လောက်ဆက်နေဖြစ်ပါတယ်။


အဲဒီ့ ၂ရက်မှာ သွားခဲ့ တဲ့  နေရာတွေက တော့  အစုံပါပဲ။ အမှတ်အရဆုံးဖြစ်နေတာကတော့  စွန်တောင်သွားတဲ့  လမ်းခရီးလေးပါ။ ကျိုက်ထီးရိုး ဘုရားကြီး ရဲ့  ပါဝင်တဲ့  တောင်တွေထဲမှာ အစွန်ဆုံး တောင်ဖြစ်လို့ စွန်တောင်လို့ ခေါ်တာပါလို့  သူငယ်ချင်းကပြောပါတယ်။ အဲဒီ့ သူငယ်ချင်းက တစ်ခေါက်ရောက်ဘူးတော့  အဲဒီ့  ကိုသွားတဲ့  လမ်းခရီး ကအလွန်လှကြောင်းပြောပါတယ်။ ဒါနဲ့ သွားချင်တယ်ဆိုတော့  ကျမရဲ့ ခြေထောက်အခြေအနေ ကိုစိုးရိမ်ကြပါတယ်။


အဲဒီ့ နေ့ မနက်က အိပ်ယာက နောက်ကျမှထဖြစ်ကြလို့  နေ့ လည်စာနဲ့  မနက်စာကိုပေါင်းစားလိုက်ရတာကိုတော့ မှတ်မိနေပါတယ်။ အဲဒီ့ အပြင် ကျမက ဖျားပါဖျားနေပါတယ်။ ခရီးသွားရင်းအဲလိုဖြစ်ဘူးတာ အဲဒီ့ တစ်ခါတည်းပါပဲ။ အဲလိုနဲ့  သွားရင်ကောင်းမလား မသွားရင်ကောင်း မလားစဉ်းစားရင်းနဲ့  သွားဖြစ်သွားပါတယ်။ စွန်တောင်ကိုက ရသေ့ တောင်ကိုပြန်ဆင်းပြီး အဲဒီ့ ကနေမှ တောင်တစ်တောင်ကို ထပ်တက်ရတာပါ။ အဲဒီ့ တော့ ရသေ့ တောင်ကို ပြန်ဆင်းရပါပြီ။


ကျမတို့ တွေက ရသေ့ တောင်ကို ကားလမ်းက မဆင်းပဲ တောလမ်းကဆင်းဖြစ်ပါတယ်။ အဲဒီ့ တောလမ်းက လမ်းတော့ ဖြစ်နေပါတယ်။ ဒါပေမယ့်  အသွားအလာ သိပ်မလုပ်ကြပါဘူး။ ဘုရားဖူးတွေ အကုန်လုံးက ရသေ့ တောင်ကို ကားလမ်းကပဲ ဆင်းကြတာ များပါတယ်။ ကျမတို့ လည်း အဲလိုပဲ ဆင်းမယ်ဆိုပြီးတော့ လာကြတာပါ။ ဒါပေမယ့်  တစ်နေရာမှာ ရသေ့ တောင်သို့  လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးတစ်ခုကိုတွေ့ တာနဲ့  ဆင်းကြည့် မယ်ဆိုပြီး ဆင်းကြတာပါ။


ကျမတို့  သွားတဲ့ အချိန်က နေ့ လည်လောက်ဖြစ်နေတဲ့  အတွက် နေကလည်းတော်တော်ပူနေတာကြောင့် တောလမ်းခရီးကိုရွေးလိုက်တာလည်းပါပါတယ်။ အဲဒီ့ လမ်းခရီး တစ်လျှောက်လုံး ကျမတို့  လူစုပဲရှိပါတယ်။ အကုန်လုံးသွားပြီးတော့ မှ လမ်းမှာဘယ်သူမှ မရှိတာရယ် လမ်းမှားမှာ ကြောက်တာရယ်နဲ့  တစ်ယောက်နဲ့ တစ်ယောက်မျက်ခြေမပျက်အောင် ကြည့် ပြီးသွားနေရပါတယ်။ သွားချင်တဲ့ စိတ်က ပြင်းပျနေလို့ လားတော့ မသိပါဘူး၊ကျမရဲ့  နေမကောင်းဖြစ်တာတွေ ဘယ်ရောက်နေမှန်းတောင်မသိပါဘူး၊ ဒူးခေါင်းနာတာလည်း တစ်ဖြည်းဖြည်း ပျောက်စပြုနေပါတယ်။


