Friday, March 12, 2010

မမေ့ စေချင်ပါ။

အခုတစ်လော အလုပ်ကမအားတာနဲ့  စာကိုမရေးဖြစ်ပါဘူး။ စာရေးဖို့ အာရုံရလာရင် ပို့ စ် တင်ဖို့ အတွက်ကို အခက်အခဲ ဖြစ်နေရတာ။ ဘာလို့ လဲဆို ကိုယ့် မှာက သူများတွေလို လက်ပ်တော့  တို့ ဘာတို့ ကမရှိတော့  အိမ်မှာ စာရေးလာပြီး အလုပ်ရောက်တော့ မှ အလုပ်ချိန် ထဲကနေဖဲ့ ပြီး၊ ဖဲ့ ပြီးဆိုတာထက်ခိုးပြီးရေးရတယ်ဆို ပိုမှန်မယ်။ အဲဒီ့ တော့ အခုတစ်လော မန်နင်ဂျာက လာလာကြပ်နေတာနဲ့ အခက်အခဲတော်တော်ဖြစ်နေတာပါ။ ဒီနေ့ တော့  ဘယ်သူမှလဲမရှိတာနဲ့  စိတ်ထဲရှိတာလေးချရေးရင်း ပို့ စ် အသစ်မတင်နိုင်တာလေး အကြောင်းလေးကို ကိုယ့် ရဲ့ မောင်နှမတွေကို တောင်းပန်စကားလေး ဆိုရင်း ပြန်မှတ်မိအောင်လို့  ရေးပြီးတင်လိုက်တာပါ။


အရင်ကရေးထားဖူးတဲ့  အကုအညီတောင်းခံလွှာ ဆိုတဲ့ ပို့ စ်လေးထဲက လဲဗီး အကြောင်းလေးကို အရင်က ဖတ်ဖူးတဲ့  သူတွေကတော့ သိကောင်းသိကြမှာပါ။ အဲဒီ့ ပို့ စ်လေးတင်တုန်းက စိတ်ပူစွာနဲ့  အကြံဥာဏ်ပေးကြတဲ့  ကိုချစ်ဖေနဲ့ ကိုဏီ၊ လာရောက်ပြီး ဖတ်ပေးကြတဲ့  မောင်နှမတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဘာလို့ လဲဆို ဟိုတစ်နေ့ က အေးဂျင့် ရုံးကိုသွားပြီး အေးဂျင့် နဲ့ စကားပြောခဲ့ တာ တဝက်အောင်မြင်တယ်လို့ ပဲ ပြောရမှာပါပဲ။ ဘာလို့ တဝက်ပဲအောင်မြင်တယ်လို့ ပြောရသလဲဆို ပိုက်ဆံက ကိုယ့် လက်ထဲ ကိုမရောက်သေးလို့ ပါ။ ဒါပေမယ့် ကိုယ်ပြောတာကို သူ လက်ခံပြီး ညိုနိုင်းလို့ ရတယ်ဆိုရင်ပဲ တဝက်အောင်မြင်တယ်လို့ ဆိုနိုင်တယ်ထင်လို့ ပါ။ အဲဒါလောက်နဲ့ တင် ကိုယ့် ရဲ့ စိတ်က တော်တော်လေး ပျော်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့် လစာလေးတို့းလာမယ် ဆိုတော့ ပျော်တာပေါ့ နော်။ ကိုယ့် မောင်နှမတွေမုန့် ကျွေးလို့ ရရင် ကျွေးချင်ပါရဲ့ ။ အဲ… လစာတိုးတာကို ဘလောက်ပေါ်လာပြီး ကြွားတယ်လို့ တော့ မထင်လိုက်ကြပါနဲ့ ။ အရင်ပို့ စ် လေးမှာ ဝိုင်းပြီးစိတ်ပူပေးကြတဲ့  မောင်နှမတွေ အတွက် အခုလဲ ကိုယ်နဲ့ အတူ ပျော်နိုင်အောင် လို့  အသိပေးရခြင်းဖြစ်ပါတယ်။


ဝိုင်းဝန်းပြီး စိတ်ပူပေးကြလို့ လဲ အထူးကျေးဇူးတင်ပါတယ်။
ပို့ စ်အသစ်လေးတွေလဲ အတက်နိုင် ဆုံးရေးပြီးတင်နိုင်အောင်လဲ ကြိုးစားပါမယ်လို့ ။ မောင်နှမ တွေ အားလုံးလဲ ရီမိုး ကိုလည်း မေ့ မသွားဖို့  ပြောချင်ပါတယ်။ ဘလောက်တွေကို မလည်ဖြစ်တာကိုလည်း တောင်းပန်ချင်ပါတယ်။ အခုတော့ ဒီလောက်နဲ့ ပဲ အဆုံးသတ်ပါရစေ။

No comments:

Post a Comment