ရသေ့  တောင်ရောက်ပြီး စွန်တောင်ဘက်သွားတဲ့ လမ်းကို ဆက်လျှောက်ရပါပြီ။ သွားရတာတော့ တော်တော် လေးဝေးပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တော်တော်လေးကိုလှပါတယ်။ ရူ့ ခင်းအလှလေးတွေကြည့် ရင်းဓာတ်ပုံတွေရိုက်ရင်းနဲ့  လျှောက်လာလိုက်တာ စွန်တောင် ဘုန်းကြီးကျောင်းကိုရောက်ပါပြီ။


အဲဒီ့ ဘုန်းကြီးကျောင်းက လာသမျှ ဘုရားဖူးတွေကို ထမင်းကျွေးပါတယ်။ ကိုယ်တွေလည်းတောင်ပေါ်ရောက်ရော ထမင်းရော ဟင်းရောအဆင်သင့် နဲ့ ဘုန်းဘုန်းတွေက စောင့် နေတာပါ။ ကိုယ်တွေလည်း တစ်အံ့ တစ်သြဖြစ် နေတော့  ဘုန်းဘုန်းက ဘုန်းဘုန်းတို့ ကျောင်းကနေလှမ်းကြည့် ရင် ဒီကို ဘယ်သူတွေ လာနေတယ်ဆိုတာ အကုန်မြင်ရတယ်တဲ့ ၊ ကျမတို့ လာနေတာကိုမြင်တော့ မှ ထမင်းချက်ထားတာပါတဲ့ ၊ ကျမတို့ အဲဒီ့ ကိုရောက်တော့  ညနေစောင်းနေပါပြီ။ ရောက်လာတာနောက်ကျကြောင်းလည်းပြောပါတယ်။


အဲဒီ့ မှာမောမောနဲ့ ထမင်းစားပြီး ကိုယ်စားသမျှရော ကျောင်းက ရှိသမျှ ပန်းကန်တွေကို ဆေးပြီး ကုသိုလ်ယူခဲ့ သေးတယ်။ သန်းရှင်းရေးတွေဘာတွေလုပ်ပြီး တောင်ပေါ်မှာ လျှောက်လေ့ လာပါတယ်။ ရူ့ ခင်းတွေက အလွန်လှပြီးတော့  တောင်ပေါ်ကကြည့် လိုက်ရင် ကင်မွန်းစခန်းကို လှမ်းမြင်နေရပါတယ်။ ကားလမ်းတွေကိုလည်း လှမ်းပြီးမြင်နေရတာ တကယ်ကို ရူ့ မငြီးနိုင်အောင်ပါပဲ။ ဘုန်းဘုန်းကမိန့် တယ်၊ဘုန်းဘုန်းတို့ ဆို တောင်အောက်ကိုဆင်းချင်ရင် အဲဒီ့ တောလမ်းအတိုင်း ကင်မွန်းစခန်းကို ဆင်းတာပါတဲ့ ။ ဒီလောက်မတ်တဲ့  လမ်းလဲလုံးဝမရှိတဲ့ တောလမ်းခရီးကို ဘုန်းဘုန်းတို့ ဘယ်လိုများ အသုံးပြုပါသလဲလို့  စဉ်းစားစရာပါပဲ ။


စွန်တောင် ကိုအဲဒီ့ နေ့ ကရောက်တဲ့ ထဲမှာ ကိုယ်တွေ ကနောက်ဆုံးပါ။ တောင်ပေါ်ကပြန်ဆင်းတော့  ညနေ ၅နာရီကျော်နေပါပြီ။ ပြန်ဆင်းလာရင်းနဲ့ လမ်းကတစ်ဖြည်းဖြည်းမှောင်လာပါတယ်။ ကိုယ်တွေလဲကြောက်လို့ အမြန်လျှောက်လာလိုက်တာ၊ကိုယ်တွေရဲ့ ပြန်လာတဲ့ လမ်းတစ်လျှောက်ကို ခွေလေးတစ်ကောင်နောက်ကနေ လိုက်လာပါတယ်။ ဘယ်လိုမောင်းထုတ်ထုတ် မပြန်ပါဘူး၊ အဲဒါနဲ့  မောင်းမထုတ်တော့ ပဲ နောက်ကိုတောင် လှည့်  မကြည့် ရဲတော့ ဘဲ တစ်ချိုးတည်း ပြေးတာပါပဲ။


ရသေ့ တောင်နားရောက်ခံနီးတော့ မှ သိရတာက အဲဒီ့ ခွေးလေးက ဘုန်းဘုန်းတို့ မွေးထားတဲ့  ခွေးလေးဖြစ်နေပါတယ်။ အဲဒီ့ ခွေးလေးရဲ့ နောက်ကနေ ဘုန်းဘုန်းလိုက်လာတာလဲ၊ ကျမတို့ မမြင်ပါဘူး။ တောင်အောက်ရောက်ခံနီးမှ ဘုန်းဘုန်းနဲ့ အတူ အဲဒီ့ ခွေးလေး ကိုတွေ့ လိုက်လို့  သိရတာပါ။ ဘုန်းဘုန်းကတော့  အပြန်မှာ မှောင်ပြီး လမ်းပျောက်မှာစိုးလို့  အဖော်ထည့် ပေးလိုက်တာလေတဲ့ ။ ရသေ့ တောင်ကိုမြင်ရတော့ မှ ကဲ သွားကြတော့ သွားကြတော့  ဆိုပြီး ကျန်နေခဲ့ ပါတယ်။ ကိုယ်တွေလည်း ဘုန်းဘုန်းကို ဦးချပြီး ပြန်လာခဲ့ ပါတယ်။ ကိုယ်တွေ မနည်းဆင်းလာရတဲ့ လမ်းခရီးကို ဘုန်းဘုန်းဘယ်လိုများ ဒီလောက်မြန်အောင် ဆင်းလာပါလိမ့် လို့  တွေးနေမိပါတယ်။


ရသေ့ တောင်ကနေ ကားနဲ့ ပဲ တောင်ပေါ်ကိုပြန်တက်လာခဲ့ ကြပါတယ်။ တည်းတဲ့ ထမင်းဆိုင်လည်းရောက်ရော ဆိုင်ကလူတွေက ကိုယ်တွေကိုစိတ်ပူနေတာပါတဲ့ ။ ဘာလို့ လဲဆိုရင် သွားတဲ့ အချိန်က အရမ်းနောက်ကြနေပြီး ပြန်လာရင် အခက်အခဲကြုံနေမှာစိုးလို့ လို့ ပဲပြောပါတယ်။ ကိုယ်တွေကတော့  ဘာအခက်အခဲမှ မရှိပဲနဲ့ ပြန်ရောက်လာခဲ့ ပါတယ်။ ထူးဆန်းတာကတော့  ကျမရဲ့  ဒူးခေါင်းနာတာကော ဖျားတာပါ လုံးဝကိုပျောက်သွားတာပါ။ နောက်နေ့ မနက်မှာပြန်တော့ မှာဖြစ်သည့် အတွက် အဲဒီ့ ညကစောစော အိပ်ပြီး မနက်ကို အာရုံဆွမ်းထကပ်ပြီး ပြန်ဖို့ ကိုပြင်ဆင်ပြီး တောင်အောက်ကို ကားထွက်ချိန်အမှီပြေးရပါပြီ၊ ဘာလို့ လဲဆို ကားလက်မှတ်ကို ကြိုတင်လုပ်မထားလေတော့ သူများတွေထက်တော့  ပိုပြီးတော့ စိတ်ညစ်ရပါတယ်။ ကြုံရာကားလက်မှတ်ကိုဝယ်ပြီးတော့ ရန်ကုန် ကိုပြန်လာကြရပါတယ်။


ဘာပဲဖြစ်ဖြစ် တစ်သက်မှာ အဲဒီ့ တစ်ခါပဲ ကျိုက်ထီးရိုးမှာ ရက်အကြာဆုံးနေခဲ့ ရသည့် အပြင် စွန်တောင်ကိုလည်း အဲဒီ့ တစ်ခေါက်ပဲရောက်ဖြစ်တော့ သည်။ နောက်ပိုင်းသွားခဲ့ သော်လည်း စွန်တောင်သို့ မရောက်ဖြစ်တော့ ပါ။ ကျမတို့ ကျိုက်ထီးရိုးမှ ပြန်ရောက်ပြီး ၁ ပတ် ၂ ပတ် လောက်အကြာမှာ ကျိုက်ထီးရိုးတောင်ကြီး မီးလောင်ပါရောလား။ ကံကောင်းလို့  လွတ်သွားသည်လေ။ ခရီးစထွက်သည့် ရက်များနောက်ကြလျှင် ပါလောက်ပြီ၊ ဒါဆို မလေးရှားလည်း မရောက်နိုင်တော့ ပြီ၊ blog မှာလဲ စာမရေးနိုင်တော့ ပြီလေ။ အဲဒါကြောင့် အဲဒီ့  ခရီးစဉ်လေးကို အမှတ်ရနေသည်ဆိုရင်လည်းမမှားပေ။ ထို့ ကြောင့်  အမှတ်တရပုံရိပ်လေးတွေထဲက ပုံရိပ်လေးတစ်ချို့  အဖြစ် တင်ပြခြင်းဖြစ်ပါသည်။